သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-22
ရက္ခိုင့်တပ်မတော် AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ လေးဖွဲ့နဲ့ အစိုးရ တပ်မတော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က တာဝန်ရှိသူတွေ ဒုတိယအကြိမ် တွေ့ဆုံမယ့် နေရာ အတည်မပြုနိုင်သေးတာကြောင့် ရက်ရွှေ့ရဖွယ်ရှိတယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေက ပြောပါတယ်။
2019-05-22
ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillippo Grandi ဟာ စစ်တွေမြို့မှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ ဒီနေ့နေ့လယ်မှာတွေ့ဆုံမှာဖြစ်သလို ခေါင်းဒုက္ကာ၊ ဆေးသမား မွတ်ဆလင်ဒုက္ခသည်စခန်းတွေကိုသွားရောက်လေ့လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သီးသန့်တွေ့ဆုံမှာဖြစ်ပါတယ်။
2019-05-22
နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မတွေနဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ရဲ့ အယူခံကို ရခိုင်ပြည်နယ် တရားလွှတ်တော်က မနေ့က ပယ်ချလိုက်ပါတယ်။
2019-05-21
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာနဲ့ ပေါက်တောပြင်ကျေးရွာတဝိုက်မှာ အစိုးရ တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ ဒီနေ့မနက် ၄ နာရီခန့်မှာ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာနေရတယ်လို့ ပြောပါတယ်။
2019-05-21
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာရှိတဲ့ မြေဧက ၂၀ မှာ ဆေးခြောက်အနွယ်ဝင် လျှော်ပင်စိုက်ပျိုးမှုနဲ့ အမေရိကန်နိုင်ငံသား နောက်ထပ် ငါးဦးကို အမှုဖွင့်လိုက်ပြီး ပုဒ်မတချို့ကိုလည်း ပြောင်းလဲလိုက်ပါတယ်။
2019-05-21
တပ်မတော်ဘက်က သတင်းမီဒီယာတွေကို တရားစွဲဆိုနေတဲ့အပေါ် အစိုးရ၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေနဲ့ တရားစွဲဆိုတဲ့ အဖွဲ့အစည်းတွေ ညှိနှိုင်းဆောင်ရွက်ရင် အဆင်ပြေလိမ့်မယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် က ဒီနေ့ ပြောလိုက်ပါတယ်။
2019-05-21
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး အယ်လ်ဖာဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့ အောင်သပြေကျေးရွာသားတွေကို ဒီနေ့မနက်ပိုင်းမှာ ရဲတပ်ဖွဲ့ဝင် ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
2019-05-21
မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအတွင်း မိုင်းရှင်းလင်းရေးသင်တန်းမှာ လေ့ကျင့်ရေးမိုင်းနဲ့ အစစ် လွဲမှားသုံးမိလို့ ပေါက်ကွဲမှုဖြစ်ပြီး တပ်မတော်သား သင်တန်းဆရာ တစ်ယောက် အပါအဝင် သင်တန်းသား ရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
2019-05-20
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ခုနှစ်ဦးစလုံးကို ပထမဆုံးအကြိမ်အဖြစ် ဒီနေ့ ရုံးထုတ်ရာမှာ လာရောက်ဝန်းရံသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။
2019-05-20
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ ဝတ်ပြုဆုတောင်းတဲ့နေရာတွေကို ပိတ်ဖို့ သွားရောက် တားဆီးခဲ့တဲ့အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ ဦးမိုက်ကယ်ကျော်မြင့်နဲ့ နောက်တစ်ဦးကို မေလ ၂၃ ရက်နေ့မှာ တောင်ဒဂုံတရားရုံးမှာ အမှုလာရောက်ရင်ဆိုင်ဖို့ တရားရုံးက ဆင့်ခေါ်လိုက်တယ်လို့ သိရပါတယ်။
2019-05-20
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မျောက်တောင်နဲ့မာလာတောင်ကျေးရွာကြားမှာ မနေ့ကပစ်ခတ်မှု ဖြစ်ပွားတဲ့အတွက် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး၊ နောက်ထပ်ကလေးငယ်တစ်ဦးနဲ့ လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-05-20
နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု/လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေ ပုဒ်မ (၁၀) နဲ့ ကရင်နီလူငယ် ခြောက်ယောက်ကို ကယားပြည်နယ်အစိုးရက လွိုင်ကော်မြို့မရဲစခန်းမှာ အမှုဖွင့်ထားတာနဲ့ပတ်သက်ပြီး ရဲစခန်းမှာ အမှုလာရင်ဆိုင်ဖို့ ဒီနေ့အကြောင်းကြားလာတယ်လို့ သိရပါတယ်။
2019-05-20
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ ၂ ကျေးရွာမှာ တစ်ရှူးငှက်ပျောစိုက်ပျိုးဖို့ ပြင်ဆင်နေတဲ့ ဂျိန်းဖေါ့နဒီ ကုမ္ပဏီ မန်နေဂျာ အပါအဝင် တရုတ်နိုင်ငံသား ငါးဦးကို သစ်တောကြိုးဝိုင်းအတွင်း ဝင်ရောက်နေထိုင်မှုနဲ့ ဝိုင်းမော်မြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2019-05-20
ရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ ကျောက်မဲမြို့နယ်ကြား အုံမုကျေးရွာအုပ်စုထဲက ပန်ခါး၊ မန်လွယ်နဲ့ နမ့်ယွန်း စတဲ့ ပလောင်ရွာတွေမှာ RCSS/SSA က လာရောက်ပြီး လူသစ်စုဆောင်းနေတဲ့အတွက် ဒေသခံအတော်များများ သီပေါနဲ့ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2019-05-20
နာဂအမျိုးဆိုရှယ်လစ်ကောင်စီ NSCN-K နဲ့ အစိုးရတပ်မတော်တို့ မေလ ၁၇ ရက်နေ့က မြန်မာ-အိန္ဒိယ နယ်စပ် စစ်ကိုင်းတိုင်း လဟယ်မြို့ အနောက်ဖက်ခြမ်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။