သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-21
ရိုဟင်ဂျာတွေကို နိုင်ငံက အဓမ္မမောင်းထုတ်တာ၊ လူမျိုးတုံး သတ်ဖြတ်ခဲ့တာတွေအပေါ် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က မြန်မာကို ကနဦး စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်တာကို ပြည်ပရောက် ကချင်လူမျိုးများကွန်ဂရက် WKC က ကြေညာချက်ထုတ်ပြန် ကြိုဆိုလိုက်ပါတယ်။
2018-09-21
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင်ဒေသခံ ဒေါ်ခင်ဝင်း ရဲသေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့အမှု ပြန်လည်စစ်ဆေးပေးဖို့ သမ္မတဦးဝင်းမြင့်ကို ဒေသခံတွေက တိုင်ကြားခဲ့ပြီးနောက် ဒေသခံ ၁ဝ ယောက်ကို မြို့နယ်ရဲတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
2018-09-20
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါအဖွဲ့ဟာ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့၊ Fort William မှာရှိတဲ့ အိန္ဒိယ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကြာသပတေးနေ့က သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။
2018-09-20
ရိုဟင်ဂျာပြဿနာဟာ မြန်မာနိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး၊ ဒီပြဿနာ ဖြေရှင်းရေးဟာလည်း မြန်မာနိုင်ငံအတွင်းမှာပဲ ရှိနေတာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီက မနေ့က ပြောလိုက်ပါတယ်။
2018-09-20
မြန်မာနိုင်ငံအနေနဲ့ တိုင်းပြည်ရဲ့အစဉ်အလာ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေချင်ဘူးဆိုရင် ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ပုန်းအောင်းခိုလှုံခွင့်မပေးဘဲ အရေးယူဖို့ တာဝန်ယူရမှာ ဖြစ်တယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်က ပြောလိုက်ပါတယ်။
2018-09-20
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဟာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို ဒီနေ့မနက်ပိုင်းက သွားရောက်လေ့လာခဲ့ပြီး နေလည်ပိုင်းမှာ နေပြည်တော်မှာ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2018-09-20
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တချို့ ကချင်ပြည်နယ်က KIA ထိန်းချုပ်ရာ လိုင်ဇာမြို့မှာ သုံးရက်ကြာ တွေ့ဆုံခဲ့ကြပါတယ်။
2018-09-20
လက်ရှိအာဏာရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတွေ အသုံးပြုပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်နေတဲ့အပေါ် ကန့်ကွက်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲကော်မရှင်မှာ ကန့်ကွက်လိုက်ပါတယ်။
2018-09-20
ရခိုင်ပြည်နယ်မှာ ၇ နှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတန်ဖိုး ပမာဏဟာ ကျပ်ငွေ ၂၀၀ ဘီလီယံ နီးပါးရှိပြီး မူးယစ်ဆေးဝါးရောင်းချနေတာတွေနဲ့ လူငယ်တွေ မူးယစ်အန္တရာယ် ကျရောက်နေတာတွေကို တားဆီးကာကွယ်ပေးဖို့ ပြည်နယ်လွှတ်တော်မှာ ဒီနေ့ အဆိုတင် သွင်းခဲ့ပါတယ်။
2018-09-20
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ စုံစမ်းရေးကော်မရှင်က တင်ပြတဲ့ အစီရင်ခံစာအရ ဒုက္ခသည်တွေ တရားမျှတမှုရဖို့အတွက် ကုလသမဂ္ဂအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ဖို့ အာဆီယံ ပါလီမန်အမတ်များအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
2018-09-20
တအာင်းပလောင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA က နမ့်ခမ်းမြို့ခံ ရှမ်းအမျိုးသမီး နန်းမိုဟွမ် ကို ဖမ်းဆီးထားတာကို အရေးယူဆောင်ရွက်ပေးရေး ရှမ်းပြည်နယ်အစိုးရကို တောင်းဆိုဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၀ ကျော်ရဲ့ လက်မှတ်တွေရရှိထားပြီလို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ် က ပြောပါတယ်။
2018-09-20
ရခိုင်ပြည်နယ် ကျောက်နီမော်ရွာမှာ ကမန်တိုင်းရင်းသားမဟုတ်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို ကမန်တိုင်းရင်းသားတွေ အဖြစ် နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့တယ်ဆိုပြီး ကန့်ကွက်နေကြတဲ့ ကိစ္စကို ပြန်လည်စိစစ်ပြီး ရှင်းလင်းတင်ပြသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
2018-09-20
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ညောင်သုံးပင်ကျေးရွာမှာ လယ်ထဲကပြန်လာတဲ့ ရွာသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင် ၃ ဦးက သံတုတ်နဲ့ ရိုက်နှက်ထိုးကြိတ်တာကြောင့် မြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံနေရတဲ့အပြင် ရဲတပ်ဖွဲ့က တရားစွဲဆိုတာကိုလည်း ခံနေရတယ်လို့ သိရပါတယ်။
2018-09-19
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပစ်မှတ်ထားဒဏ်ခတ်ဖို့ သြစတြေးလျနိုင်ငံက စဉ်းစားနေပါတယ်။
2018-09-19
မြန်မာနိုင်ငံကို မနေ့က ရောက်ရှိခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Jeremy Hunt ဂျရယ်မီ ဟန့် ဟာ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဒီကနေ့ ကြာသပတေးနေ့မှာ သွားရောက် ကြည့်ရှုပါလိမ့်မယ်။