သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-16
အစိုးရသစ်နဲ့ တိုင်းရင်းသား အင်အားစုများအကြား အကျပ်အတည်း ဆိုတဲ့အမည်နဲ့ အစီရင်ခံစာ တစ်စောင်ကို လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2011-09-16
စက်တင်ဘာ (၂၁) ရက်နေ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ မြန်မာအစိုးရ တပ်တွေနဲ့ တစ်ရက်တာ အပစ်အခတ် ရပ်စဲဖို့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့က ကြေညာချက် ထုတ်ပြန်ပြီး ကမ်းလှမ်း လိုက်ပါတယ်။
2011-09-16
အင်းစိန်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဇော်လင်းထွန်းရဲ့ ကျန်းမာရေး အလွန် ဆိုးရွားနေတဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီကနေ့ တောင်းဆို လိုက်ပါတယ်။
2011-09-16
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိူးဖောက်မှုတွေ ဆက်လက် ရှိနေသေးတာကို စုံစမ်းစစ်ဆေးဖို့ နိုင်ငံတကာ ကော်မရှင်တရပ် ဖွဲ့စည်းရေး ကိစ္စ နဲ့ ပတ်သက်ပြီး ပေါ်တူဂီ နိုင်ငံက ထောက်ခံဖို့ မြန်မာ့အရေး လှုပ်ရှား နေသူတွေက တိုက်တွန်း လိုက်ပါတယ်။
2011-09-16
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုကို သက်တမ်း တစ်နှစ် ထပ်တိုးဖို့ အမေရိကန် အထက်လွှတ်တော်က စက်တင်ဘာလ (၁၃)ရက်နေ့က ဆုံးဖြတ် အတည်ပြု လိုက်ပါတယ်။
2011-09-16
မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေးအတွက် တိုင်းရင်းသားတွေ အနေနဲ့ တူညီတဲ့အသံ တစ်သံတည်း ထွက်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးသံ မစ္စတာ ဒဲရက် မစ်ချယ်လ်က တိုင်းရင်းသား အဖွဲ့တွေနဲ့ ဘန်ကောက်မြို့မှာ မနေ့က တွေ့ဆုံစဉ် အကြံပြု ခဲ့ပါတယ်။
2011-09-15
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာရေး အတွက် ခိုင်မာတဲ့ လုပ်ရပ်တွေ ချမှတ် ဆောင်ရွက်ပြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2011-09-15
ပြည်နယ် အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေး ယာယီ သဘောတူညီချက် အပေါ် UWSA အရာရှိများ ပန်ဆန်းမြို့မှာ ဒီကနေ့ ဆွေးနွေးကြတယ်လို့ သိရပါတယ်။
2011-09-15
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို မြင်တွေ့နေရပေမဲ့ ဒီအပြောင်းအလဲတွေ ဘယ်လောက်အထိ ခိုင်ခိုင်မာမာ ဖြစ်လာမလဲ ဆိုတာ လေ့လာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ပြင်သစ် သံအမတ်ကြီးက ဒီကနေ့ ပြောကြားလိုက် ပါတယ်။
2011-09-15
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတရပ်ကို နေပြည်တော် လွှတ်တော်ဝင်း အတွင်းက သဘင်ခမ်းမဆောင်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး ဒီမိုကရေစီနိုင်ငံ အဖြစ် ဆက်လက် လျှောက်လှမ်းမယ့် အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2011-09-15
"ကျမတို့ နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်ရှိနေပါပြီ။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမဲ့ ဒါကျမ လူသိရှင်ကြားပြောပြီး ဖြစ်ပါတယ်။ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ကျမ ယုံကြည်တယ်။ ဒီအပြောင်းအလဲတွေဟာ ပြည်သူအတွက် တိုင်းပြည်အတွက် အကောင်းဆုံး ဖြစ်အောင်လို့ ဘယ်ပုံဘယ်နည်းနဲ့ လုပ်မလဲဆိုတာ လူတိုင်းလူတိုင်းဟာ တာဝန်သိသိနဲ့ လေးလေးနက်နက် စဉ်းစားရမှာ ဖြစ်ပါတယ်။"
2011-09-14
ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Prayuth Chan-ocha နဲ့အဖွဲ့ဟာ မနေ့ညပိုင်းက မြန်မာနိုင်ငံကို ခရီးထွက်ခွာ သွားပါတယ်။
2011-09-14
မြန်မာက အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပတဲ့ အသက် (၁၉) နှစ်အောက် အာဆီယံ လူငယ် ဘောလုံးပြိုင်ပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ သွားရောက်ကြည့်ရှု အားပေးခဲ့ပါတယ်။
2011-09-14
သတင်းထောက် ကိုစည်သူဇေယျ ကို အီလက်ထရောနစ် ပုဒ်မ (၃၃-ခ) နဲ့ နောက်ထပ် ထောင်ဒဏ် (၁၀) နှစ် အင်းစိန်ထောင် အထူးတရားရုံးမှာ ဒီကနေ့ ညနေက အမိန့်ချမှတ် လိုက်ပါတယ်။
2011-09-14
ဒီမိုကရေစီရေး၊ လူ့အခွင့်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကဏ္ဍတွေမှာ တိုးတက်မှုရှိဖို့ ကိစ္စဟာ အမေရိကန် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးမှာ မဖြစ်မနေ အရေးကြီးတယ်လို့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။