သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-02
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကာလမှာ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စဟာ အရေးကြီးတဲ့အတွက် ဘာမှအဖြစ်ခံလို့ မရတဲ့အခြေအနေမှာရှိတယ် လို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က ဒီနေ့ ပြောပါတယ်။
2015-10-02
ဒေါ်အောင်ဆန်းစုကြည်ကို မြစ်ကြီးနားမြို့ မနောကွင်းမှာ ဟောပြောခွင့်ပိတ်ပင်ခဲ့တာဟာ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကို ကြိုတင်ကာကွယ်တာဖြစ်ကြောင်း၊ NLD သာ မဟုတ်ပဲ တခြားမည်သည့် နိုင်ငံရေးပါတီအဖွဲ့အစည်းကို မှလည်း မနောကွင်းမှာ မဲဆွယ်စည်းရုံးခွင့် ပြုမှာ မဟုတ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း က ပြောကြားလိုက်ပါတယ်။
2015-10-02
ပဲခူးတိုင်းဒေသကြီး သာယာဝတီ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေ လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ ဆန္ဒရှိ မရှိ သာယာဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင်နဲ့ အကျဉ်းဦးစီးဌာနက စာရင်းကောက်ယူနေပါတယ်။
2015-10-02
မျိုးစောင့်ဥပဒေတွေကို မထောက်ခံတဲ့ ပါတီတွေကို မဲမထည့်ဖို့ ပြောဆိုနေ တာတွေဟာ အမျိုးဘာသာသာသ နာ စောင့်ရှောက်ရေးအဖွဲ့ကြီးရဲ့ ညွှန်ကြားမှုမဟုတ်ဘူးလို့ ဦးဆောင်ဆရာတော်တွေက မိန့်ပါတယ်။
2015-10-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ အစိုးရဖြစ်ခဲ့ရင် ပထမဆုံးလုပ်မယ့် အလုပ်က မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီတွေနဲ့ ဘယ်လိုသဘောတူညီချက်တွေ ချုပ်ဆိုထားသလဲ ဆိုတာကို ပြည်သူတွေကို ချပြဖို့လုပ်ဆောင်သွား မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2015-10-01
မြန်မာအစိုးရအနေနဲ့ နိုင်ငံမှာ ဆက်လက်ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ရပ်တန်းကရပ်ဖို့ လိုအပ်နေပြီလို့ ထိုင်းနိုင်ငံအခြေစိုက် Fortify Rights အဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2015-10-01
ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့မှာ မနက်ဖြန် ပြောကြားမယ့်စကားတွေကို သူ့အနေနဲ့ စောင့်ကြည့်လေ့လာမယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောကြား လိုက်ပါတယ်။
2015-10-01
ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အောက်တို ဘာလ ၁၅ ရက်နေ့မတိုင်ခင် ချွင်းချက်မရှိလွှတ်ပေးဖို့နဲ့ မလွှတ်ပေးရင် အစာငတ်ခံဆန္ဒပြမယ်လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းက သာယာဝတီအကျဉ်းထောင်ကနေ စက်တင်ဘာလ ၃၀ ရက် စွဲနဲ့ မနေ့က တောင်းဆိုကြေညာလိုက်ပါတယ်။
2015-10-01
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနဲ့ ညှိနှိုင်းဖို့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ SD ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။
2015-10-01
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်မှာ ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်း မှာ ၉သောင်းနီးပါးလောက် ပိုနေတယ်လို့ ရန်ကုန်တိုင်းဒေ သကြီး အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က ပြောပါတယ်။
2015-10-01
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ကြီးမှာ နိုင်ငံတဝှမ်း မဲပေးပိုင်ခွင့်ရှိသူစာရင်းဟာ ၃၃ ဒသမ ၅သန်းခန့် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ဦးသောင်းလှိုင်က RFA ကို ပြောပါတယ်။
2015-10-01
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက် ပွဲ အောင်အောင်မြင်မြင် ပြီးဆုံးဖို့အတွက် ရဲတပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ဘဲ ကြားနေ ဆိုတာကို ပြသဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ဇော်ဝင်းက ပြောလိုက်ပါတယ်။
2015-10-01
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း မှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲဆွယ်စည်း ရုံး ဟောပြောခွင့်မပြုကြောင်း ပြည်နယ်ရွေးကောက် ပွဲကော်မရှင်က မနေ့ညက အကြောင်းပြန်လိုက်ပြီး မနောကွင်းဝင်ပေါက် သုံးခုကို သော့ခတ်ပိတ်လိုက် ပါတယ်။
2015-09-30
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် အတွင်း အစိုးရတပ်နဲ့ KIA ကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ အစိုးရတပ်က မန်စီမြို့တွင်း ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာရပ်တန့်ဖို့ မြို့လူထု ၊အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တချို့က ပြည်နယ်ဝန်ကြီးချုပ်ထံ စာပေးပို့ခဲ့ပေမဲ့၊ အစိုးရ တပ်က ဆက်လက်ပစ်ခတ်နေတယ်လို့ မန်စီမြို့ခံတွေ က ပြောပါတယ်။
2015-09-30
တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာ-ယန်စီ ကုမ္ပဏီရဲ့ ကြေးစင်တောင် စပါယ်တောင် ကြေးနီထုတ်လုပ်တဲ့ လုပ်ကွက်ကနေထွက်ကျ လာတဲ့ ရေဆိုးတွေကြောင့် အနီးတဝိုက် ကချောင်းထဲမှာ ငါးတွေသေကြေ ပျက်စီးရတဲ့အပြင် လူရောကျွဲနွားတွေ အတွက်ပါ အန္တရာယ်များနေတဲ့အတွက် ဒေသခံတွေက ယန်စီကုမ္ပဏီ တာဝန်ရှိသူတွေကို ဒီနေ့တွေ့ပြီး အဲဒီကိစ္စ ကိုဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။