သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-11
ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြ ဌာန်းထားတဲ့ အမျိုးသားပညာရေး ဥပဒေမူ ကြမ်းအပေါ် ကျောင်းသားထုတစ်ရပ်လုံးရဲ့ သဘောထားကို ထုတ်ပြန်နိုင်ဖို့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုအရေးပေါ် အစည်းအဝေးကိုကျင်းပဖို့ စီစဉ်နေကြောင်း ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေက ပြော ပါတယ်။
2014-10-11
ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းရဲ့ ကူညီထောက်ပံ့မှုနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဦးဆောင်ပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၁ ရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကနေ မနေ့ကအထိ ဆန်အိတ်ပေါင်း သုံးထောင်ကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
2014-10-11
အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်နိုင်ဖို့ အတွက် ပြည်နယ်နဲ့တိုင်း ၁၄ခုရှိ မြို့ နယ်ပေါင်း ၁၀၈ ခုက လူနေမှု စရိတ်တွေ ကို လာမယ့် နိုဝင်ဘာလမှာ စစ်တမ်းကောက်ယူသွားဖို့ ဒီနေ့နေပြည်တော်၊အလုပ် သမားဝန်ကြီးဌာနရုံးမှာ ဝန် ကြီးတွေနဲ့ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ ပူးပေါင်းပြုလုပ်တဲ့ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်ရေး အမျိုးသားကော်မတီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်ပါ တယ်။
2014-10-10
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗြိတိသျှကမ္ဘာ လှည့်ခရီးသွားစုံတွဲ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်း ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကို ထိုင်းဝန် ကြီးချုပ် ပရာယုချန်အိုချားက မနေ့က ကာကွယ် ပြောကြား လိုက်ပါတယ်။
2014-10-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဂုဏ်သိက္ခာကို ကျဆင်းစေတယ်ဆိုပြီး မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးအပေါ် တရားစွဲထား တဲ့အမှုကို ဆိပ်ဖြူမြို့နယ် တရားရုံးက ကြာသပတေးနေ့ မနေ့က ပယ်ချလိုက်ပါတယ်။
2014-10-10
အင်းစိန်ထောင်အတွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် အပါအဝင် နိုင် ငံရေး အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဒီမိုကရေစီ စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF က မြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2014-10-10
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လိပ်ကျွန်း (ခေါ်) ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအမှုကို တရား ဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေး ဖို့ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချူပ်ကြီး ပရာယု ချန်အိုချား ကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက ရန်ကုန်မြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2014-10-10
အစိုးရစစ်တပ်က ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA ကို ဒီလအတွင်း ထိုးစစ် ဆင်တိုက်ခိုက်ခဲ့တာကြောင့် ရှမ်းပြည်နယ်အလယ်ပိုင်း နဲ့ တောင်ပိုင်းက ဒေသခံ ၄ ဦး သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင်က ဒီကနေ့ ကြေညာချက်ထုတ်လိုက်ပါ တယ်။
2014-10-10
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိသျှစုံတွဲ အသတ်ခံရမှုမှာပါဝင် တဲ့ မြန်မာအလုပ်သမား နှစ်ဦးကို သွားရောက်တေ့ွဆုံခဲ့ တဲ့ မြန်မာသံရုံးအထူးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို အောက်တိုဘာလ ၉ ရက်နေ့ မနေ့ က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
2014-10-10
မြန်မာအစိုးရစစ်တပ်နဲ့ ဒီကေဘီအေ တပ်တွေ ဒီကနေ့ မနက် ၁၁ နာရီလောက် က ကရင်ပြည်နယ် ကော့ကရိတ် တောင် ပိုင်း ၃ မိုင်အကွာမှာရှိတဲ့ ရွာသစ်ကုန်းကျေးရွာမှာ တိုက် ပွဲဖြစ်ပွားခဲ့ပါတယ်။
2014-10-10
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗြိတိသျှ ကမ္ဘာလှည့် ခရီးသွားစုံတွဲ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး အမှုကို စုံစမ်းဖော်ထုတ်ရာမှာ ပွင့်လင်းမှု၊ တရားမျှတမှု ရှိရှိဆောင်ရွက်ဖို့ သမ္မတ ဦးသိန်းစိန်က ထိုင်းဝန်ကြီး ချုပ်ကို တိုက်တွန်းလိုက်တယ်လို့ နေပြည်တော် သမ္မတရုံးက RFA ကို ဒီကနေ့ ပြောပါတယ်။
2014-10-09
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကြား ဆက်သွယ်ရေးလမ်းမတွေ ဖေါက်လုပ်ရေး စီမံကိန်းကို မနေ့က စတင်လိုက်ပါတယ်။
2014-10-09
အကောင်အထည်ဖေါ် တည်ဆောက်ရေး လုပ်ငန်းတွေ အလွန်နှေးကွေးနေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူး စီးပွားရေးဇုန်စီမံ ကိန်း ပြန်လည်သက်ဝင်လှုပ်ရှား လာနိုင်အောင်၊ ထိုင်း စီးပွားရေးလုပ်ငန်းတွေကို စီမံကိန်းရဲ့ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ခွင့်ပြုဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ထိုင်း စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ တို့ သဘောတူညီလိုက်ကြပါတယ်။
2014-10-09
ထိုင်းနိုင်ငံ ခိုတောင်း ခေါ် လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထား တဲ့ မြန်မာနိုင်ငံသားတွေရဲ့အမှုကို တရားမျှမျှတတဖြစ်အောင် စစ်ဆေးဆောင်ရွက်ပေးဖို့အတွက် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားတွေက တိုကျိုမြို့က ထိုင်းသံရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2014-10-09
ခါကာဘိုရာဇီတောင်တက်ရင်း ပျောက်ဆုံး သွားတဲ့ တောင်တက်သမား ၂ ဦးကို ရှာဖွေနေရင်း အဆက်အသွယ်ပြတ် ပျောက် ဆုံးနေတဲ့ ထိုင်း B4 ရဟတ်ယာဉ်က မြန်မာလေယာဉ်မှူး ဦးအောင်မြတ်တိုးဟာ တောတွင်းတစ်နေရာမှာ ကွယ်လွန် သွားတဲ့အကြောင်း ရှာဖွေရေးဦးဆောင်နေတဲ့ ထူးဖောင်ဒေး ရှင်း အဖွဲ့က ဒီကနေ့ ပြောကြားလိုက်ပါတယ်။