သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-28
ကယားပြည်နယ် လွိုင်ကော်မြို့ စက်မှုဇုန် (၂) ထဲမှာ အကြီးစား ခဲသတ္တုကုန်ချောစက်ရုံ တည်ဆောက်နေရာမှာ ဓာတုစွန့်ပစ်ပစ္စည်းတွေ စွန့်ပစ်မယ့်နေရာကို ကုမ္ပဏီဘက်က ဖော်ပြထားတာမရှိဘူးလို့ အဲဒီဒေသအရေး လေ့လာစောင့်ကြည့်သူတွေက ဝေဖန်ပြောဆိုနေပါတယ်။
2020-08-28
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု သိသိသာသာ ကြီးထွားလာတာကြောင့် ဒုက္ခသည်စခန်းတွေ အတွက်ပါ စိုးရိမ်စရာဖြစ်လာနေပြီး နိုင်နင်းအောင်လုပ်ဆောင်နေတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ ပြောလိုက်ပါတယ်။
2020-08-28
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ တပ်မတော်က ထိန်းသိမ်းထားစဉ် ဒေသခံ သုံးယောက် အသတ်ခံရတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ဘက်က စိစစ်ပေးမယ့်အကြောင်းနဲ့ ကျူးလွန်တယ်ဆိုပြီး စိစစ်တွေ့ရှိရရင် အရေးယူသွားမယ်ဆိုတဲ့ တုံ့ပြန်မှုရလိုက်တယ်လို့ တပ်မ ၉၉ တပ်မမှူးနဲ့ တွေ့ဆုံခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
2020-08-28
ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်ရပ်စ် ကူးစက်ပြန့်ပွားမှုတွေ များလာတဲ့အတွက် ပြည်သူတွေ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့ အင်တာနက် 4G အဆင့်တိုးမြှင့်ပေးဖို့ မင်းပြားလူငယ်များ အစည်းအရုံးက ဒီနေ့ သြဂုတ်လ ၂၈ ရက်နေ့မှာ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2020-08-28
ရခိုင်ပြည်နယ်ကနေ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်က ရဲအရာရှိသင်တန်းကျောင်း ရောက် ရဲအရာရှိတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် သင်တန်း အတူတက်နေသူ ၁၁၉ ယောက်ကို ဒီကနေ့ ထပ်မံစစ်ဆေးသွားမယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်းက ပြောပါတယ်။
2020-08-28
ကျန်းမာရေးဝန်ကြီးဌာနရဲ့ သြဂုတ်၂၈ရက် မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ ကိုရိုနာ ဗိုင်းရပ်စ် အတည်ပြုလူနာ ၂၁၇ ဦး ရှိလာတဲ့အတွက် မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စုစုပေါင်း ၆၂၈ ဦး အထိရှိလာပါတယ်။
2020-08-27
ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့လယ်မှာ ကျင်းပခဲ့တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနား တက်ရောက်ခဲ့သူ ဒေါ်စိန်ထွေးကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ ဖောက်ဖျက်မှုနဲ့ ကျောက်တံတားမြို့နယ် တရားရုံးက ဒီနေ့ သြဂုတ် ၂၇ ရက်နေ့မှာ ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်ပါတယ်။
2020-08-27
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းတဲ့ “အခုလို ကပ်ရောဂါကာလမှာ အသေးစား ချေးငွေလုပ်ငန်း Micro Finance ကုမ္ပဏီတွေကနေ ငွေချေးထားသူတွေအတွက် ပြန်ဆပ်ရမဲ့ငွေကို၊ ကာလတစ်ခုအထိ ဆိုင်းငံ့ထားဖို့နဲ့ အတိုးနှုန်းကင်းလွတ်ခွင့် လျှော့ချ ခွင့်တွေပေးရေးအဆို” ကို ဒီကနေ့ ပြည်သူ့လွှတ်တော် မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲနည်းတဲ့အတွက် မှတ်တမ်း အဖြစ်သာ ထားရှိဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2020-08-27
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ ဒေါ်ဝင်းမြမြကို ကန့်ကွက်ကြောင်း ဒေသခံတချို့က လက်မှတ်ရေးထိုးပြီး တောင်းဆိုထားပေမယ့် ကိုယ်စားလှယ်လောင်း နေရာ အပြောင်းအလဲလုပ်သွားမှာ မဟုတ်ဘူးလို့ ပါတီဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောလိုက်ပါတယ်။
2020-08-27
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်မှာ ကျေးလက် လမ်းတိုးချဲ့ ဖောက်လုပ် တာက ထွက်ရှိလာတဲ့ စွန့်ပစ်မြေစာပုံတွေကြောင့် မြေပြိုပြီး ဖူးနွမ်းကျေးရွာက တောင်သူ ၁၉ ဦး ပိုင်တဲ့ ပန်းသီးစိုက်ခင်း ၂၃ ဧက လောက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
2020-08-27
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ စွဲဆိုခံထားရတဲ့ မန္တလေးက ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို စွဲချက်တင်ဖို့ အမရပူရမြို့နယ် တရားရုံးက ဒီကနေ့ သြဂုတ် ၂၇ ရက်နေ့မှာ ခွင့်ပြုလိုက်ပါတယ်။
2020-08-27
ကိုရိုနာအန္တရာယ် ကာကွယ်ရေးအတွက် ကျေးရွာရန်ပုံငွေ ကောက်ခံခဲ့တဲ့ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ထုံးကုန်းကျေးရွာမှာ ရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။
2020-08-26
လန်ဒန်မြို့အခြေစိုက် မြန်မာလူ့အခွင့်အရေးကွန်ရက် BHRN က ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး Nowhere to Run in Burma မြန်မာပြည်မှာ ပြေးစရာနေရာမရှိ လို့ အမည်ပေးထားတဲ့ အစီရင်ခံစာတစောင်ကို သြဂုတ်လ ၂၆ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။
2020-08-26
ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း မလေးရှားနိုင်ငံမှာ ဒုက္ခရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေထဲက ၁ဝဝ ကျော် မနေ့က နေရပ်ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အလုပ်လုပ်ခွင့် သက်တမ်းကျော်ပြီး ဒဏ်ကြေးမဆောင် နိုင်လို့ မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံနေရသူတွေလည်း ရှိနေပါတယ်။
2020-08-26
စစ်ကိုင်းတိုင်း ကလေးခရိုင်မှာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်နှစ်ဦးကို မုဒိမ်းပြုကျင့်ခဲ့တဲ့အတွက် သက်ငယ်မုဒိမ်းမှုနဲ့ ထောင်ဒဏ် ၄၃နှစ်ကျခံဖို့ ကလေးခရိုင်တရားရုံးက ဆုံးဖြတ်ထားတာကို စစ်ကိုင်းတိုင်းတရားလွှတ်တော်က ထောင်ဒဏ်၁၇ နှစ်ပဲ ကျခံဖို့ ပြစ်ဒဏ်လျှော့ပေါ့လိုက်ပါတယ်။ ဒါကို မကျေနပ်လို့ အရပ်ဘက်အဖွဲ့အစည်းတချို့က ကလေးမြို့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။