သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-08
ကမ္ဘာမှာ ဓနအင်အားနဲ့ စစ်အင်အား နံပတ်တစ်နေရာမှာ ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ သြဇာအရှိဆုံးဖြစ်တဲ့ သမ္မတ Donald Trump အနေနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်သုံးပြီး ဖြိုခွင်းချင်ပေမဲ့ တကယ့်လက်တွေ့မှာ အကောင်အထည် မဖော်နိုင်တာဟာ ဖက်ဒရယ်စနစ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားကောင်းချက်ကြောင့်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
2020-06-08
ဇွန်လ ၈ ရက်နေ့လယ်ပိုင်းအထိ လူဦးရေ ခြောက်သောင်းခွဲကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရိုဟင်ဂျာဒုက္ခသည်တချို့ဟာ ဒီရက်ပိုင်းအတွင်း တရားမဝင် လမ်းကြောင်းကနေ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲ ဝင်ရောက်လာတာတွေကြောင့် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု အန္တရာယ်အတွက် ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စိုးရိမ်နေကြပါတယ်။
2020-06-08
တပ်မတော်နဲ့ KIA တို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ ကိုးနှစ်ပြည့်တော့မှာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကလည်း အမြန်ဆုံး နေရပ်ပြန်ခွင့်ရဖို့ကို မျှော်လင့်နေကြပါတယ်။
2020-06-07
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမယ့် ၅ လအကြာမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပေမယ့် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အများအပြားကတော့ ရွေးကောက်ပွဲကို စိတ်မဝင်စားနိုင်ကြပါဘူး။
2020-06-07
AA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခံရသူ ရသေ့တောင်မြို့နယ် ကုန်းတန်းကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးမှူး ကိုစိုးသူဝင်းကို အေအေဘက်က ပြန်လွှတ်ပေးလိုက်ပါတယ်။ ကိုစိုးဝင်းဟာ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် ရှမ်းကိုင်းရွာကဖြစ်ပြီး ပြန်လွတ်လာချိန်မှာ ရွာကိုပြန်လာခဲ့ပါတယ်။
2020-06-07
အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က ဂျော့ဖလွိုက် ဆိုတဲ့ လူမည်း အမျိုးသား ရဲတပ်ဖွဲ့ဝင်တွေ ထိန်းသိမ်းထားစဉ်အတွင်း သေဆုံးတဲ့ဖြစ်ရပ်နဲ့ အမေရိကန်မြို့ကြီးတွေမှာ ဆန္ဒပြသူတွေကို ဖြိုခွင်းတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေအကြားမှာ စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့ပြီး၊ မြန်မာနိုင်ငံက အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နှိုင်းယှဉ်သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။
2020-06-05
ရန်ကုန်မြို့မှာ ဇွန်လ ၂ ရက်နေ့က YBS အမှတ် ၄ဝ ယာဉ်တစင်း မဆင်မခြင် မောင်းနှင်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး တရားဥပဒေရှုဒေါင့်က ရှုမြင်ပုံတချို့ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2020-06-05
မြန်မာနိုင်ငံမှာ အခုနှစ်ဆန်းပိုင်း ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရက ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးဝါး ပမာဏဟာ ၁၈ တန်ရှိပြီး ဒါဟာ အာရှတိုက်မှာ အများဆုံး စံချိန်တင် ဖမ်းဆီးမိခဲ့တဲ့ပမာဏ ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးက ပြောပါတယ်။
2020-06-05
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့က စစ်ရှောင်စခန်း ၈ ခုမှာ စစ်ဘေးဒုက္ခသည် ၃၀၀၀ နီးပါး ခိုလှုံနေကြပါတယ်။ စစ်ဘေးဒုက္ခသည်တွေထဲမှာ တိုက်ပွဲကြောင့် မိသားစု နဲ့ တကွဲတပြားဖြစ်နေသူတွေ၊ ကိုယ်လက်အင်္ဂါ ထိခိုက်ခဲ့သူတွေနဲ့ ရရှိဖို့ခက်ခဲတဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားကအစ နေအိမ်အထိ မီးလောင်ဆုံးရှုံးခဲ့သူတွေရှိနေပါတယ်။
2020-06-04
မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲတွေ ကို ပုံမှန်အတိုင်း လာမယ့် နိုဝင်ဘာလအတွင်း ကျင်းပမယ်လို့ မနေ့က ပြောကြား ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်နဲ့ ဝဒေသတွေမှာ ကျင်းပနိုင်ခြေ ရှိမရှိကိုတော့ ဆွေးနွေးနေဆဲပဲလို့ ဆိုပါတယ်။
2020-06-04
အမေရိကန်ပြည်ထောင်စု မင်နီဆိုးဒါးပြည်နယ် မင်နီအဲပလစ်မြို့မှာ လူဖြူရဲအရာရှိတယောက်က လူမည်းတယောက်ကို ဖမ်းတဲ့အချိန်မှာ လည်ပင်းကို ဒူးနဲ့အကြာကြီးဖိထားလို့ အသက်ရှုကြပ်ပြီး သေဆုံးသွားရတဲ့ ဖြစ်ရပ်ကြောင့် နိုင်ငံအနှံ့အပြားအပြင် ပြည်ပနိုင်ငံတချို့မှာပါ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့ပါတယ်။
2020-06-04
YBS ၄၀ ယာဉ်နဲ့ အငှားယာဉ်တစ်စီးတိုက်မိပြီး ယာဉ်မောင်းအပါဝင် ခရီးသည် နှစ်ယောက် ဇွန် ၂ ရက်နေ့က သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ခရီးသည်မောင်နှမ နှစ်ယောက်ဟာ နှလုံးရောဂါသည်အမေနဲ့ ဆိုက်ကားနင်းနေတဲ့အဖေကို ပြုစုလုပ်ကျွေးနေသူပါ။ အခုလိုဖြစ်ရပ်ဆိုးကို တခြားသူတွေကိုလည်း မဖြစ်စေချင်လို့ စည်းကမ်းတကျ ကြပ်မတ်စေချင်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။
2020-06-04
ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်လာတဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လကနေ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂ ရက်နေ့ အထိ RFA က ရရှိထားတဲ့ အချက်အလက်တွေအရ အရပ်သား ၂၅၇ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅၆၀ အထိ ရှိလာပါတယ်။
2020-06-03
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းစာရင် အတော်နည်းပါးတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲ ဒီအခြေအနေကို ကျေနပ်ပြီး ပေါ့ဆနေသူတွေကြောင့် ဘယ်လို ဆိုးကျိုးတွေဖြစ်လာနိုင်သလဲ။
2020-06-03
ချင်းတိုင်းရင်းသူတွေဟာ ဓလေ့ထုံးစံတွေကြောင့် အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးမရဘဲ ဆုံးရှုံးနေပါတယ်။ ဒီအခြေအနေ တိုးတက်လာဖို့ဆိုရင် နိုင်ငံရေးမှာ ပိုမို ပါဝင်ရေး ကြိုးပမ်းဖို့ လိုအပ်သလို ဥပဒေပြုပြင်ပြောင်းလဲရေးကိုပါ လုပ်ဆောင်ရမယ်လို့ ချင်းတိုင်းရင်းသား တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။