သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-30
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် က ကျေးရွာ ၅ ရွာမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေ ဧက နှစ်ထောင်ကျော် ပြန် လည်ရရှိဖို့အတွက် လယ်သမား ၂ဝဝ လောက် က ဒီနေ့ ပန်းတနော်မြို့နယ် မြေစာရင်း ရုံးရှေ့မှာ ဆန္ဒပြတောင်းဆို ကြပါတယ်။
2015-09-30
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက် မြို့နယ် ကျောက်ဝကျေးရွာအုပ်စုနဲ့ ရုံးပင်ကျေးရွာ အုပ်စုက ပြည်ခိုင်ဖြိုး ပါတီဝင် ၂ဝဝ လောက် ဟာ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ပါတီဝင်တွေ အဖြစ် ကူးပြောင်းလိုက်တယ်လို့ သိရပါတယ်။
2015-09-30
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ AA ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး တရားစွဲခံထားရတဲ့ လဟာပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကို မတရား အသင်း အက်ဥပဒေပုဒ်မ- ၁၇(၁) နဲ့ မင်းပြားမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ်(၃) နှစ် မနေ့က ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2015-09-30
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှာ ဒီကနေ့ မဲဆွယ်စည်းရုံးခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဇေကမ္ဘာ ဦးခင်ရွှေ က ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။
2015-09-30
မဲဆန္ဒရှင်စာရင်းတွေ မှားယွင်းနေတယ် ဆိုပြီး ဝေဖန်နေကြတဲ့အတွက် မဲစာရင်းမှားနေရင်၊ အမည်မပါရင် ပြင်ဆင်ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို ဒီနေ့ ပြော ပါတယ်။
2015-09-29
မြန်မာနိုင်ငံရဲ့ လာမယ့်ရွေးကောက်ပွဲ အတွက် EU ဥရောပသမဂ္ဂက ပထမဆုံး အကြိမ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာရေးအဖွဲ့ စေလွှတ်မယ်လို့ မနေ့က ပြောပါတယ်။
2015-09-29
ကချင်ပြည်နယ်အထူးဒေသ ၁ ထာဝရ ငြိမ်းချမ်းရေးအဖွဲ့နယ်မြေထဲမှာ နိုင်ငံရေးပါတီတွေကို မဲဆွယ် စည်းရုံးရေး မပြုလုပ်ဖို့ တားမြစ်ခဲ့တဲ့ ဦးဇခုန်တိန့်ယိန်း က ရွေးကောက်ပွဲဥပဒေအတိုင်း လိုက်နာပါမယ်လို့ ကော် မရှင်နဲ့ ဒီကနေ့ တွေ့ဆုံစဉ်မှာ ကတိပြု ပြောကြားခဲ့ပါတယ်။
2015-09-29
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအတွက် ကြိုတင် မဲပေးဖို့ သံရုံး ၄၄ ရုံးကတဆင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားတဲ့ မြန်မာနိုင်ငံသား သုံးသောင်းကျော်ရှိတယ်လို့ ကော်မရှင်တာဝန်ရှိသူတွေ က ပြောပါတယ်။
2015-09-29
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး ဗဟိုကော်မတီဥက္ကဌ သူရဦးတင်ဦးဟာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့က ဆင်အလှ ကပြိုင်ကွင်းမှာ ဒီနေ့ လူထုနဲ့တွေ့ဆုံပြီး မဲဆွယ်စည်း ရုံးဟောပြောခဲ့ပါတယ်။
2015-09-29
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်အောက်တိုဘာလ ၂ ရက်နေ့ကေ န ၆ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ဗန်းမော်စတဲ့ မြို့တွေမှာ ရွေးကောက်ပွဲ အသိ ပညာပေးဟောပြောပွဲတွေ ကျင်းပသွားမယ်လို့ သိရပါတယ်။
2015-09-29
NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချူပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က လက်မှတ်ထိုးမှာဖြစ်ပြီး ကျန်အဖွဲ့ ၁၀ ဖွဲ့ကတော့ အားလုံးပါဝင်ရေးမူအတိုင်း ဆက်လက်ကိုင်စွဲသွားကြ ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ကျင်းပခဲ့တဲ့ တိုင်းရင်းသား ထိပ်သီးအစည်းအဝေးကနေ အတည်ပြု ဆုံးဖြတ်ခဲ့ကြပါတယ်။
2015-09-29
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးမှာ ၂ ပတ်ကြာ ထုတ်ပြန်ကြေညာခဲ့တဲ့ မဲဆန္ဒရှင်စာရင်းမှာ နာမည်မပါလို့ဆိုပြီး ကော်မရှင်ရုံးခွဲအသီးသီး ထံ လျှောက်ထားသူ ၁ သိန်းခွဲနီးပါး ရှိတယ်လို့ တိုင်းဒေသကြီး ကော်မရှင်ရုံးခွဲ တာဝန်ရှိသူတွေ က ပြောပါတယ်။
2015-09-28
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မြောက် လွတ်ပင်ကျေးရွာမှာ မွေးမြူရေးနဲ့ ရေလုပ် ငန်းဝန်ကြီးဌာနက ချေးငွေ ကျပ်သိန်း ၃ဝဝ မရလို့ဆိုပြီး အဲဒီကျေးရွာ က ပြည်ခိုင်ဖြိုးပါတီဝင် ၆ဝ ကျော် ဟာ ပါတီကနေ နှုတ်ထွက်လိုက်ပါတယ်။
2015-09-28
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ကျေးရွာမှာ သတ္တုတူးဖော်ရေး လုပ်နေတဲ့ Delco ကုမ္ပဏီဝင်းမှာ စွန့်ပစ်ရေ ကန်ကျိုးကျတာကြောင့် အနီးကရွာက ကလေးတစ်ဦးသေဆုံး ခဲ့တဲ့အတွက် ကုမ္ပဏီက လျော်ကြေး ကျပ်သိန်း ၇ဝ ပေး တယ်လို့ သိရပါတယ်။
2015-09-28
မန္တလေးတိုင်းဒေသကြီးမှာ ရွှေ့ပြောင်းနေ ထိုင်နေကြသူတွေထဲက မဲပေးပိုင်ခွင့်ရှိသူ ၂သိန်းလောက်ရှိပြီး အခုချိန်ထိ မဲဆန္ဒရှင် စာရင်းမှာ မပါသေးတဲ့အတွက် တိုင်းဒေသကြီးကော်မရှင် ထံ လျှောက်ထားသူ ၄သောင်းလောက်သာ ရှိသေးတယ်လို့ သိရပါတယ်။