သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-09
၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ မဲဆွယ်စည်းရုံးရေးကာလအတွင်း ပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြမ်းဖက်မှုတွေပိုများခဲ့ပြီး ၂၀၁၅ တုန်းကအခြေအနေနဲ့ ကွဲလွဲခဲ့တယ်လို့ ရွေးကောက်ပွဲလေ့လာသူတွေက သုံးသပ်ကြပါတယ်။
2020-11-08
ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာ အခုဆိုရင် နှစ်နှစ်နီးပါးအထိ ကြာမြင့်နေပြီဖြစ်ပါတယ်။ အဲဒီလို တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့ ရခိုင်ပြည်သူတွေဟာ ရွေးကောက်ပွဲပြီးရင် ပေါ်ပေါက်လာမယ့် အစိုးရသစ်ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုဖော်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
2020-11-06
ပြည်တွင်း စီးပွားရေးလုပ်ငန်းတချို့ဟာ နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်တွေကို အဆင့်မြင့် အစိုးရ ရာရှိတွေနဲ့ သီးသန့်တွေ့ဆုံနိုင်အောင် ချိတ်ဆက်ပေးတဲ့ အလုပ်ကို စီးပွားဖြစ် လုပ်ကိုင်နေကြတာဟာ အကျင့်ပျက်ခြစားမှုတွေ ဖြစ်လာအောင် အားပေးရာရောက်နေတယ်လို့ ပြည်တွင်းက ကျွမ်းကျင်သူတွေက ပြောပါတယ်။
2020-11-06
ရန်ကုန်တိုင်းမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေက ကရင်စာပေနဲ့ယဉ်ကျေးမှုကို ပိုမိုထိန်းသိမ်းနိုင်မယ့် အခြေအနေ ပေါ်ပေါက်လာစေချင်ပါတယ်။
2020-11-06
ရန်ကုန်တိုင်း သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် (၁) ကနေ လက်ရှိ တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနဲ့ ယှဉ်ပြိုင်သွားမယ့်သူတစ်ယောက်ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက အစ္စလာမ်ဘာသာဝင် အမတ်လောင်း ဦးအောင်ကြီး ဖြစ်ပါတယ်။
2020-11-05
နိုဝင်ဘာ ၄ ရက်နေ့ အစိုးရသတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ကာကွယ်ရေးဦစီးချုပ် ကို ရည်ညွန်းကာ နိုင်ငံ့ဝန်ထမ်းတွေဟာပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ ပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး တပ်မတော်က ကြေညာချက်တစောင် နိုဝင်ဘာ ၅ ရက် မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
2020-11-05
ရွေးကောက်ပွဲမှာ မဲပေးမယ့် တပ်မတော်သားတွေရဲ့ အချက်အလက်တွေနဲ့ မဲစာရင်းအတိအကျတွေကို သက်ဆိုင်ရာဒေသ ရွေးကောက်ပွဲကော်မရှင်တွေဘက်က ထုတ်ပြန်ထားတာမရှိပါဘူး။ ပွင့်လင်းမြင်သာမှု ရှိသင့်တယ်လို့ ဝေဖန်ကြပေမယ့် တပ်ကတော့ လုံခြုံရေးက အရေးကြီးတယ်လို့ တုံ့ပြန်ပါတယ်။
2020-11-04
တပ်မတော်က ရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရကို ပြစ်တင်ပြောဆိုခဲ့တာတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က မနေ့က ပြောဆိုခဲ့ပါတယ်။ တပ်မတော်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီပြောဆိုချက်တွေကို ငြင်းဆိုပါတယ်။
2020-11-04
မဲဆန္ဒရှင်ပြည်သူတွေက သူတို့ ရွေးချယ်ရမယ့် ပါတီတွေကို မဲပေးဖို့ ပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့ ပါတီတွေအနေနဲ့တော့ ကိုဗစ်ရောဂါကပ်ဘေးကြောင့် ဝန်းရံသူတွေ စီတန်းလှည့်လည်ကြတာကလွဲလို့ မဲဆွယ်စည်းရုံးမှုတွေ အားနည်းခဲ့ရတယ်လို့ ပြောပါတယ်။
2020-11-04
မွန်ပြည်နယ်က ကြိုတင်မဲထည့်သူတွေက သူတို့မှာ မတူညီတဲ့မျှော်လင့်ချက်တွေ ရှိနေကြတယ်လို့ ပြောပါတယ်။ ကပ်ဘေးကာလအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရမှာ စိုးရိမ်ပြီး အိမ်မှာပဲ နေကြပေမယ့် ကြိုတင်မဲထည့်ဖို့ အတွက်တော့ စိတ်အားထက်သန်နေကြပါတယ်။
2020-11-03
ချင်းပြည်နယ်မှာ အများဆုံးတွေ့ရတဲ့ ပြည်ပပို့ကုန် ဝဥ ထုတ်လုပ်ရေးလုပ်ငန်းဟာ ကပ်ဘေးကာလ ကုန်သွယ်ရေး အဆင်မပြေမှုဒဏ်ကို ခံနေရပါတယ်။ အဓိက ဝယ်ယူတဲ့ တရုတ်ပြည်ကို တင်ပို့ရောင်းချဖို့ ခက်ခဲလာတဲ့အတွက် တခြားပြည်ပ ဈေးကွက်တွေကိုလည်း ဖော်ဆောင်ပေးစေလိုတယ်လို့ ဝဥ စိုက်ပျိုးထုတ်လုပ်သူတချို့က ပြောပါတယ်။
2020-11-03
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ရှိဆောင်ရွက်ချက်တွေကြောင့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးအတွက် သံသယရှိကြောင်းနဲ့ ဒီကိစ္စအတွက် အစိုးရမှာ တာဝန်ရှိကြောင်း ဖော်ပြထားပါတယ်။
2020-11-03
အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေရဲ့ ကြိုတင်မဲတွေကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ကောက်ယူနေရာမှာ အမျိုးမျိုးသော ပြဿနာတွေရှိနေပြီး ဒီလိုပြဿနာတွေဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ အားနည်းချက် ကြောင့်ဖြစ်တယ်လို့ ပြောဆိုနေပါတယ်။
2020-11-02
ဝရမ်းပြေးအဖြစ်နဲ့ တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ ဦးဝီရသူဟာ ဒီနေ့ အောက်တိုဘာ ၂ရက်နေ့မှာ ရန်ကုန်တိုင်း ဒဂုံမြို့နယ်က အနောက်ပိုင်းခရိုင် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။ အခုလိုအဖမ်းခံတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက် ရှိနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2020-11-02
၂၀၂၀ ရွေးကောက်ပွဲပြီးနောက် တက်လာမယ့်အစိုးရဟာ ပြည်သူတွေရဲ့ အသံကို နားထောင်ပြီး ဒေသလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် အစိုးရတစ်ရပ် ဖြစ်လာဖို့ ကရင်လူထုက မျှော်လင့်နေပါတယ်။