သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-11
စစ်ကောင်စီက စစ်ဘက်၊ အရပ်ဘက်နဲ့ ကလေးသူငယ်ဆိုပြီး ခွဲခြားမှုမရှိဘဲ အင်အားသုံး တိုက်ခိုက်တာတွေဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်ပြီး မုန်လိုင်ခက် ဒုက္ခသည်စခန်း တိုက်ခိုက်ခံရတဲ့အပေါ် အပြင်းအထန်ရှုတ်ချတယ်လို့ KNU က ကြေညာချက်ထုတ်ပြန်ပါတယ်။
2023-10-11
ကချင်ပြည်နယ် မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်းကို မြန်မာစစ်ကောင်စီက အောက်တိုဘာ ၉ ရက်က တိုက်ခိုက်တာကို အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
2023-10-11
လိုင်ဇာမြို့ ပစ်ခတ်ခံရမှုအတွင်း ရက္ခိုင့်တပ်တော် (AA) တစ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့တယ်လို့ AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2023-10-11
အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်တွေထဲမှာ စစ်ကိုင်းတိုင်းက (၁၄) ကြိမ်နဲ့ အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်က သုံးကြိမ်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။
2023-10-11
ပဲခူးမှာ သုံးရက်ကြာရေကြီးနေတာ အောက်တိုဘာလ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာတော့ ရေအနည်းငယ် ပြန်ကျလာနေပြီး ပဲခူးမြို့လယ်မှာ ဆိုင်ကယ်နဲ့ ကားတွေ သွားလာနိုင်တဲ့ အခြေအနေရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
2023-10-11
၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ယာဥ်တိုက်မှုကြောင့် လူဦးရေ နှစ်ထောင်နီးပါး (၁,၈၆၄ ဦး) သေဆုံးခဲ့တယ်။
2023-10-11
နမ့်ခမ်းမြို့နယ်အတွင်းမှာ ကလေးပြန်ပေးဆွဲခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ကို TNLA က ပစ်ခတ်ဖမ်းဆီးခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဖမ်းမိတယ်။
2023-10-11
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်းတစ်ခုကို အောက်တိုဘာ ၁၀ ရက်မှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပစ်ခဲ့တာကြောင့် PDF သုံးဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
2023-10-11
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ဦးဆောင်ရေးအဖွဲ့ဟာ စပါးတင်းတစ်ရာကို အခြေခံရည်ညွှန်းဈေး ငွေကျပ် ၇၅၀,၀၀၀ သတ်မှတ်တယ်လို့ အောက်တိုဘာ ၁၀ ရက်နေ့ သတင်းစာကနေ ထုတ်ပြန်ပါတယ်။
2023-10-11
ကန့်ဘလူမြို့နယ် ပေကြီးရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် ရွာပေါင်း ဆယ်ရွာခန့်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရတယ်။
2023-10-11
ဝက်လက်မြို့နယ်၊ လှတောရွာမှာ အောက်တိုဘာ ၁၀ ရက်နေ့ညက စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ရွာခြောက်ရွာက ဒေသခံငါးထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-10-11
တရုတ်နိုင်ငံသားပိုင် Hong Miao Garment အထည်ချုပ်စက်ရုံ အလုပ်သမား ၂၅၀ ကျော်ဟာ ILO ကို လက်မှတ်ထိုးတိုင်ကြားသွားမယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
2023-10-11
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ကျော်လှရွာထဲကို အောက်တိုဘာ ၁၀ ရက်နေ့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦး သေဆုံးခဲ့တယ်လို့ ဖြူးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
2023-10-10
လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရတဲ့ မုန်လိုင်ခက် ဒုက္ခသည်စခန်းက လူဦးရေ ၆၀၀ ခန့်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သွားရောက်ကူညီခဲ့တဲ့ Kachin Gender Star Group က ထုတ်ပြန်ထားပါတယ်။
2023-10-10
လိုင်ဇာမြို့အနီးက မုန်လိုင်ခက် ဒုက္ခသည်စခန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့က ကြေညာချက်ထုတ်လိုက်ပါတယ်။