သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-31
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် NCA ဟာ ငြိမ်းချမ်းရေးအတွက်သာမက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း နိုင် ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။
2016-08-30
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်တဲ့ လက်ရှိ အစိုးရအပေါ် နိုင်ငံတကာ အသိုင်းအဝန်း ရဲ့ မျှော်လင့်ချက်တွေ အင်မတန်မြင့်မားနေကြောင်းနဲ့ ဒီကနေ့ စတင်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို အလေးအနက် ဂုဏ်ပြုထောက်ခံကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောကြားလိုက် ပါတယ်။
2016-08-30
မြန်မာအစိုးရဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည် နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကုလသမဂ္ဂအနေနဲ့ အပြည့်အဝ ထောက် ခံကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း က ပြောကြားလိုက်ပါတယ်။
2016-08-30
မနက်ဖြန်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်ချက်ထဲမှာ "ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု" ဆိုတဲ့စာသား ပါဝင်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်ဆိုပြီး တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး က ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်လိုက်ပါတယ်။
2016-08-30
ချင်းပြည်နယ် မြို့ပြတည်ဆောက်ရေး လုပ်ငန်းတွေအတွက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ကို လာမယ့်ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်သန်းပေါင်း တစ်သောင်း ခွဲဝေချထားပေးဖို့ ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စား လှယ် ဒေါ်နီရွှေလျန်း က တင်ပြခဲ့ပါတယ်။
2016-08-30
၂၁ ရာစု ပင်လုံညီလာခံမှာ ရခိုင့် တပ်မတော် AA ၊ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA ၊ ကိုးကန့်တပ်မတော် MNDAA စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ တက်ရောက်ခွင့်ရရှိရေးအတွက် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် ၂၀ ကျော်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ လက်မှတ်ရေး ထိုး တောင်းဆိုလိုက်ပါတယ်။
2016-08-30
တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၂ ခုမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ကနေ သြဂုတ် ၂၉ ရက်နေ့ မနေ့ကအထိ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၈၀၀ ကျော် ရှိတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီး ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
2016-08-30
တနသာၤရီမြို့နယ် ကြိမ်ချောင်းတလျှောက်မှာ တရားမဝင် သတ္တုတူးဖော်နေတဲ့လုပ်ငန်း ၁၀၀ နီးပါးကို ရပ်ဆိုင်းဖို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က နောက်ဆုံးအကြိမ် သတိပေးလိုက်ပါတယ်။
2016-08-30
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဘာသာရေးအဓိကရုဏ်းတွေကို တားဆီးနှိမ်နင်းနိုင်ဖို့အတွက် အရေးပေါ်ကာလစီမံခန့် ခွဲရေး ကော်မတီတွေ စတင်ဖွဲ့စည်းနေပါတယ်။
2016-08-30
ကချင်ပြည်နယ် လုံးခင်း-ဖားကန့် မှာ ကျောက်စိမ်းတူးဖော်ရေးလုပ် ကွက် နှစ်ထောင်ကျော်ဟာ လာမယ့် စက်တင်ဘာလမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ကြောင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
2016-08-30
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ပုဂံရှေးဟောင်းနယ်မြေက စေတီပုထိုးတွေကို ပြန်လည်ပြုပြင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကျော်က ဒီနေ့ တစ်ရက်စာရရှိတဲ့ နေ့တွက်စရိတ် ကျပ် ၂သောင်းစီကို လှူဒါန်းလိုက်ပါတယ်။
2016-08-30
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ကို ပြည်တွင်းပညာရှင်တွေနဲ့ ပြင်ဆင် ဖွဲ့စည်းပေးဖို့ ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့ လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-08-29
မြန်မာနိုင်ငံရဲ့ အစိုးရသစ်အနေနဲ့ လူ့အခွင့် အရေးကို အပြည့်အဝလေးစားမှုနဲ့ ခွဲခြား ဆက်ဆံမှုကို ကျော်လွှားပြီး၊ အားလုံးပါဝင်နိုင်ရေးကို မြှင့်တင် ရမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။
2016-08-29
အိန္ဒိယနိုင်ငံကို လေးရက်ကြာ အလည် အပတ် ခရီး ရောက်နေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ-မိုဒီတို့ ဒီကနေ့ တွေ့ ဆုံဆွေးနွေးပြီး၊ နှစ်နိုင်ငံ သဘောတူညီချက် ၄ ချက် ကို လက်မှတ်ရေးထိုး သဘောတူခဲ့တယ်လို့ အိန္ဒိယနိုင် ငံခြားရေးဌာန ပြောခွင့်ရသူက ပြောကြားလိုက်ပါတယ်။
2016-08-29
ရှမ်းပြည်နယ်အစိုးရအဖွဲ့အောက်က ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို ချိတ်ပိတ်အပ်နှံဖို့ ပြည်နယ်အစိုးရ အဖွဲ့က ညွန်ကြားလိုက်ပါတယ်။