သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-06-13
အဲဒီခရီးစဉ်ရည်ရွယ်ချက်ထဲမှာ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ အမေရိကန်နိုင်ငံအနေနဲ့ ဒေသတွင်းမဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ သန္နိဌာန်ချထားကြောင်း ပြသဖို့လည်းပါဝင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
2022-06-13
အာဏာသိမ်း တစ်နှစ်ကျော်အတွင်း စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နိုင်ငံတစ်ဝန်း လူနေအိမ် နှစ်သောင်းနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ Data For Myanmar သုတေသနအဖွဲ့ရဲ့ ဇွန်လ ၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2022-06-12
လက်နက်ကိုင်ဆန့်ကျင်မှုတွေကိုဆက်ပြီးလုပ်နေမယ်ဆိုရင် တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေးကိုပါ ထိခိုက်နှောင့်နှေးစေမှာဖြစ်တဲ့အတွက် PDF အပါအဝင် လက်နက်ကိုင်ဆန့်ကျင်နေတဲ့အဖွဲ့အစည်းတွေကို လက်နက်ချကြဖို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာချက်ထုတ်ပြီး ကမ်းလှမ်းလိုက်ပါတယ်။ စစ်ကောင်စီတပ်ကို လက်နက်ကိုင်ပြီး ခုခံတိုက်ခိုက်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို လက်မခံဘူးလို့ တုံ့ပြန်ကြပါတယ်။
2022-06-11
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မှာရှိတဲ့ ဆင်ဖြူရှင်ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဇွန်လ ၉ ရက်နေ့က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အဲဒီဒေသမှာ စစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတာကြောင့် ကျေးရွာပေါင်း ၃၀ ကျော်က လူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-06-11
မြန်မာနိုင်ငံမှာ သေဒဏ်အပြစ်ပေးတာကို မဖျက်သိမ်းရသေးပေမယ့် အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို ကျင့်သုံးတဲ့အတွက် သေဒဏ် အပြစ်ပေးစရာအကြောင်း လုံးဝမရှိဘူးလို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နှစ်ဦးက ဒီလ ၁၀ ရက်က ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
2022-06-10
ထိန်းသိမ်းခံနေရတဲ့ NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးကတော့ NUG, CRPH နဲ့ မဟာမိတ် EAOs တွေကို သူ အပြည့်အဝ ထောက်ခံပြီး ရွေးကောက်ပွဲကို စိတ်ဝင်စားနေတဲ့ သူတွေနဲ့ လက်တွေ့ ပကတိအခြေအနေနဲ့ ကိုက်ညီခြင်း မရှိတဲ့ အတွေးအခေါ်ဟောင်းသမားတွေကို ဆန့်ကျင်တယ်လို့ သူနဲ့ ပုံမှန်တွေ့ဆုံနေတဲ့ ရှေ့နေတစ်ဦးကို ဒီရက်ပိုင်း ပြောဆိုကြောင်း ကြားသိရပါတယ်။
2022-06-10
နေ့စေ့လစေ့ ကလေးမပျက်ကျသင့်ဘဲ ပျက်ကျရတဲ့ သတင်းကြောင့် အင်းစိန်ထောင်မှာ မေလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ အကျဉ်းသူတွေ ဆန္ဒပြတဲ့အတွက် ထောင်အာဏာပိုင်တွေက အဆောင်တချို့မှာ သောက်သုံးရေ ဖြတ်လိုက်လို့ သန့်စင်ခန်းက ရေတွေသုံးနေရတယ်လို့ ထောင်ဝင်စာ သွားတွေ့သူတစ်ယောက်က RFA ကို ပြောပါတယ်။
2022-06-10
RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ခြောက်လအတွင်း ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းမှာ မွတ်စလင် ၆၀၀ ကျော် ဖမ်းဆီးခံလိုက်ရပါတယ်။ သူတို့တွေဟာ ဒုက္ခသည်စခန်းနဲ့ ကျေးရွာတွေမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတာကြောင့် မလေးရှားနိုင်ငံကို တရားမဝင်လမ်း ကြောင်းတွေကနေသွားစဉ် အခုလို ဖမ်းဆီးခံကြရတာပါ။
2022-06-10
အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းထဲက ထားဝယ်၊ ပုလော၊ သရက်ချောင်း၊ ရေဖြူနဲ့ တနင်္သာရီမြို့နယ်တွေမှာ တိုက်ပွဲတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ဒေသခံ တစ်သောင်းကျော်ဟာ အိုးအိမ်စွန့်ခွာခဲ့ရပြီး စစ်ဘေးဒုက္ခသည် ဖြစ်လာခဲ့ပါတယ်။
2022-06-10
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလံကျော်ကျဆင်းတာ လေ့လာတွေ့ရှိရတယ်လို့ လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISP Myanmar က ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2022-06-09
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တခြားမြို့ကြီးတွေက ကလေးတွေ ပညာသင်ယူဖို့ နည်းလမ်း မျိုးစုံနဲ့ ပြင်ဆင်နေချိန် စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာတော့ ကျောင်းသား ၅၀ ရာခိုင်နှုန်းကျော် ပညာသင်ယူခွင့် ဆုံးရှုံးနေပါတယ်။
2022-06-09
မြန်မာနိုင်ငံရဲ့ နေရာတိုင်းနီးပါး ပေါ်ပေါက်နေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်ပုန်ကန်မှုတွေမှာ အသုံးပြုဖို့ CDM စစ်သားတွေစုဖွဲ့ပြီး စစ်လက်နက်လေးမျိုးကို အောင်အောင်မြင်မြင် ထုတ်လုပ်လာနိုင်တယ်လို့ CDM စစ်တပ်အရာရှိတွေက ပြောပါတယ်။
2022-06-08
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ထိ အချိန်တစ်နှစ်ကျော်အတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်မှုတွေနဲ့ ဆက်နွှယ်ပြီး ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်၊ အဆောက်အအုံပေါင်း ၅၈၆ လုံးထက်မနည်း ရှိလာတယ်လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး သုတေသနအဖွဲ့ (ISP-Myanmar) က မေလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
2022-06-08
စစ်တပ်ကအာဏာသိမ်းပြီး လေးလနီးပါးအကြာ ပြီးခဲ့တဲ့နှစ် မေလကတည်းက ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်က ပြည်သူတွေ စစ်ဘေးဒုက္ခသည်ဘဝရောက်ရတာ အခုဆိုရင် တစ်နှစ်ကျော်လာခဲ့ပါပြီ။
2022-06-08
စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခွဲနီးပါး ကြာမြင့်လာချိန်မှာ ပြည်သူလူထုအတွင်း အထူးသဖြင့် ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ နေထိုင်သူတွေအကြား တော်လှန်ရေးအပေါ် အာရုံစိုက်မှု လျှော့နည်းလာတယ်လို့ ဝေဖန်သူတချို့က ပြောပါတယ်။