သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်က မကွေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာအောင်မိုးညိုအပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ အမှုကို အောက်တိုဘာလ ၆ ရက် မနေ့ကစပြီး မကွေးထောင်ထဲမှာ စစ်ဆေး ခဲ့ပါတယ်။
2021-10-07
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲမှာ လက်ရှိအချိန်အထိ တရားဝင် နုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူး ၄၄ ဦးရှိပြီလို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက RFA ကို ပြောပါတယ်။
2021-10-07
ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ နေထိုင်သူတစ်ဦးဟာ မီးလောင်ထားတဲ့ သူ့နေအိမ်ကို အောက်တိုဘာလ ၆ ရက် မနေ့က ပြန်လာကြည့်ချိန်မှာ စစ်ကောင်စီတပ်သားတွေ ပစ်တာခံရပြီး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။
2021-10-07
မကွေးတိုင်း၊ ဂန့်ဂေါမြို့ကနေ ကလေးဘက်ကို အောက်တိုဘာလ ၇ ရက် ဒီနေ့မနက်ပိုင်း ချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ စိုင်ဒူးရွာထဲဝင်ပြီး ရွာသား ၅၀ နီးပါးကို ဟားခါး - ကလေးလမ်းဆုံအထိ ဖမ်းဆီးခေါ်ဆောင်သွားကာ ၁၁ နာရီခန့်မှာမှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-06
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့၊ မြန်မာနိုင်ငံက အရပ်ဘက် အဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီဖို့နဲ့ မြန်မာစစ်တပ် က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်ပေးဖို့ အချက်တွေ ပါဝင်တဲ့ Burma Act ဥပဒေ မူကြမ်းကို အမေရိကန် လွှတ်တော်အမတ်သုံးဦးက ဦးဆောင်ပြီး မနေ့က အမေရိကန် အောက်လွှတ်တော်မှာ တင်သွင်းခဲ့ ပါတယ်။
2021-10-06
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ကားအစီးရေ ၅၀ ကျော်ပါတဲ့ ယာဉ်တန်းကို ပဒေသာဆွဲမိုင်း ၁၄ လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကားငါးစီးနဲ့ တင့်ကား တစ်စီးပျက်စီးခဲ့သလို စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးပြီး ၃၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ်- ဂန့်ဂေါ (YDF – Gangaw) က ဒီနေ့ ထုတ်ပြန်ပါတယ်။
2021-10-06
ကမာရွတ်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အောင်ချမ်းသာ ၄ လမ်းနဲ့ ရတနာလမ်း ထဲကို အောက်တိုဘာလ ၅ ရက် မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေပြီး ညနေ ၄ နာရီခန့်လောက်မှာတော့ အောင်ချမ်းသာ ၄ လမ်းက ပြည်သူ သုံးဦးကို ဖမ်းဆီးသွား တယ်လို့ အနီးအနားမှာ နေထိုင်သူတွေကပြောပါတယ်။
2021-10-06
လာမယ့် အောက်တိုဘာလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့မှာ အွန်လိုင်းက ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို တက်ရောက်ခွင့် မပြုဖို့ အာဆီယံခေါင်းဆောင်တွေ စည်းဝေးတိုင်ပင်နေကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စား လှယ် ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) Erywan Yusof, က ပြောလိုက်ပါတယ်။
2021-10-06
ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထိုးနှံရေး မဟာမိတ်အဖွဲ့ (GAVI) အနေနဲ့ Covax အစီအစဉ်နဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေကို လေးကြိမ်မြောက်အထိ ကိုဗစ် - ၁၉ ကာကွယ်ဆေးပေးပို့ ကူညီထားပေမယ့် မြန်မာနိုင်ငံကို အခုထိတစ်ကြိမ်မှ မပို့ဘူးလို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2021-10-06
ပြီးခဲ့တဲ့ရက်ပိုင်းက စံချိန်တင်မြင့်တက်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ မနေ့က ပြင်ပအရောင်းအဝယ် ဈေးကွက်မှာ တစ်ဒေါ်လာကို ၂၀၀၀ ကျပ်အောက် အနည်း ငယ်အထိ ပြန်ကျခဲ့ပေမယ့် အောက်တိုဘာ ၆ ရက် ဒီနေ့မှာတော့ ၂၂၀၀ ဝန်းကျင် အထိ ပြန်တက်လာခဲ့ပါတယ်။
2021-10-06
တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့မှာ ယာယီနေထိုင်ခွင့် ပေါက်ဖော်ကတ်နဲ့ နေသူတွေကို သက်တမ်းထပ်တိုးမပေးတော့ဘဲ နေရပ်ပြန်ခိုင်းနေတယ်လို့ ဝမ်တိန်မှာရှိတဲ့ မြန်မာနိုင်ငံသားတွေက RFA ကို ပြောပါတယ်။
2021-10-06
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ငါးဦးရဲ့ နေအိမ်တွေကို အောက်တိုဘာလ ၅ ရက် မနေ့ညပိုင်းက အကြမ်းဖက်ဥပဒေအရ ပြည်သူပိုင်သိမ်းဆည်းကြောင်း စစ်ကောင်စီခန့် ရွာအုပ် ချုပ်ရေးမှူးက ကြေညာသွားတယ်လို့ သိမ်းဆည်းခံလိုက်ရတဲ့ နေအိမ်ပိုင်ရှင်တွေက RFA ကို ပြောပါတယ်။
2021-10-06
မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ အောက်တိုဘာလ ၅ ရက် မနေ့ညနေပိုင်းက ဂန့်ဂေါဘက်ကို ချီတက်လာတဲ့ အစီးရေ ၅၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
2021-10-05
ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းကိုင်မြို့နယ် ကုန်းပေါင်းကျေးရွာမှာ ရှမ်းလက်နက် ကိုင်နှစ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ RCSS တပ်တွေ တိုက်ပွဲပြင်းထန်နေပြီး အပြန်အလှန် လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် တောင်ယာလုပ်ပြီး ပြန်လာတဲ့ မိသားစုဝင်လေးဦး လက်နက်ကြီး စထိမှန်ခဲ့ပြီး အိမ်ထောင်ဦးစီးဖြစ်သူ သေဆုံးခဲ့ တယ်လို့ ကူညီပေးနေသူ မိုင်းကိုင်မြို့ခံက RFA ကို ဒီနေ့ပြောပါတယ်။
2021-10-05
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့အခြေစိုက် တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ ဝန်ထမ်းတစ်ဦး၊ တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင်က ကျောင်းဆရာ ငါးဦးနဲ့ ရွှေဖီမြေသတင်းထောက် အမျိုးသမီးတစ်ဦးတို့ကို စက်တင်ဘာလ ၂၅ ရက်နေ့ညမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့အပေါ် ကန့်ကွက်ကြောင်း တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ (TPCC) က ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။