သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-12
ထိုင်းနိုင်ငံက အာဏာသိမ်း စစ်ခေါင်းဆောင် ဝန်ကြီးချုပ် ပရာယု ချန်အိုချာဟာ သူ့ရဲ့ပထမဆုံး တရားဝင် နိုင်ငံခြားခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ ထိုင်းအစိုးရအရာရှိ တစ်ဦးက ဒီကနေ့ ပြောပါတယ်။
2014-09-12
ယာမြေပြဿနာတက်နေတဲ့ မန္တလေးတိုင် ၊ မြစ်သားမြို့နယ်၊ ချမ်းငြိမ်းသာရွာအနားက ဝါစိုက်ခင်းတွေကို သံချပ်ကာနဲ့ယန္တယားတပ် သင်တန်းကျောင်းက ဒီနေ့မနက်မှာ ကားတွေနဲ့ဖြတ်မောင်း ပြီး ဖျက်ဆီးနေတယ်လို့သိရပါတယ်။
2014-09-12
ထောင်ဒဏ် ၁၀နှစ်စီ ကျခံနေရတဲ့ ယူနတီ ဂျာနယ်က သတင်းသမား ၅ ဦးနဲ့ ကန့်ဘလူမြို့နယ်က အကျဉ်းကျခံနေရတဲ့ လယ်သမား ၅၆ ဦးကို ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းက ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်း ဆီခန်းမမှာ ထောက်ပံ့ငွေပေးအပ်ခဲ့ပါတယ်။
2014-09-12
ခါကာဘိုရာဇီတောင်တက်ခရီးစဉ် မှာ ပျောက်ဆုံးနေတဲ့ တောင်တက် သမားနှစ်ဦးကို ရှာဖွေဖို့အတွက် တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့စေလွှတ်မယ်လို့ သိရပါတယ်။
2014-09-11
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင် ကူးပြောင်းရေး အထောက်အကူပြုနိုင်ဖို့ အမေရိ ကန်ပြည်ထောင်စုအနေနဲ့ သံတမန်ရေး ထိတွေ့ဆက်ဆံမှု မူဝါဒကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က ချမှတ်ဆောင်ရွက် ခဲ့ပေမယ့် ကနေ့အထိ ကတိကဝတ်တွေဟာ လက်တွေ့ဖြစ် မလာဘဲရှိနေတယ်လို့ အာရှနဲ့ ပစိဖိတ် ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကတ်ကမ့်ဘဲလ် Kurt Campbell က ပြောကြားလိုက်ပါတယ်။
2014-09-11
ခါကာဘိုရာဇီတောင်ထိပ်ကို တက်ရောက်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံခြေလျင် နဲ့ တောင်တက်အဖွဲ့က အဖွဲ့ ခေါင်းဆောင်နဲ့ မန်နေဂျာတို့ ၂ ဦး အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေ တာ ဒီကနေ့ ဆိုရင် ၁၁ ရက်ကြာနေပြီ ဖြစ်ပြီး၊ သူတို့ကို ရှာဖွေမှုတွေ စတင်ပြုလုပ်နေပြီလို့ သိရပါတယ်။
2014-09-11
ဒီနေ့ စတင်ကျင်းပတဲ့ လွှတ်တော်အစည်း အဝေးကစပြီး နောင်အစည်းအဝေးတွေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပါအဝင် တခြား အရေးကြီးတဲ့ ဥပဒေတွေကို ဆွေးနွေးအတည်ပြုသွား မှာဖြစ်တယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က ပြောပါတယ်။
2014-09-11
ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ် မြို့ စစ်ဘေး ဒုက္ခသည်စခန်းက လူနှစ်ရာလောက်ကို သူတို့ မူလကျေး ရွာတွေမှာ ပြန်လည်နေရာ ချထားရေးအတွက် ပြည်နယ် အစိုးရက စီစဉ်နေပါတယ်။
2014-09-11
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ နှစ်နှစ်ကျော် ကြာ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဒီကနေ့ ရုပ်သိမ်းလိုက် ပါတယ်။
2014-09-11
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ရွှေပြည်သာမြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
2014-09-11
စစ်ကိုင်းတိုင်း မုံရွာခရိုင်ဆားလင်းကြီး မြို့နယ် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ အသုံးပြုဖို့ လည်ပတ်နေတဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်ဆစ်စက်ရုံမှာ စက်တင်ဘာ ၇ ရက်နေ့က ပိုက်ပေါက်ပြီး အနံ့ဆိုးတွေထွက်လာတဲ့အတွက် စက်ရုံကို တစ်လလောက်ပိတ်ထားလိုက်ရပါတယ်။
2014-09-11
မြန်မာနိုင်ငံ မြောက်ဖျားက ခါကာဘိုရာဇီ ရေခဲတောင်ထိပ် ကို အောင်အောင်မြင်မြင် တက်ပြီး တဲ့နောက် လွန်ခဲ့တဲ့ သောကြာနေ့ကတည်းက တောင်ခြေက အဖွဲ့တွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့ တောင် တက်အဖွဲ့ဝင်နှစ်ဦးကို သက်ဆိုင်ရာက ရှာဖွေရေးအစီ အစဉ်တွေ စတင်နေပြီလို့ သိရပါတယ်။
2014-09-11
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ အာဆီယံ ကာတွန်းရုပ်ရှင်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပထမ ဒုတိယ နဲ့ တတိယ ဆု သုံးဆုစလုံးကို ဆွတ်ခူးရရှိလိုက်ပါတယ်။
2014-09-10
မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေ ကနေ့ ရင်ဆိုင်နေကြရတဲ့ လယ်သိမ်းယာ သိမ်း ကိစ္စရပ်တွေမှာ ပြေလည်မှုမရရှိပဲ မြေယာသိမ်းခံရတဲ့ လယ်သမားတွေသာ ထောင်ဒဏ်ကျခံနေရတာတွေဟာ အုပ်ချုုပ်ရေးပိုင်းက စီမံခန့်ခွဲမှုအားနည်းချက်ကြောင့် ဖြစ် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2014-09-10
ရန်ကုန်မြို့ ဗဟန်းမြို့နယ်က အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်ရှေ့မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၂၀လောက်က အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဒီနေ့ ဟောပြောခဲ့ပါတယ်။