သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-15
မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ရဲဘက်အကျဉ်း စခန်းတွေကို ပိတ်ပစ်ဖို့ အစီအစဉ် မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြော ကြားလိုက်ပါတယ်။
2014-10-14
လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ပိုမိုထိရောက်စွာ ပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံတဝှမ်းက အရပ်ဘက်အဖဲ့ွအစည်းတွေပါဝင်တဲ့ သုံးရက်ကြာ နှီးနှော ဖလှယ်ပွဲ ကို ရန်ကုန်မြို့ ခဝဲခြံမျက်မမြင်ကျောင်းမှာ မနေ့က ဖွင့်လှစ်ကျင်းပပါတယ်။
2014-10-14
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲ တင်သွင်းတဲ့ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။
2014-10-14
နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ် ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ယောက်ကို အပြစ်ကနေ လုံးဝကင်းလွှတ်ခွင့်ပေးဖို့အတွက် အဲဒီသတင်းထောက်တွေ ရဲ့ရှေ့နေက နေပြည်တော်မှာရှိတဲ့ တရားလွှတ်တော်ချုပ်ကို ဒီကနေ့ အယူခံတင်သွင်းခဲ့ပါတယ်။
2014-10-14
ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက သက်သေ အဖြစ် မြန်မာအလုပ်သမား ၃ ဦးကို စူရတ်ဌာနီ ခရိုင် ကော့စမွေတရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။
2014-10-14
မန္တလေးမြို့ ဆူပူအကြမ်းဖက်မှုအတွင်း သေ ဆုံးခဲ့တဲ့ ဦးစိုးမင်းထွေးအမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ ၄ ဦးကို လူသတ်မှု ပုဒ်မ ၃ဝ၂ အားပေး ကူညီမှု ပုဒ်မ ၁၁၄ နဲ့ မန္တလေးခရိုင်တရားရုံးက ဒီနေ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ဝ နှစ်စီ ချမှတ်ပြီး အိုးဘို အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပါတယ်။
2014-10-14
ကရင်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ ပူးပေါင်းပြီး ကော်သူးလေတပ်မတော် KAF ဖွဲ့စည်း တယ်ဆိုတဲ့ ထုတ်ပြန်ချက်ဟာ ကေအဲန်ယူ ကရင် အမျိုးသား အစည်းအရုံး ဗဟိုကော်မတီရဲ့ သဘောထား မဟုတ်ကြောင်း ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်က ဒီနေ့ ပြောလိုက်ပါတယ်။
2014-10-14
သတင်းမီဒီယာတွေအနေနဲ့ တပ်မတော်ရဲ့ သတင်းအချက်အလက်တွေကို အခက်အခဲမရှိ ရယူနိုင်ဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံစဉ် သဘောတူခဲ့တယ်လို့ သိရပါတယ်။
2014-10-14
ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရ တဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ၂ ဦးရဲ့ မိသားစုဝင်တွေ တည်းခိုနေတဲ့ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်က ထွန်းသွင် ပရိယတ္တိစာသင်တိုက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ် ဖွဲ့ဝင်တချို့ မနေ့ညက လာရောက်စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
2014-10-14
အမေရိကန်ပြည်ထောင်စုမှာ ထင်ရှားတဲ့ KFC ကြက်ကြော် မြန်မာနိုင်ငံမှာ ရောင်း ချတော့မယ်လို့ သိရပါတယ်။ KFC ကြက်ကြော်ဟာ အမေရိကန်မှာသာမက ကမ္ဘာတဝှမ်း က နိုင်ငံအတော်များများမှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ရောင်း ချနေတာပါ။
2014-10-14
မြန်မာကျောင်းသူကျောင်းသားတွေအတွက် ပညာရေးဆိုင်ရာ ကူညီရေးအစီအစဉ် တရပ်ကို မြန်မာအစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ အောက်တိုဘာ ၁၁ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2014-10-13
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံ သားနှစ်ဦး အသတ်ခံခဲ့ရတဲ့အမှုအပေါ် ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးပုံနဲ့ ပတ် သက်ပြီး အလွန်စိုးရိမ်မိကြောင်း ဗြိတိန်အစိုးရက ပြောပါ တယ်။
2014-10-13
မြန်မာနိုင်ငံမှာ ၂ဝ၁၃- ၁၄ ဘဏ္ဍာနှစ် အတွင်း ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တ ရာယ်တွေကြောင့် လူဦးရေနှစ်သိန်းနီးပါး ဒုက္ခရောက်ခဲ့ရပြီး တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ကိုးရာကျော် ပျက်စီးဆုံးရံှုးခဲ့ရတယ်လို့ ကချင်ပြည်နယ် သစ်တောနဲ့ သတ္တုဝန်ကြီး ဦးအောင်နိုင်က ပြောကြား လိုက်ပါတယ်။
2014-10-13
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်းကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကိစ္စကို မကြာခင်ရက်ပိုင်းအတွင်း မြန်မာ အစိုးရ တာဝန်ရှိသူတွေဟာ ထိုင်းနဲ့ ဗြိတိန်နိုင်ငံက တာဝန် ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ဒီနေ့ ပြောကြားပါတယ်။
2014-10-13
အစိုးရဘက်ဂျက်နဲ့ ဆောက်လုပ်နေတဲ့ အဆောက်အဦး၊ လမ်းတံတားစတဲ့ လုပ်ငန်းတွေရဲ့ အရည်အသွေးပြည့်မှီဖို့ လိုအပ်ပုံတွေနဲ့ ပတ်သက်ပြီး ကွင်းဆင်းလေ့လာတွေ့ရှိ ချက်တွေကို လွှတ်တော်ကိုယ်စားလှယ် ၂ ဦးက အမျိုးသား လွှတ်တော် ညွန်ကြားရေးမှူးချုပ်ထံ ဒီကနေ့ တင်သွင်းခဲ့ကြ ပါတယ်။