သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-04
ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားဖို့အတွက် ဂုဏ် သိက္ခာရှိရှိနဲ့ အနိုင်ရအောင် ကြိုးပမ်းရမှာဖြစ်သလို အရံှုးကိုလဲ ဓမ္မဓိဋ္ဌာန်ကျကျလက်ခံနိုင်ဖို့ အရေးကြီး တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2014-10-04
နိုင်ငံသားဖြစ်ခွင့်မရသူတွေကို ယာယီဒုက္ခ သည်စခန်းတွေမှာ ဆက်လက်ထိန်းသိမ်း ထားရေးအပါအဝင် မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ်ဒုက္ခသည် များ ပြဿနာဖြေရှင်းရေး လုပ်ငန်းစီမံချက်အပေါ် စိုးရိမ်မှုတွေ ရှိကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက မနေ့ က ပြောကြားလိုက်ပါတယ်။
2014-10-04
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်များ အစည်းအဝေးမှာ ရှမ်းပြည်မြောက် ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်တပ်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပန်ကြားချက်ကို လိုက်နာခြင်းမရှိဘူးလို့ သုံးသပ်ကြောင်း SSA တောင်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလောင်စိုင်းက RFA ကိုပြောပါတယ်။
2014-10-03
ရခိုင်ပြည်နယ် မြေပုံမြို့နယ် တောင်ပေါ် ဒုက္ခသည်စခန်းမှာရှိတဲ့ ပန်းရောင်နိုင်ငံ သားကဒ်နဲ့ အစိမ်းရောင် "ပြုနိုင်ငံသား"ကဒ် ရရှိထားသူ ၂၀၉ ဦးကို နိုင်ငံသားဖြစ်ခွင့် မရသေးသူတွေနဲ့ သီးခြားစီနေရာချ ထားဖို့ မနေ့က နယ်စပ်ရေးရာဝန်ကြီးနဲ့ မြို့ခံတွေ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါတယ်။
2014-10-03
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ်နဲ့ DKBA ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တစ်ပတ်ကြာ ပိတ်ထားတဲ့ စာသင်ကျောင်း ၃၀ နီးပါးထဲက ၁၀ ကျောင်းကို ဒီနေ့ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
2014-10-03
လာမယ့် ဒီဇင်ဘာလကုန်လောက်မှာ ကျင်းပမယ့် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင် ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေး ချယ်ခံမယ့်သူတွေအနေနဲ့ ရန်ကုန်မြို့တော်ကော်မရှင်ထံ လာမယ့် အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ၁၄ ရက် အတွင်း အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဒီနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။
2014-10-03
ထိုင်းနိုင်ငံအတွင်း ဗြိတိသျှလူမျိုး ကမ္ဘာ့လှည့်ခရီး သည်စုံတွဲ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှာ ပြစ်မှုကျူးလွန်တယ်လို့ ဝန်ခံထွက်ဆို ထားသူ မြန်မာနိုင်ငံ သားနှစ်ဦးကို သွားရောက်တွေ့ဆုံပြီး၊ အမှုမှန်ပေါ်ပေါက်ရေး ကူညီဆောင်ရွက် ဖို့ ရှေ့နေနှစ်ဦး ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒီကနေ့ ညွှန်ကြားလိုက်ပြီလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။
2014-10-03
ရှမ်းပြည်နယ်အတွင်း အစိုးရတပ်ဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးသီးမြို့နယ် ထဲက တာဖာဆောင်းတပ်စခန်းကို ဒီကနေ့ အောက် တိုဘာ ၃ ရက်နေ့ မနက် ၁၀ နာရီမှာ SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့က ဆုတ်ခွာပေးလိုက်တဲ့ အတွက် နှစ်ဖက်ပစ်ခတ်မှုတွေ ရပ်စဲသွားပြီ ဖြစ် ပါတယ်။
2014-10-03
ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း သတင်းဌာနတွေက အမျိုးမျိုးရေးသားနေချိန်မှာ မနေ့ ကတော့ နေးရှင်းသတင်းစာက လူသတ်တရားခံတွေ့ပြီလို့ ထိုင်းရဲတပ်ဖွဲ့ ပြောဆိုကြောင်း ဖေါ်ပြခဲ့ပါတယ်။
2014-10-03
အမေရိကန်အစိုးရအနေနဲ့ ကလေးစစ်သား အသုံးပြုတဲ့ နိုင်ငံ ၉ နိုင်ငံစာရင်းထဲကနေ ၆ နိုင်ငံကို အရေးယူမှုတွေ လျှော့ပေါ့ပေးခဲ့ပေမဲ့၊ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ သုံးနိုင်ငံကိုတော့ ဆက်လက်ထည့်သွင်း ထားဆဲ ဖြစ်ပါတယ်။
2014-10-03
မြန်မာအစိုးရရဲ့ ဒီမိုကရေစီရေး ရဲ့ ပြုပြင်ပြောင်းလဲမှု အားထုတ်ချက်တွေကို ကုလသမဂ္ဂက ချီးကျူးလိုက်ပေမဲ့၊ ဘာသာ လူမျိုး ပဋိပက္ခတွေကနေ အကြမ်းဖက်မှုတွေ ထပ် မံပေါ်ပေါက်လာမယ့်အရေး အလေးအနက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ နောက်ဆုံးအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
2014-10-03
ရှမ်းတိုင်းရင်းသား လက်နက်ကိုင် တော် လှန်ရေးအဖွဲ့နှစ်ဖွဲ့က ခေါင်းဆောင်တွေနဲ့ ရှမ်းနိုင်ငံရေးပါတီ နှစ်ပါတီက ခေါင်းဆောင်တွေပါဝင်တဲ့ ရှမ်းခေါင်းဆောင်တွေဟာ ဘုံနားလည်မှုရရှိရေးသို့ ဆို တဲ့ခေါင်းစဉ်နဲ့ အောက်တိုဘာ ၂ ရက်နေ့ကစပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
2014-10-02
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ အစ္စလာမ်ဘာသာဝင် ၂၀ ကို နိုင် ငံတော်အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅(ည)၊ ပုဒ်မ ၅(ဋ) တို့နဲ့ တောင်ကြီးခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
2014-10-02
နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေ နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို မကွေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး က ထောင်ဒဏ် ၃နှစ်စီ လျှော့ချလိုက်ကြောင်း ဒီနေ့ အမိန့် ချမှတ်ခဲ့ပါတယ်။
2014-10-02
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက် ပိုင်းတပ်ဖွဲ့တွေနဲ့ အစိုးရတပ်ဖွဲ့တွေဟာ ဒီကနေ့ မနက်လင်းအားကြီးချိန်ကစလို့ ရှမ်းပြည်တောင် ပိုင်း ကျေးသီးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ် ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ အများအပြား ရှိတယ်လို့ သိရပါတယ်။