သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-06
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား သန်းနဲ့ချီပြီးရှိနေတယ်ဆိုပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ လျှောက်လွှာတင်တာ နောက်ဆုံးရက်ထိ တစ်သောင်းကျော်လောက်ပဲ ရှိပါတယ်။ ဘာကြောင့်အခုလို မဲပေးတဲ့သူတွေ နည်းနေရတာပါလဲ။
2020-08-06
ခရစ်ယာန်တရားဟောဆရာ စောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၃၀(က)အရ အလုပ်နဲ့ ထောင်ဒဏ် သုံးလကျခံစေဖို့ ဒီကနေ့ မရမ်းကုန်းမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။
2020-08-06
ရခိုင်မြောက်ပိုင်းဒေသ မြို့နယ် ငါးခုက ကျေးရွာအုပ်စု ၁၅ ခုက ကျေးရွာပေါင်း ၃၆ ရွာမှာ မဲစာရင်းမကပ်နိုင်ခဲ့ဘူးလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ဒီနေ့ ပြောပါတယ်။
2020-08-06
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အခုရက်ပိုင်းအတွင်း အခွန်ငွေတွေ ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကပ်ရောဂါကာလအတွင်း စီးပွားရေး အဆင်မပြေတဲ့အတွက် ဒေသခံတွေ အခက်ကြုံ နေကြပါတယ်။
2020-08-06
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အာဏာရပါတီ NLD ကိုတော့ မဲစာရင်းစစ်ဆေးခွင့် တရားဝင် ဆောင်ရွက်ခွင့်ပြုထားပြီး တခြားပါတီတွေပေါ်မှာ ကန့်သတ်ဖိနှိပ်မှုတွေ ရှိနေတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ က ဝေဖန်လိုက်ပါတယ်။
2020-08-05
ရှမ်းပြည်နယ် လားရှိုးအကျဉ်းထောင်အနီးက နေအိမ်သုံးလုံးဟာ ထောင်မြေ နယ်နိမိတ်ထဲ ပါနေတယ်ဆိုပြီး အကျဉ်းထောင်တာဝန်ရှိသူက ဒီကနေ့မနက်မှာ အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။ လားရှိုးမြို့ရပ်ကွက် ၁၂ မဉ္ဇူလမ်းနဲ့ ခေးနင်းလမ်း ကြားက အဲဒီအိမ်တွေကို အစိုးရအိမ်ဥပစာဥပဒေအရ ဖယ်ရှားခိုင်းခဲ့တာလို့ ဆိုပါတယ်။
2020-08-05
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ‘mother of the world’ လို့ခေါ်တဲ့ ‘ကမ္ဘာ့မိခင်’ ဆု ချီးမြှင့်ဖို့ နိုင်ငံပေါင်း ၄၃ နိုင်ငံက အသိအမှတ် ပြုလိုက်တယ်ဆိုပြီး Facebook နဲ့ blogs တွေမှာ ပျံ့နှံ့နေတဲ့ သတင်းဟာ သတင်းမှားဖြစ်တယ်လို့ ဒီကနေ့ထုတ် နိုင်ငံတကာ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
2020-08-05
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဘာဆန်ချာကျွန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ သုံးရာကျော်ကို လွှတ်ပေးသင့်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
2020-08-05
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး အပါအဝင်၊ စစ်ဗိုလ်ချုပ် ဟောင်းတွေနဲ့ ဝန်ကြီးဟောင်းတချို့၊ ၂၀၂၀-ရွေးကောက်ပွဲမှာ နေပြည်တော်မဲဆန္ဒ နယ်မြေတွေကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ထံ ဒီကနေ့ ကိုယ်စားလှယ်လောင်း အမည်စာရင်း လာရောက်တင်သွင်းလိုက်ပါတယ်။
2020-08-05
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်ကြားက ကျေးရွာတချို့မှာ မနေ့ညနေ လေးနာရီလောက်က တပ်မတော်နဲ့ RCSS တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ရာမှာ ဒေသခံရွာသားတချို့ တရုတ်နယ်နိမိတ်ထဲကို ထွက်ပြေးခဲ့ရပါတယ်။ တိုက်ပွဲအတွင်း အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ တပ်မတော်ဘက်က ပြောပေမယ့် RCSS အဖွဲ့ကတော့ တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ တပ်မတော်ဘက်က တဖက်သတ်ပစ်ခတ်တာဖြစ်တယ်လို့ ပြောပါတယ်။
2020-08-05
အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရွေးကောက်ပွဲကော်မရှင်က ကနဦးထုတ်ပြန်တဲ့ မဲဆန္ဒရှင်စာရင်းမှာ သူ့ရဲ့မိသားစု မဲစာရင်းလည်း လွဲမှားနေတာတွေ့ရတယ်လို့ ပြောပါတယ်။
2020-08-04
ရှစ်လေးလုံးအရေးတော်ပုံအပြီးမှာ စစ်အစိုးရ အလိုကျ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ တရားလွှတ်တော်ရှေ့နေများကောင်စီကို လက်ရှိလွှတ်တော်က ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကို သြဂုတ်လ ၂ ရက်နေ့ကကျင်းပ ကာ ရွေးချယ်ခံရတဲ့ အဖွဲ့ဝင် ၁၁ ဦးစာရင်းကို မနေ့က ကြေညာလိုက်ပါတယ်။
2020-08-04
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းထဲမှာ စစ်ဘေးဒုက္ခသည်အနေနဲ့ ခိုလှုံနေသူတွေထဲက ကျန်ရှိနေတဲ့ ကချင်စစ်ဘေးဒုက္ခသည် တွေကို သူတို့ဆန္ဒမပါဘဲ စခန်းတာဝန်ရှိသူတွေက နေရပ်ပြန်ခိုင်းနေတယ်လို့ စစ်ဘေးဒုက္ခသည် တစ်ယောက်ဖြစ်တဲ့ ဦးနော်လွမ်းက RFA ကို ပြောပါတယ်။
2020-08-04
စတုတ္ထကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံမှာချုပ်ဆိုမယ့်၊ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း ၃အတွက်၊ သဘောတူညီချက် ၁၃ ချက်ရရှိထားတယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဒုဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောလိုက်ပါတယ်။
2020-08-04
လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တပ်တွင်းမဲရုံအားလုံးကို တပ်ပြင်ထုတ်ပြီး မဲပေးရမယ်လို့ “နေပြည်တော်ကောင်စီ နယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ” အဖွဲ့ဝင် ဦးမိုးဇော်က ပြောလိုက်ပါတယ်။