သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-16
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူရပ်ကွက် (၂) က ရှမ်းကုန်းပျံကျဈေးမှာ ဒီကနေ့ မနက်ပိုင်းက မီးလောင် မှုဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၁၁ လုံး မီးထဲပါသွားပြီး တန်ဖိုးငွေကျပ်သိန်း ၂၈၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
2017-08-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌဟောင်း ဦးအောင်ရွှေရဲ့ ဈာပန အခမ်းအနားကို သြဂုတ်လ ၁၇ ရက်နေ့ မနက်ဖြန် မနက် ၁၀နာရီ ရန်ကုန် မြို့ ရေဝေးသုသာန်မှာ ပါတီကဦးဆောင်ပြုလုပ် မှာ ဖြစ်ပါတယ်။
2017-08-15
လာမယ့် စက်တင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်မယ့် ရွှေဝါရောင်တော်လှန်ရေး ၁ဝ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ တော်လှန်ရေးကာလက တောင်းဆိုခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေး နဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ တောင်းဆိုသွားမယ် လို့ ရွှေဝါရောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးစန္ဒာသီရိက မိန့်ကြားပါတယ်။
2017-08-15
ဒီရက်ပိုင်းအတွင်း မိုးကြီးပြီး ဧရာဝတီမြစ်ရေတက်လာတာကြောင့် ဗန်းမော်ခရိုင်က ဒေသခံ တစ်ထောင်ကျော်ဟာ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံနေကြရတယ်လို့ သိရပါတယ်။
2017-08-15
၈၈ မျိုးဆက်တွေအဓိက ပါဝင်ဖွဲ့စည်းမယ့် နိုင်ငံရေးပါတီဖြစ်မြောက်ရေးအတွက် ဗဟိုစည်း ရုံးရေးကော်မတီ တာဝန်ရှိသူတွေဟာ ပထမဆုံးအဖြစ် ဒီနေ့ပုသိမ်မြို့မှာ ဧရာဝတီတိုင်း စည်းရုံးကော်မတီကို သွားရောက်ဖွဲ့စည်းခဲ့ပါတယ်။
2017-08-15
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ နဲ့ တောင်ငူအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသားဟောင်း ကိုအောင်ထက် ကို တောင်ငူမြို့နယ်တရားရုံးက ဒီကနေ့ အာမခံပေးလိုက်ပါတယ်။
2017-08-15
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွက် ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေ တာကြောင့် ခန္တီးမြို့နယ်က ကျော်က လူဦးရေ ၂၅၀၀ ဟာ ရေဘေးလွတ်ရာနေရာတွေ ကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ သိရပါတယ်။
2017-08-15
ရိုက်တာသတင်းဌာနက ရေးသားခဲ့တဲ့ သတင်းဆောင်းပါးတစ်ပုဒ်ဟာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး သတင်းဌာနကို အရေးယူပေးဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီထံ တိုင်ကြားစာပေးပို့ထားပါတယ်။
2017-08-14
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာကျင်းပခဲ့တဲ့ ၆၇ ကြိမ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို စစ်ရေးမပြဖို့ တားမြစ်မှုတွေရှိခဲ့ပြီး အစိုးရစစ်တပ်က လက်နက် အပြည့်အစုံနဲ့ အခမ်းအနားကို လာရောက်ဟန့်တားမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
2017-08-14
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ နှိမ်နင်းနိုင်ဖို့ တပ်မတော်က ရဟတ်ယာဉ်နဲ့ သံချပ်ကာကားတွေကိုပါ အသုံးပြုသွားမယ်လို့ နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2017-08-14
ပြည်နယ်နဲ့ တိုင်းဒေသကြီး ၅ ခုမှာ ရာသီ တုပ်ကွေး H1N1 ရောဂါပိုး တွေ့ရှိသူ ၅ ဦး ထပ်မံတိုးလာတာကြောင့် လက်ရှိ အချိန်အထိ ရောဂါပိုးတွေ့ရှိသူ ၂၃၅ ဦး ရှိလာပြီ ဖြစ်ပါတယ်။
2017-08-14
ကချင်ပြည်နယ် တနိုင်းမြို့နဲ့ ဖားကန့်မြို့နယ်တွေမှာ တရားမဝင် ရွှေမှော်နဲ့ ပယင်းမှော် တူးဖော်နေ တာတွေ ကို ပြည်ထောင်စုအစိုးရအနေနဲ့ ကြပ်မတ်ဆောင် ရွက်ပေးဖို့အဆိုကို ကန့်ကွက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရှိ ခဲ့ပေမယ့် မဲခွဲဆုံးဖြတ်တာမရှိပဲ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2017-08-14
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းက ကဆုန့်ကျေးရွာအနီးမှာ တပ်မတော် နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ အခုလ ၁၀ ရက်နေ့ကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကဆုန့်ကျေးရွာနဲ့ ၁၁ မိုင်ခန့်ဝေးတဲ့ နမ္မတီးမြို့ပေါ်နဲ့ လမ်းဂွကျေးရွာကို ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
2017-08-14
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင်း အိမ်ထောင်စု ၆၀ ကျော် က လူဦးရေ ၂၀၀ ကျော်ဟာ ယာယီကယ်ဆယ်ရေးစခန်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။
2017-08-13
ထိုင်းနိုင်ငံကို လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့က သြဂုတ်လ ၁၃ ရက်နေ့က ဘန်ကောက်မြို့အနီး အိမ်တစ်အိမ်ကနေ ကယ်ဆယ်နိုင်ခဲ့ပါတယ်။