သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-16
တရုတ်နိုင်ငံ ရွှေလီမြို့ကို အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ ရှမ်း၊ ပလောင်တိုင်းရင်းသား လေးဦးဟာ ဟိုနောင်-နမ့်ပန်း ကူးတို့ဆိပ်အရောက်မှာ ပျောက်ဆုံးနေခဲ့တာ ၁ လနီးပါးရှိနေပြီဖြစ်ကြောင်း သူတို့ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
2018-09-16
မြန်မာနိုင်ငံကို အထီးကျန်ထားခြင်းထက် ထိတွေ့ဆက်ဆံရေးက ဒီမိုကရေစီအောင်မြင်ရေးအတွက် အရေးပါကြောင်း မြန်မာရင်းနှီးမြှုပ်နှံရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Serge Pun ခေါ် ဦးသိမ်းဝေက ပြောလိုက်ပါတယ်။
2018-09-16
နိုင်ငံတော်ကပေးထားတဲ့ ဘဏ္ဍာငွေတွေကို ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲတာဟာ တရားမျှတမှု မရှိဘူးလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောလိုက်ပါတယ်။
2018-09-16
လွတ်လပ်စွာသတင်းယူခွင့်ရရှိရေးနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ဦး လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့တော်ခန်းမရှေ့မှာ သတင်းမီဒီယာသမား ၁၀၀ ကျော် တနင်္ဂနွေနေ့ညနေက စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။
2018-09-16
ပစိဖိတ်သမုဒ္ဒရာကနေ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်တိုက်လာတဲ့ မန်းကွတ် တိုင်ဖုန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၂ ယောက်သေဆုံးပြီး၊ မြေတွေပြို၊ အိမ်တွေ ပျက်စီးသွားပါတယ်။
2018-09-16
မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကြိုးပမ်းမှုကို ဗီယက်နမ်က ကူညီပေးမယ်လို့ သမ္မတ ကျန်ဒိုင်ကွမ်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဟနွိုင်းမြို့မှာ အတည်ပြု ပြောဆိုလိုက်ပါတယ်။
2018-09-15
မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ အိန္ဒိယနိုင်ငံထဲ ဝင်မလာနိုင်အောင် ပိုင်ပိုင်နိုင်နိုင် တားမြစ်နိုင်ခဲ့တယ်လို့ အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ရဲ့ ညွှန်ကြားရေးမှူးချုပ် K.K.Sharma က မနေ့က စနေနေ့မှာ ပြောလိုက်ပါတယ်။
2018-09-15
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဗြိတိန်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပြသဖို့အခွင့်အလမ်းဖြစ်တယ်လို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသားခွင့်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Kate Allen က မနေ့က စနေနေ့မှာ ပြောလိုက်ပါတယ်။
2018-09-15
အိန္ဒိယနိုင်ငံထုတ် နာမည်ကျော် The Hindu သတင်းစာက ရိုဟင်ဂျာ ပဋိပက္ခနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေရဲ့ ဖိအားပေးမှုကြောင့် တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ပိုမို ခိုင်မြဲသွားခဲ့ဲပြီလို့ မနေ့က ရေးသားလိုက်ပါတယ်။
2018-09-15
သတင်းမီဒီယာသမားတွေအနေနဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့ လိုအပ်ကြောင်း ရရှိမယ့်သတင်းရလဒ်နဲ့ ပေးဆပ်ရမယ့် တန်ဖိုးပေါ်မူတည်ပြီး လုပ်ကိုင်ဖို့ ပြန်ကြားဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်လှထွန်းက ပြောကြားလိုက်ပါတယ်။
2018-09-15
ပစိဖိတ်သမုဒ္ဒရာမှာဖြစ်နေတဲ့ စူပါတိုင်းဖွန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ အရှေ့ပိုင်းကို လေဖိအားနည်း ရပ်ဝန်းအနေနဲ့ စက်တင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။
2018-09-15
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ "ဝ"ဒေသမှာ အစွန်းရောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တချို့ကို UWSA က စစ်ဆေးနေပါတယ်။
2018-09-15
အစိုးရနဲ့ တပ်မတော်က ရခိုင်လူမျိုးတို့အပေါ် ဥပဒေမဲ့ ကျူးလွန်နေတာတွေကို အချက်အလက် သက်သေတွေ စုဆောင်းပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေထံ တိုင်ကြားသွားမယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဒီနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2018-09-15
ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစားလုပ်သူတွေ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ မညီညွတ်တဲ့ နည်းလမ်းနဲ့ ပြည်သူ့အာဏာကို ရယူဖို့ ကြိုးစားသူတွေဟာ ဒီမိုကရေစီရဲ့ အန္တရာယ်တွေဖြစ်တယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။
2018-09-15
ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးကို တာဝန်ကနေ ရပ်စဲလိုက်ပြီဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။