သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-10
နေပြည်တော် ပြည်ထောင်စုတရား လွှတ်တော်ရုံးချုပ်မှာ တပ်မတော်အငြိမ်းစား အရာရှိ ၂ဝ နီးပါးကို ဒုတိယညွှန်ကြားရေး မှူးချုပ် ရာထူးတွေ ခန့်အပ်လိုက်တာကို မကျေနပ်တာကြောင့် ပျဉ်းမနားမြို့နယ်တရားရုံးမှာ ရှေ့နေ ၂၀လောက်က ဖဲကြိုး အဝါတွေ တပ်ဆင်ပြီး ဒီနေ့ ကန့်ကွက်ခဲ့ကြပါတယ်။
2015-09-10
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲ မှာ ပြည်သူတွေပေးရမယ့် ဆန္ဒမဲဟာ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာပေးခဲ့တဲ့ မဲထက်ပိုပြီး တန်ဖိုးရှိတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။
2015-09-09
မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှု၊ အခွန်ရှောင်မှု စတာတွေနဲ့ ဆက်နွယ်ပတ်သက်နေ ပြီး၊ နိုင်ငံ့ံဘဏ္ဍာထဲကို မရောက်ရှိခဲ့ပဲ ဆုံးရှုံးခဲ့ရ တဲ့ ငွေမည်းတန်ဖိုးဟာ ပြီးခဲ့တဲ့ နှစ်ငါးဆယ်အတွင်း အမေရိကန်ဒေါ်လာ ၂ဝ ဘီလျံ နီးပါးရှိခဲ့တယ်လို့ သုတေသနအစီရင်ခံစာတစ်စောင်က ဖော်ပြပါတယ်။
2015-09-09
မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင် ကြိုးပမ်းခဲ့တဲ့ ဆရာတော် အရှင်ဦးဥတ္တမရဲ့ ၇၆ နှစ်မြောက် ဝမ်းနည်းခြင်း အောက်မေ့ဖွယ် အခမ်းအနား ကို ရခိုင်ပြည်နယ် စစ်တွေမြို့က ဦးဥတ္တမပန်းခြံမှာ ဒီနေ့ ကျင်းပကြပါတယ်။
2015-09-09
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အသီးသီးက ပယ်ချထားတဲ့ ကိုယ်စားလှယ်လောင်း ၃၄ ဦးရှိပြီး အဲဒီထဲက ၁၂ ဦးကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ဆက်လက်ပယ်ချလိုက်ပါတယ်။
2015-09-09
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ စက်မှုဇုန်က နဂါးညီနောင် အထည်ချုပ် စက်ရုံမှာ အလုပ်သမားအားလုံးကို တစ်နေ့လုပ်ခ ကျပ် ၃၆၀၀ နှုန်းနဲ့ ဒီလကုန်ကစပြီး တပြေးညီသတ်မှတ်ပေးတော့ မှာဖြစ်တာကြောင့် အရင်က လုပ်ငန်းအတွေ့အကြုံရှိ လစာကောင်းတဲ့ အလုပ်သမားတွေ အခက်တွေ့နေရပြီး အလုပ်သမား ၂၀၀ ကျော် ဆန္ဒပြနေကြပါတယ်။
2015-09-09
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နဲ့ ကွတ်ခိုင်မြို့နယ်အတွင်း တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ အစိုးရတပ်မတော်တို့ ၃ရက်ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
2015-09-09
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးဖို့အတွက် အစိုးရဘက်က ပထမဆုံး ၁၅ ဖွဲ့နဲ့ စက်တင်ဘာလ မကုန်ခင် လက်မှတ်ရေးထိုးလိုတဲ့ ဆန္ဒရှိပြီး တိုင်းရင်းသားတွေဘက်က ဘယ်အ ဖွဲ့တွေ လက်မှတ်ရေးထိုးမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဒီကနေ့ ဆွေးနွေးပွဲအပြီး သတင်းမီဒီယာတွေ ကို ပြောကြားချက်အရ သိရပါတယ်။
2015-09-09
တပ်မတော်အငြိမ်းစားအရာရှိ ၂ဝ နီးပါးလောက်ကို နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ်မှာ အဆင့်မြင့်ရာထူးတွေ ပေးအပ်လိုက်တဲ့အတွက် ပျဉ်းမနားမြို့နယ်က ရှေ့နေတွေက သူတို့လုပ်ငန်းခွင်မှာ အဝါရောင်ဖဲကြိုးတွေ တပ်ဆင်ပြီး ဒီနေ့ စတင်ကန့်ကွက်ကြ ပါတယ်။
2015-09-08
လာမယ့် နိုဝင်ဘာလ ၈ရက် ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေအနေနဲ့ ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားဘဲ ဘက်မလိုက်တဲ့ ရေးသားဖေါ်ပြကြ ဖို့အတွက် Myanmar Institute for Democracy (MID) အဖွဲ့က စောင့်ကြည့်လေ့လာပြီး အစီရင်ခံစာထုတ်ပြန်သွား မယ်လို့ ပြောပါတယ်။
2015-09-08
လာမယ့် နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ စက်တင်ဘာလ ၈ ရက် မနေ့က စတင်ခဲ့ရာမှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တကယ့်အပြောင်း အလဲကို ဖန်တီးနိုင်မယ့် ရွေးကောက်ပွဲဖြစ်လို့ ပြည်သူ အားလုံးပါဝင်မဲပေးကြဖို့၊ နိုင်ငံတကာအသိုင်းအဝန်းကလည်း မြန်မာ့ရွေးကောက်ပွဲကို အသေအချာစောင့်ကြည့်ကူညီကြဖို့ facebook အင်တာနက် လူမှုကွန်ရက်ကတဆင့် တိုက်တွန်းပြောကြားခဲ့ပါတယ်။
2015-09-08
မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲကို ပံ့ပိုးကူညီတဲ့အနေနဲ့ ဂျပန်အစိုးရ က ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာရေးအဖွဲ့ တစ်ဖွဲ့စေလွှတ်မယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဖုမီအို ကီရှီဒါ ကပြောပါတယ်။
2015-09-08
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိနဲ့ တပ်ကုန်းမြို့နယ်တို့မှာ ရွေးကောက်ပွဲဝင် မယ့် NLD ပါတီက လွှတ်တော်ကိုယ်စား လှယ်လောင်း ၃ ဦး ဟာ သူတို့ရဲ့ မဲဆန္ဒနယ်မြေတွေ မှာ ဒီကနေ့ စတင်မဲဆွယ်စည်းရုံးရေးဆင်းနေပါ တယ်။
2015-09-08
မတရားတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင် ဖို့အတွက် လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဗဟန်းမြို့နယ်ကနေ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် တာ ဖြစ်တယ်လို့ တသီးပုဂ္ဂလကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ဒီနေ့ ပြောပါတယ်။
2015-09-08
ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ရှိတဲ့ ညောင်ဦး၊ ပခုက္ကူ၊ ဟင်္သာတမြို့ နယ်တွေမှာ ဒီတစ်ပတ်အတွင်း ရေလွှမ်းမှုဒဏ်ခံရနိုင် တာကြောင့် ဒေသခံတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ သတိပေးကြေညာထားပါတယ်။