သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-30
ထီးချိုင့်မြို့အထွက်နဲ့ အနီးတစ်ဝိုက် ကျေးရွာတွေမှာ AA၊ KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်နေပါတယ်။
2023-10-30
ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲအတွင်း MNDAA အဖွဲ့က စစ်ကောင်စီ တင့်ကားနှစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး အဲဒီတင့်ကားတွေဟာ ယူကရိန်းထုတ် တိုက်ခိုက်ရေးသုံး တင့်ကားတွေဖြစ်နေတယ်လို့ Militarnyi စစ်ရေးစာစောင်မှာ ဖော်ပြပါတယ်။
2023-10-30
တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ဆန်သယ်ယူခွင့် ပိတ်ဆို့ထားတာကြောင့် ဒေသတွင်းမှာ ဆန်ကို အကန့်အသတ်နဲ့သာ ဝယ်ယူလို့ရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-10-30
ကျားဖျန့်လိုခေါ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေး “ဝ”နဲ့ မိုင်းလားဒေသကို စစ်ကောင်စီရဲ့ ရဲ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်အခွန်အဖွဲ့တွေ ဝင်နိုင်ဖို့ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံပေါင်းပြီး ဖိအားပေးရပါမယ်။
2023-10-30
စစ်တွေမှာ အောက်တိုဘာ ၂၉ ရက်က ဖမ်းဆီးခံလိုက်ရတဲ့ စစ်တွေအခြေစိုက် DMG သတင်းထောက် ကိုထက်အောင်နဲ့ ညစောင့်ဝန်ထမ်း ကိုစိုးဝင်းအောင်တို့ မိသားစုနဲ့ အခုအထိ အဆက်သွယ်မရသေးဘူးလို့ ပြောပါတယ်။
2023-10-30
လှိုင်သာယာ၊ လှိုင်၊ အင်းစိန်နဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး ပစ်ခတ်သံတွေပါ ကြားခဲ့ရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
2023-10-30
မြိုင်မြို့နယ် ကင်းရွာနဲ့ ကန်ရပ်ကြီးရွာကို အောက်တိုဘာ ၂၉ မှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုရင်နှစ်ပါးနဲ့ ကလေးတစ်ဦးအပါ စုစုပေါင်း ငါးဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
2023-10-30
ကျုံပျော်မြို့နယ်က အသက် နှစ်ဆယ်အရွယ် လူငယ်တစ်ဦးဟာ စစ်ကောင်စီထံ လက်နက်ချပြီးနောက်ပိုင်း မန္တလေး PDF နဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျုံပျော်မြို့ ခလရ - ၃၆ တပ်ရင်းမှာ ခေါ်ယူစစ်ဆေးချိန် သေဆုံးသွားပါတယ်။
2023-10-29
လက်ရှိမှာ ဖမ်းဆီးခံလိုက်ရတဲ့ သတင်းထောက်နဲ့ ညစောင့်ကို စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
2023-10-29
စစ်ကောင်စီကို မြန်မာနိုင်ငံသားတွေ အမြဲဆန့်ကျင်နေတယ်ဆိုတာ ကမ္ဘာက သိစေချင်လို့ ဒီလှုပ်ရှားမှု လုပ်ခဲ့တာလို့ ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
2023-10-29
အောက်တိုဘာလ ၂၈ ရက်ညနေအထိ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ ၁၀၂၇ စစ်ဆင်ရေးစပြီး ၂၄ နာရီအတွင်း စစ်ကောင်စီ တပ်စခန်း ၄၀ ကျော်ကိုသိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
2023-10-29
၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့လှုပ်ရှားမှုတွေ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ အောက်တိုဘာ ၂၇ ရက် စလုပ်နေတယ်လို့ ဒေသခံတွေနဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်နေသူတွေက ပြောပါတယ်။
2023-10-29
စစ်အုပ်စုကို ပိတ်ဆို့အရေးယူပေးဖို့ ပြည်သူသုံးသောင်းနီးပါးရဲ့ လက်မှတ်နဲ့အတူ ပြည်တွင်း၊ ပြည်ပအရပ်ဘက်အဖွဲ့ သုံးရာကျော်က စင်ကာပူအစိုးရကို အောက်တိုဘာ ၂၉ ရက် ဒီနေ့အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။
2023-10-29
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် သမ္မတရဲ့ ပြောရေးဆိုခွင့်တာဝန်ယူခဲ့သလို ပြန်ကြားရေးဝန်ကြီးတာဝန်ပါ ထမ်းဆောင်ခဲ့သူ ဦးရဲထွဋ်ကို အောက်တိုဘာ ၂၈ ရက် ညပိုင်းမှာ ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
2023-10-29
မှတ်ပုံတင်ခွင့်ရထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ သတ်မှတ်ကာလအတွင်းမှာ ပါတီရုံးခန်းတွေဖွင့်ဖို့နဲ့ ပါတီဝင်ဦးရေမပြည့်ရင် ပါတီဖျက်သိမ်းမယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောပါတယ်။