သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-20
ပြီးခဲ့တဲ့ အပတ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာ (Noeleen Heyzer) မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ကြောင့် တိုးတက်ပြောင်းလဲမှု မရှိခဲ့တဲ့ အပြင် စစ်ကောင်စီရဲ့ဝါဒဖြန့်ချီမှုတွေအတွက် အသုံးချခံ ဖြစ်သွားတယ်လို့ ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူတွေ သုံးသပ်သူတွေက ပြောပါတယ်။
2022-08-20
လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ခြေလျင်ခြေမြန် တပ်ဖွဲ့ အင်အားဟာ တစ်သိန်း ခန့်ပဲရှိတယ်လို့ CDM အရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် အဲဒီတပ်ဖွဲ့ဝင်တွေ အများစုဟာလည်း ခံယူချက် မရှိတဲ့ လူဆိုးလူမိုက် အခြေအနေမဲ့တွေ ဖြစ်ကြတဲ့အတွက် ရည်မှန်းချက်မြင့်မြတ်တဲ့ EAO ၊ PDF စတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်ရာမှာ စိတ်ဓာတ်ရော တိုက်ခိုက်စွမ်းရည်ပါ ယှဉ်ပြိုင်နိုင်ခြင်း မရှိဘူးလို့ ဝေဖန်သူတွေက ပြောပါတယ်။
2022-08-19
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်က ဒုက္ခသည်စခန်း သုံးခုကို လာမယ့် ၂၀၂၃ ဧပြီမှာ အပြီးပိတ်သိမ်းဖို့ ရှမ်းပြည်နယ် စစ်ကောင်စီတာဝန်ရှိသူတွေက ညွှန်ကြားထားတဲ့အတွက် နေရပ်ပြန်ရေးနဲ့ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
2022-08-19
ဖားကန့်မြို့နယ်ဟာ ကချင်ပြည်နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး အားအကောင်းဆုံး မြို့နယ်တစ်ခုဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက မြို့ပြလူထုသပိတ်တွေ အင်နဲ့အားနဲ့ စတင်ခဲ့ပြီး အခုချိန်ထက် ပြောက်ကျားစနစ်နဲ့ လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။
2022-08-19
စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကနေ ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ပယ်ခံထားရသလို ကျန်အလုပ်သမားတွေဟာလည်း လုပ်ငန်းခွင်တွင်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတယ်လို့ ကာယကံရှင်အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။
2022-08-18
မကွေးတိုင်း ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ငတရော်ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဩဂုတ်လ ၁၇ ရက် မနေ့ မနက် ၁၀ နာရီခွဲကနေ ဒီကနေ့မနက်အထိ ဝင်ရောက်မီးရှို့နေတာကြောင့် နေအိမ် ၄၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးသွားတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
2022-08-18
၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာသိမ်းတစ်နှစ်ပြည့်ပြီးတဲ့နောက် စစ်ကောင်စီရဲ့ သက်တမ်းတိုးခွင့်ဟာ တစ်ကြိမ်ကို ခြောက်လနဲ့ နှစ်ကြိမ်သာ ရရှိတာမို့ အခု ဒုတိယအကြိမ် သက်တမ်းတိုးကာလဟာ စစ်ကောင်စီအတွက် ရွေးကောက်ပွဲမတိုင်ခင် အရေးကြီးတဲ့ကာလ ဖြစ်ပါတယ်။
2022-08-17
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့ ဆန္ဒရှိကြပေမယ့် မြန်မာနိုင်ငံမှာ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ အခြေအနေမရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ် သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး မီရှဲလ် ဘက်ချလက်က ပြောလိုက်ပါတယ်။
2022-08-17
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာ အနေနဲ့ မိမိခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်တွေကို ထိရောက်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး၊ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ ခရီးစဉ်မျိုး မဖြစ်အောင် သတိထားဖို့ လိုအပ်တယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက တိုက်တွန်းလိုက်ပါတယ်။
2022-08-17
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ တပ်မဟာ (၁) ကနေ (၆) အတွင်းမှာ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ဘေးဒုက္ခသည် သုံးသိန်းခွဲကျော် (၃၅၆,၆၇၄ ဦး) အထိ တိုးလာခဲ့တယ်လို့ KNU က ဩဂုတ်လ ၁၆ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2022-08-16
စစ်ကောင်စီတပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက ဆက်ဆံရေးဟာ အဖွဲ့အစည်းသဘောထက် ပုဂ္ဂိုလ်ရေး သဘောပိုကဲတယ်လို့ သုတေသနတစ်ရပ်က ဆိုပါတယ်။
2022-08-16
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တရားမဝင်လုပ်ငန်းတွေကရရှိတဲ့ ငွေကြေးတွေနဲ့ သုံးမကုန်အောင် ချမ်းသာကြွယ်ဝနေကြတာဖြစ်တယ်လို့ စစ်တပ်နဲ့ သံတမန်အသိုင်းအဝိုင်းကနေ ပြည်သူနဲ့ပူးပေါင်းပြီး CDM လုပ်လာသူတွေက ပြောပါတယ်။
2022-08-16
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ဝန်းကြီးရွာက လူငယ်ခုနစ်ဦးဟာ ဩဂုတ်လ ၁၄ ရက်နေ့က ဗန်းမော်မြို့ဘက်ကို ရွှေတူးဖော်ရေးအလုပ်အတွက် သွားရောက်ရာကနေ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် သတ်ဖြတ်ခံထားရတဲ့ သူတို့ရဲ့ ရုပ်အလောင်းတွေကို ဩဂုတ်လ ၁၅ ရက် မနေ့က ဒေသခံတွေ တွေ့ရှိခဲ့ကြရပါတယ်။
2022-08-16
ဖိနှိပ်သတ်ဖြတ်မှုတွေ ပိုကျူးလွန်လာတဲ့ မြန်မာစစ်ကောင်စီကို သံတမန်ရေး ဖိအားနဲ့တင် မလုံလောက်ဘဲ ဝင်ငွေများစွာရရှိနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့ Justice for Myanmar နဲ့ Blood Money Campaign သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့လို လူ့အခွင့်အရေးအဖွဲ့တွေက အစဉ်တစိုက် တောင်းဆိုနေပါတယ်။
2022-08-16
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျေ့ာပြန်တိုက်ပွဲတွေ ပြင်းထန်လာနေပြီး ဇူလိုင်လ ၁၈ ရက်နေ့ကနေ ဒီနေ့အထိ အချိန်တစ်လနီးပါးအတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။