သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-22
မနေ့က ပြုလုပ်ခဲ့တဲ့ တရုတ်-အာဆီယံ ထိပ်သီးညီလာခံမှာ မြန်မာစစ်ခေါင်းဆောင် ကို ညီလာခံ တက်ခွင့်ပေးဖို့ တရုတ်နိုင်ငံဘက်က တွန်းအားပေးဆောင်ရွက်မှုတွေ ရှိပေမယ့် အာဆီယံနိုင်ငံတွေဘက်က လက်မခံခဲ့တာဟာ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့နဲ့ သက်ဆိုင်ရာ နိုင်ငံတွေအတွက်လည်း ထိခိုက်စရာမရှိတဲ့အတွက်ဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူတွေက ပြောပါတယ်။
2021-11-22
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီနေ့အထိ ကျေးရွာပေါင်း ၂၀ ခန့်က ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-11-21
စစ်ကောင်စီက သူတို့ကို လက်နက်ကိုင်ပြီး ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားတဲ့ လူငယ်တွေကို ဖမ်းဆီးမှုတွေ အခုရက်ပိုင်း သိသိသာသာ တိုးလာနေပါတယ်။ ဒီလိုဖမ်းဆီးရာမှာ လက်နက်ကိုင်တိုက်ပွဲထဲမပါတဲ့ အရပ်သားလူငယ်တွေလည်း ဖမ်းဆီးခံနေရပြီး မဆိုင်တဲ့ ပုဒ်မတွေတပ် အရေးယူခံနေရတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသူတွေက RFA ကို ပြောကြပါတယ်။
2021-11-19
ဒီရက်ပိုင်းအတွင်း ဒီမိုကရေစီပြန်လည်ရရှိရေးလှုပ်ရှားနေတဲ့သူတချို့ ဖမ်းဆီးခံရ တာနဲ့ ပတ်သက်ပြီး ပြည်သူတချို့အတွင်း စိတ်ဓာတ်ကျဆင်းမှုတွေ ပေါ်ပေါက်ခဲ့ပေ မယ့် ဒါဟာ နွေဦးတော်လှန်ရေးအတွက် မလွဲမရှောင်သာ ကြုံတွေ့ရမယ့် အခက်အခဲ စိန်ခေါ်မှုတွေဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ပြီး ပြည်သူနဲ့ ပူးပေါင်းခဲ့တဲ့ အရာရှိတချို့နဲ့ တော်လှန်ရေး မှာ ပါဝင်လှုပ်ရှားနေသူတွေက ပြောပါတယ်။
2021-11-19
ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါဟာ နိုဝင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိလာပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ရက္ခိုင့်တပ်တော် (AA) ထိပ်ပိုင်းခေါင်းဆောင်တွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ခေါင်းဆောင်အချို့ အပါအဝင် တိုင်ရင်းသားနိုင်ငံရေးပါတီတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။
2021-11-18
မြန်မာ့နိုင်ငံရေးပဋိပက္ခတွေကို စေ့စပ်ညှိနှိုင်းဆွေးနွေးရေးနဲ့ အဖြေရှာဖို့ အာဆီယံ အပါအဝင် ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူတို့က တိုက်တွန်းနေတဲ့ကြားကပဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်တွေကို အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲ မဲမသမာ မှုနဲ့ စွပ်စွဲပြီး ထပ်တိုးတရားစွဲခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ စေ့စပ်ဆွေးနွေးရေး မဖြစ်နိုင်ဘူးဆိုတာ ပြသနေတယ် လို့ သုံးသပ်နေကြသလို စစ်ကောင်စီရဲ့ နိုင်ငံရေးကစားကွက်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။
2021-11-18
စစ်ကိုင်းတိုင်း ကလေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေသလို မြို့ပေါ်မှာလည်း စစ်အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒပြမှုတွေ နေ့စဉ်ရှိနေဆဲဖြစ်ပါတယ်။
