သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-20
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ မြိတ်ခရိုင်အခြေစိုက် တပ်မတော်သား မဲပေးပိုင်ခွင့်ရှိသူ တစ်သောင်း တစ်ထောင်ကျော်ရှိတယ်လို့ မြိတ်ခရိုင်ရွေးကောက် ပွဲကော်မရှင် ရွေးကောက်ပွဲ အရာရှိ တစ်ဦးက ပြောပါတယ်။
2015-09-20
ကျန်းမာရေးဝန်ကြီးဌာနကို တပ်မတော် အရာရှိတွေက ဝင်ရောက်တာဝန် ထမ်းဆောင်တာကို ကန့်ကွက်တဲ့ အနက်ရောင်ဖဲကြိုးလှုပ်ရှား မှုတွေကို တစ်ပြည်လုံး အတိုင်းအတာနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆရာ ဝန်တွေက ပြောပါတယ်။
2015-09-20
NCA တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်ကို မူလက အောက်တိုဘာ ပထမ ပတ်အတွင်း လက်မှတ်ရေးထိုးဖို့ လျာထားခဲ့ရာကနေတိုင်း ရင်းသားအဖွဲ့အချို့ရဲ့ မေတ္တာရပ်ခံချက်အရ အောက်တိုဘာလ လယ်ပိုင်းကို ရွှေ့ဆိုင်းလိုက်ကြောင်း MPC မြန်မာငြိမ်း ချမ်းရေးဗဟိုအဖွဲ့ရဲ့ ထိပ်တန်းအရာရှိတစ်ဦးက RFA ကို ဒီနေ့ ပြောကြားပါတယ်။
2015-09-20
လာမယ့်ရွေးကောက်ပွဲအတွက် မဲဆန္ဒ စာရင်းအမည်တွေကို သွားရောက်စစ်ဆေး ကြဖို့နဲ့ မဲစာရင်းမှားနေတာတွေ တွေ့ရှိ ရင် ပြင်ကြဖို့ကို အနုပညာရှင်တွေနဲ့ စာပေပညာရှင်တွေ စုစုပေါင်း ၂ဝ လောက်က ဒီနေ့ တိုက်တွန်းပြောကြား ပါတယ်။
2015-09-20
ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ခ) နဲ့ ၁ဝ (င) တို့ အရ ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ ကိုက်ညီမှုမရှိဘူးလို့ အကြောင်းပြကာ သက်ဆိုင်ရာတိုင်းနဲ့ခရိုင် အသီးသီးက ပယ်ချခံထားရသူ ၁၈ ဦးအနက် ၁၁ ဦး ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ကိုယ်စားလှယ်လောင်း အဖြစ်ပြန်လည်အတည်ပြုလိုက် ပါတယ်။
2015-09-20
ဧရာဝတီတိုင်းဒေသကြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) က ဦးစီးပြီး မျိုးစောင့်ဥပဒေ ၄ မျိုးဥပဒေပြဌာန်းနိုင် တဲ့အတွက် အောင်မြင်တဲ့အထိမ်းအမှတ် ကြိုဆိုထောက်ခံပွဲ ကို ပုသိမ်မြို့ ကိုးသိန်းအားကစားခန်းမမှာ ဒီနေ့ ကျင်းပခဲ့ ပါတယ်။
2015-09-20
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီအနိုင်ရ ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာ ရင် မြန်မာနိုင်ငံကို လူမျိုးခြားတွေ အုပ်ချုပ်လိမ့်မယ်လို့ ထိုးနှက်တိုက်ခိုက်တာတွေဟာ အောက်တန်းကျတဲ့ နိုင်ငံရေးဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြော လိုက်ပါတယ်။
2015-09-19
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရ တို့ကြား ပဏာမအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင် ဖို့အတွက် အခု စက်တင်ဘာလ မကုန်ခင် နှစ်ဘက် ကိုယ်စားလှယ်တွေ စတင်တွေ့ဆုံဆွေးနွေးဖို့ စက်တင်ဘာ ၁၈ ရက်နေ့က MPC မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန် ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
2015-09-19
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်လမ်းနဲ့ ဆူးလေလမ်းထောင့်နားမှာ စစ်တပ် ရဲ့ပစ်ခတ်ဖြိုခွဲမှုကြောင့် ကျဆုံးခဲ့တဲ့ ကျောင်းသားနဲ့ ရဟန်းရှင်လူပြည်သူတွေထဲက မဝင်းမော်ဦးအတွက်ကို ကျန်ရစ်သူမိဘတွေက လှိုင်သာယာမြို့နယ်က နေအိမ်မှာ ဒီနေ့မနက်က အခမ်းအနားပြုလုပ်ပြီး သံဃာတွေကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။
2015-09-19
မြန်မာနိုင်ငံမှာ အမျိုးစောင့်ဥပဒေ ၄ ရပ်ကို ပြဌာန်းလိုက်နိုင်တာကြောင့် အမျိုးဘာသာ သာသနာအတွက် လုံခြုံစိတ်ချရနိုင်ပြီဖြစ်တယ် လို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးရဲ့ ဗဟိုဦးဆောင်ဆရာတော် အရှင်ဝီရသူက မိန့်ကြားလိုက် ပါတယ်။
2015-09-19
နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာသာရေးကို နည်းလမ်းတစ်ခုအဖြစ် အသုံးချပြီး ပဋိပက္ခတွေဖြစ်လာမှာကို စိုးရိမ်တယ်လို့ ရန်ကုန် အခြေစိုက်သံရုံး ၉ ခုက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ဟာ ပြည်သူတွေအကြား ဘာသာရေး၊ လူမျိုးရေးအရ အထင်အမြင်လွဲမှား မှုတွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သဘောထားတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2015-09-19
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဦးတင်အေးဟာ နေပြည်တော်ကောင် စီနယ်မြေ ပျဉ်းမနား၊ ဒက္ခိဏသီရိနဲ့ ဇမ္ဗူသီရိမြို့နယ်တွေက မဲစာရင်းကပ်ထားတဲ့ အုပ်ချုပ်ရေး ရုံးတွေကို ဒီကနေ့ လိုက်လံကြည့်ရှုခဲ့ပါတယ်။
2015-09-19
လာမယ့်ရွေးကောက်ပွဲ မှာ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် ကနေ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးအောင်သိန်းလင်းဟာ မဲဆွယ်စည်းရုံးမှုတွေ စတင်နေပြီဖြစ်ပါတယ်။
2015-09-19
အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ်သာ အစိုးရဖွဲ့နိုင်ခဲ့ရင် အကတိကင်းစင်တဲ့ အစိုးရဖြစ်ရမယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ကတိပေးပြောကြားလိုက်ပါတယ်။
2015-09-19
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် အမှန် တကယ် ပြောင်းလဲပေးနိုင်မယ့်သူဆိုတာ မှတ်ကျောက်တင်ခံနိုင်တယ်လို့ NLD နာယ က သူရဦးတင်ဦးက ပြောပါတယ်။