သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-24
မြန်မာနိုင်ငံတစ်ဝန်းမှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေအားလုံးကို ဇန်နဝါရီလ ၁၇ ရက်နေ့ကစလို့ စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ရပ်နားလိုက်တာကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်၊ အလည်အပတ် စတဲ့ ရည်ရွယ်ချက်မျိုးစုံနဲ့ ပြည်ပကိုထွက်ခွာဖို့ ကြိုးပမ်းမှုတွေဟာလည်း ရပ်ဆိုင်းသွားပါတယ်။
2023-01-24
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်ခဲ့တဲ့ တနင်္သာရီတိုင်းအတွင်းမှာ နေအိမ် ၂၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီအထဲမှာ လက်နက်ကိုင် ခုခံတိုက်မှုများတဲ့ ပုလောမြို့နယ်မှာ နေအိမ်တွေ အများဆုံး မီးရှို့ခံခဲ့ရပါတယ်။
2023-01-24
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်က ဆန်ဝယ်ယူစုဆောင်းနေတာကြောင့် ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး ဒေသခံတွေ ဆန်ဝယ်လို့မရတော့ဘဲ စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-24
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ ဌာနချုပ်ဟောင်းနေရာ ပါဂျောင်အနီးက ရှအစ်ယန် (Sha it Yang) စစ်ဘေးဒုက္ခသည်စခန်းမှာ အရမ်းအေးတာကြောင့် အနွေးထည်နဲ့စောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒုက္ခသည်စခန်း ဒုတိယတာဝန်ခံ ဦးမဝိုင်အောင်ဒီးက ပြောပါတယ်။
2023-01-24
၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် အရပ်ဘက်အဖွဲ့တွေနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့တွေကတော့ အဲဒီရွေးကောက်ပွဲကို လက်မခံဘူးလို့ ပြောထားပါတယ်။
2023-01-24
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့အရှေ့အခြမ်းက စစ်ဘေးဒုက္ခသည် ၁၀၀ ခန့်ရှိတဲ့ ဒုက္ခသည်စခန်းတစ်ခုအတွင်း ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီခန့်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက်နှစ်နှစ်နဲ့ ငါးနှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် လေးဦးဒဏ်ရာရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
2023-01-24
မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ အာဏာသိမ်းပြီးနောက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ဂျာမဏီအစိုးရထံ လူ့အခွင့်အရေးဖွဲ့ဖြစ်တဲ့ Fortify Rights နဲ့ လူပုဂ္ဂိုလ် ၁၆ ဦးတို့က တိုင်ကြားခဲ့တယ်လို့ Fortify Rights က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-01-24
ဘုရားသုံးဆူမြို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လဝကရုံး၊ မြေစာရင်းရုံး၊ စည်ပင်ရုံးနဲ့ စရဖရုံးတွေရှိတဲ့ စုပေါင်းရုံးနေရာကို ဇန်နဝါရီလ ၂၃ ရက်နေ့ညပိုင်းက တစ်ပြိုင်တည်း စီးနင်းတိုက်ခိုက်ခံရပြီး မီးရှို့ခံခဲ့ရတယ်လို့ ဘုရားသုံးဆူမြို့ခံတွေက RFA ကို ပြောပါတယ်။
2023-01-23
DKBA အနေနဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြား ကြားနေအဖြစ်သာရပ်တည်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ကူညီတာမရှိဘူးလို့ (DKBA) ရဲ့ စစ်ရေးချုပ်ဗိုလ်မှူးကြီးစောစိန်ဝင်းက ပြောပါတယ်။
2023-01-23
သူတို့ တပ်ဖွဲ့တွေဟာ သထုံနဲ့ ဘားအံဒေသတွေမှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေပြီး ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်စပ်တွေမှာတော့ ကရင်နီတပ်မတော် KA တပ်ဖွဲ့တွေနဲ့ လက်တွဲနေပါတယ်။
2023-01-23
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မကြီးတုံရွာကို ဇန်နဝါရီလ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၄ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-23
တရုတ်နှစ်သစ်ကူးကာလမှာ စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နှစ်ဖက်စလုံးက အင်အားကြီး တရုတ်နိုင်ငံကို ချီးကျူးစကားတွေ အပြိုင်အဆိုင်ပြောဆိုခဲ့ကြပါတယ်။
2023-01-23
NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ DKBA အမှတ် (၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်းရဲ့ နေအိမ်ကို စစ်ကောင်စီက ဇန်နဝါရီ ၂၁ ရက်နေ့မှာ တိုက်လေယာဉ်သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
2023-01-23
စစ်ကောင်စီပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်နယ်၊ သထုံခရိုင်ရဲ့ နယ်မြေတွေမှာ လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။
2023-01-23
အသက် ၂၇ နှစ်အရွယ် သတင်းထောက် ကိုမျိုးထက်လှသော်ဟာ ဆန္ဒပြပွဲတွေ၊ တိုက်ပွဲတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စတဲ့ စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ကဏ္ဍပေါင်းစုံက အခြေအနေတွေကို ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတွေ တောက်လျှောက်ရိုက်ကူးနေသူတစ်ဦးပါ။