2021-11-17
တချို့နေရာတွေမှာ မိုးစပါးရိတ်သိမ်းနေပြီး တချို့နေရာတွေ ရိတ်သိမ်းဖို့ ပြင်ဆင်နေ ပေမယ့် စိုက်စရိတ် မတတ်နိုင်တဲ့အတွက် ဆောင်းစပါး မစိုက်နိုင်သူတွေ ဒီနှစ်မှာ များတာမို့ တစ်နိုင်ငံလုံးအတိုင်းအတာအရ ရိက္ခာအခက်အခဲကြုံနိုင်တယ်လို့ တောင်သူလယ်သမားတွေက ပြောကြပါတယ်။
2021-11-17
ကလေးတွေက သူတို့အရင်နေခဲ့တဲ့ ဘဝတွေ အရမ်းလွမ်းတယ်၊ သူတို့ကိုယ်ပိုင်ဘဝ တွေကို လွမ်းနေကြတယ်၊ ကျနော်တို့ရဲဘော်တွေနဲ့ တွေ့ရင် ဘယ်အချိန်မှ အရေး တော်ပုံ အောင်မှာလဲ၊ ဘယ်အချိန်မှ အိမ်ပြန်ရမှာလဲလို့ သူတို့ အမြဲမေးလေ့ရှိတယ်။
2021-11-16
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီဟာ သူတို့အပေါ်ဆန့်ကျင်မှုတွေကို ရပ်တန့်နိုင်ဖို့ လူငယ်တွေကို အဓိကပစ်မှတ်ထားဖိနှိပ်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။
2021-11-16
မြို့လုံးကျွတ်ထွက်ပြေးသွားရတဲ့ ချင်းပြည်နယ် ထန်တလန်မြို့မှာ မိဘမဲ့ဂေဟာ နှစ်ခုရှိပြီး၊ အဲဒီက ကလေး ၄၃ ယောက်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဂေဟာ တာဝန်ခံတွေက RFA ကို ပြောပါတယ်။
2021-11-15
စကော့တလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတု ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ညီလာခံကို မြန်မာနိုင်ငံကိုယ်စား အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ အာဏာ သိမ်းစစ်ကောင်စီတို့က အစီရင်ခံစာတွေ သီးခြား တင်သွင်းခဲ့ကြရာမှာ အစီရင်ခံစာ နှစ်စောင်လုံးမှာ ပါဝင်တဲ့ အချက် အလက်အားလုံး တူနေပြီး တင်သွင်းတဲ့အဖွဲ့နဲ့ လက်မှတ်ရေးထိုးသူ အမည်ပဲကွာခြားနေတာ တွေ့ရပါတယ်။
2021-11-15
အမေရိကန်သတင်းထောက် ဒန်နီဖန်းစတား ကို အာဏာသိမ်း စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုပေမယ့် အလားတူ အပြစ်မရှိဘဲ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာသတင်းထောက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေးတဲ့အတွက် အားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာ စာနယ်ဇင်းသမားတွေ၊ သတင်းလွတ်လပ်ခွင့် ကာကွယ်ရေးအဖွဲ့တွေနဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက စစ်ကောင်စီကို တိုက်တွန်းလိုက်ကြပါတယ်။
2021-11-15
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်ငြိမ်းချမ်းရေးသံတမန် ဒေါက်တာ ဆာဆာကာဝါ၊ တရုတ် အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကော်ရှန်းနဲ့ ထိုင်း ဒု-ဝန်ကြီးချုပ် ဒွန်ပရာမူဝီနိုင်း တို့ သုံးဦး နိုဝင်ဘာ ၁၂ ရက်ကစလို့ မြန်မာနိုင်ငံကို ရှေ့ဆင့်နောက်ဆင့် ရောက်လာကြပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2021-11-11
စစ်တပ်က အာဏာသိမ်းလိုက်တာကို လက်မခံဘဲ တူမီးသေနတ်တွေကို အသုံးပြုပြီး ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေကြတဲ့ စစ်ကိုင်းတိုင်းမှာ အမျိုးသားတွေတင် မကဘဲ အမျိုးသမီးတွေကပါ အဖွဲ့အစည်း တစ်ခုထူထောင်ပြီး စစ်အာဏာရှင်ကို ခုခံတော်လှန်မှု စတင်နေပြီ ဖြစ်ပါတယ်။