သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-19
ကုလသမဂ္ဂ နိုင်ငံတကာအနုမြူအေဂျင်စီ (IAEA)အနေနဲ့ မြန်မာနိုင်ငံမှာ အနုမြူကိစ္စ နဲ့ ပတ်သက်ပြီး ဝင်ရောက်စစ်ဆေးခွင့် နောက်ဆက်တွဲ သဘောတူညီချက်ကို မြန်မာအစိုးရက လက်မှတ်ရေး ထိုးခဲ့တဲ့အပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆို လိုက်ပါတယ်။
2013-09-19
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ အကျဉ်းထောင်က အကျဉ်းသား ၁၀၀ ကျော် ကို အကျဉ်းထောင် အာဏာပိုင်တွေနဲ့ အကြမ်းဖက် ပဋိပက္ခ ဖြစ်ခဲ့တာကြောင့် မနေ့ညနေပိုင်းက မော်လမြိုင် အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ ကော့သောင်း မြို့ခံတွေက ပြောပါတယ်။
2013-09-19
ကရင်ပြည်နယ် မြဝတီမြို့က လောင်း ကစားဂိမ်းရုံ ၂၄ ရုံကို မြဝတီခရိုင် ရဲတပ်ဖွဲ့က လောင်းကစား စက်ပစ္စည်းတွေအပြင် ဆိုင်ရှင် ၂ ဦးကိုပါ ဖမ်းဆီးလိုက် တယ်လို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးက ဒီနေ့ပြောပါတယ်။
2013-09-19
မူးယစ်ဆေးဝါးတစ်မျိုးလိုပဲ လူငယ်ထုကြား မှာ သုံးစွဲမှုများလာတဲ့ ကော်ရှူတဲ့အခြေ အနေဟာ အခုဆိုရင် ကျောင်းသားကျောင်းသူတွေ ကြားထဲအထိ ကူးစက်နေပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်အထူးတာဝန်ရှိသူတွေက ဒီကနေ့ ပြောကြားပါတယ်။
2013-09-19
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း ၇ ခုက ဒုက္ခသည်အချို့အတွက် ဆန်ရိက္ခာခွဲတမ်းကို ဒီဇင်ဘာလကနေစပြီး ဖြတ်တောက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
2013-09-19
ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံဇာတွေကရရှိတဲ့ အကျိုးအမြတ်ကို ရခိုင်ပြည်သူတွေလည်း ခံစားခွင့်ရရှိဖို့ ဆိုတဲ့ခေါင်းစဉ်နဲ့ လက်မှတ်စုဆောင်းကောက်ခံနေရာမှာ ဒီနေ့ တစ်လပြည့်တဲ့နေ့မှာ လက်မှတ်ပေါင်း တစ်သိန်းနှစ်သောင်းကျော်ရရှိနေပြီလို့ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ RNDP က RFA ကို ပြော ပါတယ်။
2013-09-19
ငြိမ်းချမ်းရေးစာဆိုတော် စာရေးဆရာကြီး ဒဂုန်တာရာ ကွယ်လွန်ခြင်းတစ်လပြည့် အထိမ်းအမှတ် အခမ်းအနားကို ဒီနေ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကဗျာဆရာတွေ၊ ဆရာကြီးကို ချစ်မြတ်နိုးသူတွေ စုပေါင်းပြီး ကျင်းပခဲ့ကြပါတယ်။
2013-09-19
ချင်းပြည်နယ် ထန်တလန်မြို့နယ်က ကျေးရွာပေါင်း ၂၅ ရွာမှာ စားနပ်ရိက္ခာရှားပါးမှု ပြဿနာ ကြုံတွေ့နေရတယ်လို့ ထန်တလန်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် လျံမန်းကျုံးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
2013-09-19
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် အပိုင်း ၁ နဲ့ ၂ လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမား ၁၀၀ ကျော်က မြို့နယ်ရဲတပ်ဖွဲ့ရုံးမှာ ဆန္ဒပြခွင့်တောင်းရာမှာ ရဲတပ်ဖွဲ့က လယ်သမားတွေ ဆန္ဒပြလိုတဲ့နေရာကို ခွင့်မပြုဘဲ ငြင်းပယ် လိုက်တယ်လို့ လယ်သမားတွေက ပြောပါတယ်။
2013-09-19
မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲတာတွေကို အသိမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး နယူးဇီလန် အစိုးရသံရုံးကို ဖွင့်လှစ်လိုက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Murray McCully က ကြေညာလိုက်ပါတယ်။
2013-09-18
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း ခဲ့တာ ၂၅ နှစ်ပြည့်တဲ့ စက်တင်ဘာ ၁ဂ ရက် မနေ့က ဗြိတိန်နိုင်ငံရောက် မြန်မာ နိုင်ငံသားတွေစုဝေးပြီး လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2013-09-18
၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့က တပ်မတော်ကနေ နိုင်ငံတော်အာဏာ သိမ်းယူခဲ့တဲ့အပေါ် ပြစ်တင်ရှုံ့ချတဲ့ အခမ်းအနားတစ်ခုကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဒီနေ့ကျင်းပခဲ့ကြပါတယ်။
2013-09-18
ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ခွဲမှာ မနေ့ညနေပိုင်းက အစိုးရစစ်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ တိုက်ပွဲဖြစ်ပွားခဲ့ ပါတယ်။
2013-09-18
ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း အမှတ် ၁၄ တန်းမြှင့် စစ်လေ့ကျင့်ရေး သင်တန်းကျောင်း ဆောက်လုပ်ရေးစီမံကိန်းအတွက် သိမ်းယူထားခဲ့တဲ့ လယ်မြေတွေကို ကယားပြည်နယ် အစိုးရက တခြားလယ်ယာမြေတွေနဲ့ အစားထိုးပြန်ပေးမယ့် အစီအစဉ်ကို လယ်သမားတွေဘက်က ငြင်းပယ်လိုက်တယ် လို့ သိရပါတယ်။
2013-09-18
မြေသိမ်း၊ ယာသိမ်းကိစ္စတွေဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် အတား အဆီးဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စစ်ဆေးရေးအဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ဒီနေ့ ပြောပါတယ်။