သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-18
ဖလမ်းမြို့နယ် သူဖေးရွာအနီးမှာ တောထဲ ဆေးမြစ်သွားရှာတဲ့ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-10-18
အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတစ်ခုကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းတာကြောင့် သုံးဦး အသတ်ခံခဲ့ရပါတယ်။
2023-10-18
ဘားအံမြို့နယ်က ရပ်ကွက်တွေမှာ ကရင်ပြည်နယ်နေ့ ကျင်းပဖို့ဆိုပြီး စစ်ကောင်စီက ငွေကောက်ခံနေပါတယ်။
2023-10-18
မြန်မာစစ်တပ်ကို အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ ပြည်တွင်းနဲ့ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်း ၄၄၀ က အောက်တိုဘာ ၁၇ ရက်နေ့မှာ အိတ်ဖွင့်ပေးစာနဲ့ တောင်းဆိုလိုက်ပါတယ်။
2023-10-18
ရေးမြို့နယ် ငါးလုပ်ငန်း ဦးစီးမှူး ဦးဇော်နိုင်လင်းကို ရေးဘီလူးအဖွဲ့က လာရောက်ပစ်ခဲ့တာကြောင့် သေဆုံးသွားပါတယ်။
2023-10-18
မုံရွာမြို့နယ်၊ မုံရွေးရွာကို စစ်ကောင်စီတပ်သားနဲ့ တောပုရွာ ပျူစောထီးပူးပေါင်းအဖွဲ့ ဝင်ရောက်လာပြီး ဒေသခံ တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားပါတယ်။
2023-10-17
အရပ်သားတွေကို အကြိမ်ကြိမ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အယုံအကြည်မရှိဘူးလို့ APHR အဖွဲ့က ဆိုပါတယ်။
2023-10-17
ရေကြီးတာကြောင့် လမ်းပန်းဆက်သွယ်ရေး၊ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် ဆေးကုသဖို့ အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။
2023-10-17
နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းတွေနဲ့ ငွေကြေးလိမ်လည်မှုတွေကို အဓိကဆောင်ရွက်ကျူးလွန်သူအဖြစ် အာဏာသိမ်းစစ်တပ်ကို ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2023-10-17
ရိုဟင်ဂျာဒုက္ခသည်တွေ ရရှိနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေ လျော့နည်းလာနေတဲ့အတွက် ကမ္ဘာပေါ်က အကြီးမားဆုံး လူသားချင်းစာနာမှုဆိုင်ရာ ပဋိပက္ခတစ်ခုကို တစ်နေ့တခြား ပိုမိုဆိုးဝါးစေလျက်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရမ်းဒီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2023-10-17
KIA တပ်မဟာ (၉) ဌာနချုပ်နဲ့ အနန့်ပါရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် KIA အရာရှိတချို့ သေဆုံးပြီး ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-10-17
ရန်ကုန်တိုင်းမှာ ၂၀၂၃ ခုနှစ်၊ ကိုးလအတွင်း အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှု ၁၅၀ ဖြေရှင်းပေးထားတယ်လို့ စစ်ကောင်စီဘက်က ပြောပေမယ့် ဒါဟာ လက်တွေ့ဖြစ်နေတဲ့ ပြဿနာတွေရဲ့ ငါးပုံတစ်ပုံခန့် သာရှိတယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။
2023-10-17
တနင်္သာရီမြို့နယ် မြို့ဟောင်းရွာထဲကို အောက်တိုဘာ ၁၆ ရက်က စစ်ကောင်စီ အမြောက်တပ်က ပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံအမျိုးသားတစ်ဦး ဦးခေါင်းထိမှန် သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-10-17
မြန်မာနိုင်ငံထဲက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ယူဆရသူ တရုတ်နိုင်ငံသား ၂,၃၄၉ ဦးကို ထပ်မံ လွှဲပြောင်းရယူခဲ့တယ်လို့ တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဌာနက အောက်တိုဘာ ၁၆ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
2023-10-17
ယင်းမာပင်မြို့နယ် သဲကုန်းရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီး အရပ်သား ခြောက်ဦး သတ်ဖြတ်ခံထားရတာကို တွေ့ရပါတယ်။