သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-08
ရခိုင်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ချခံထားရသူ ၂၁ ဦး ထဲက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို အယူခံတင် ထားသူ ၁၉ ဦးကို ဒီနေ့ ပယ်ချလိုက်ပါတယ်။
2015-09-08
လက်ပံတန်းကျောင်းသားသပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲခွင်းခဲ့တဲ့ တာဝန်ရှိသူ ရဲမှူးတွေကို တန်ပြန်တရားစွဲဆိုခွင့် ပယ်ချခံရတာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသူ ကျောင်းသားတွေက လာမယ့်တရားရုံးချိန်းတွေမှာ သပိတ်မှောက်သွားမယ်လို့ ဒီနေ့ ပြောပါတယ်။
2015-09-08
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အချိန်မ တိုင်ခင် မဲဆွယ်စည်းရုံးတယ်ဆိုပြီး ကော်မ ရှင်မှာ တိုင်ကြားထားတာကို ပြန်လည်ရုပ် သိမ်းသွားတယ်လို့ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
2015-09-08
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဘယ်နှစ်ဖွဲ့ ပါဝင်လက်မှတ် ရေးထိုးမလဲဆိုတဲ့အချက်ကလွဲလို့ အားလုံးအဆင်ပြေနေပြီဖြစ်တဲ့အတွက် နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံတဲ့ခါ အဖွဲ့အားလုံးပါဝင် လာနိုင်ရေးအတွက် တင်ပြဆွေးနွေးမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် ပဒိုစောကွယ် ထူးဝင်းက ပြောပါတယ်။
2015-09-07
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ဘဲ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြ မယ်ဆိုရင် အစိုးရအတွက်သာ အကျိုးရှိမှာဖြစ်ကြောင်း ဘာသာရေးခေါင်းဆောင်တွေနဲ့ အရပ်ဘက်အဖွဲ့တွေက သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-09-07
သတင်းမီဒီယာကောင်စီရွေးချယ်ပွဲကျင်းပဖို့ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ရာ မှာ သတင်းမီဒီယာသမားတွေရဲ့ သဘောထားဆန္ဒကို မရယူဘဲ ထုတ်ပြန်ခဲ့တာကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ ရွေးချယ်တင်မြှောက်ရေးအဖွဲ့တွေကို ကန့်ကွက်ကြောင်း PEN Myanmar အဖွဲ့က မနေ့ က ကြေညာချက်ထုတ်လိုက်ပါတယ်။
2015-09-07
ရွေးကောက်ပွဲဥပဒေနဲ့ မကိုက်ညီလို့ဆိုပြီး ခရိုင်ကော်မရှင်တွေက ပယ်ချထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စား လှယ်လောင်းတွေထဲက ၃ ဦးကို ပြန်ပြီး ရွေးကောက်ပွဲ ဝင်ခွင့်ပြုလိုက်တယ်လို့ ဒီနေ့ သိရပါတယ်။
2015-09-07
ချင်းပြည်နယ်၊ ဟားခါးမြို့က ဘိတဲလ်ဘုရားကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းက အိမ်ထောင်စု ၆၀ ကျော်ကို ဟားခါးမြို့က ချင်းပြည်နယ်အစိုးရပိုင် စိုက်ပျိုးရေးခြံဝန်းထဲမှာ နေရာချထားပေးဖို့အတွက် ဒီနေ့ စတင်ပြင်ဆင်နေပါတယ်။
2015-09-07
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူနည်းပညာတက္ကသိုလ် မှာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းမပြည့်လို့ဆိုပြီး စာမေး ပွဲ ဖြေဆိုခွင့်ပိတ်ပင်ခံထားရတဲ့ ကျောင်းသား ၃၅ ဦး ထဲက ကျောင်းသား ၁၄ ဦးဟာ စာမေးပွဲဖြေဆိုခွင့် ရရှိခဲ့ပါတယ်။
2015-09-07
ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦးဟာ အသက် ၂၅ နှစ် မပြည့်လို့ဆိုပြီး ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ချခံထားရတဲ့အတွက် ကိုယ်စားလှယ်လောင်း ၂၀၈ ဦး ရွေးကောက်ပွဲ ဝင်ခွင့်ရမှာဖြစ်ပါတယ်။
2015-09-07
လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးလိုတဲ့ ပြည် ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ စက်တင်ဘာလ ၂၀ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် ဒုတိယညွှန်ကြားရေးမှူးက ပြောပါတယ်။
2015-09-07
မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိတဲ့အတွက် ကျောင်းသူ ကျောင်းသားတွေရဲ့ Failed Law လှုပ်ရှားမှုမှာ ပြည်သူတွေလည်း ပါဝင်သင့်တယ်လို့ ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်ပါတယ်။
2015-09-07
ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်မတိုင်ခင် မဲဆွယ် စည်းရုံးတယ်ဆို ပြီး နေပြည်တော်ကနေ တသီး ပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်ထံ ဒီနေ့ တိုင်ကြားလိုက်ပါတယ်။
2015-09-06
ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လူမှောင်ခို ကူးခံရသူ ၂၁၉ ယောက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း လူမှောင်ခို တိုက်ဖျက်ရေးဌာနခွဲက တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။
2015-09-06
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကစပြီး ချင်းတွင်းမြစ်ရေ တက်လာလို့ ဒီရက်ပိုင်း အတွင်းမှာ မြို့လုံးကျွတ် နီးပါး ရေမြုပ်နေပြီလို့ သိရပါတယ်။