သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-04-17
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နှစ်သစ်ကူး အခမ်းအနားကို ဒီကနေ့ တက်ရောက်ပြီး သက်ကြီးရွယ်အိုတွေကို ဂါရဝပြုခဲ့သလို ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေတွေ ပေးအပ် လှူဒါန်းခဲ့ပါတယ်။
2012-04-16
ဟာသသရုပ်ဆောင် ကိုဇာဂနာ ဦးစီးတဲ့ မြပုဏ္ဏမာအငြိမ့်က အခုလာမယ့် ဧပြီ ၂၉ ရက် တနင်္ဂနွေနေ့ စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် မြန်မာ့သြင်္ကန် အငြိမ့်ပွဲတော်အတွက် သွားရောက်ဖျော်ဖြေမယ်လို့ သတင်းရရှိပါတယ်။
2012-04-16
သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းဟာ နော်ဝေးနိုင်ငံ အော်စလိုမြို့ကို မနေ့က ရောက်ရှိလာပါတယ်။
2012-04-16
သြစတြေးလျအစိုးရက ငွေကြေးနဲ့ ခရီးသွားလာခွင့်ဆိုင်ရာ ပိတ်ဆို့အရေးယူမှု တချို့ကို ဒီကနေ့ ရုပ်သိမ်းပေးလိုက်တာဟာ မြန်မာနိုင်ငံမှာ ပေါ်ထွက်နေတဲ့ အပြောင်းအလဲတွေနဲ့ နှိုင်းစာရင် များလွန်းပြီး စောလွန်းသေးတယ်လို့ သြစတြေးလျရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေက ပြောနေပါတယ်။
2012-04-16
မကွေးတိုင်းအတွင်းက တောင်သူတွေဟာ ကြက်သွန်ဈေး ကျဆင်းနေပြီး ဓာတ်မြေသြဇာဈေးကြီးတာ၊ ခေတ်မီစိုက်ပျိုးနည်းမရှိတာ၊ ဈေးနှုန်းချုပ်ကိုင်မှုတွေ ရှိနေတာကြောင့် အကြီးအကျယ် အရှုံးပေါ်နေကြတယ်လို့ သိရပါတယ်။
2012-04-16
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ ဒီကနေ့ကျရောက်တဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရန်ပုံငွေတရပ် စတင်ထူထောင်လိုက်ပြီး၊ ဒီရန်ပုံငွေထဲက ကျပ် သိန်း ၃၀၀ ကို ကော့မှူးမြို့နယ်က ကျေးရွာတွေရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် မနက်ဖြန် သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။
2012-04-15
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်တဝိုက် နေထိုင်တဲ့ မြန်မာတွေရဲ့ စုပေါင်း နှစ်သစ်ကူးပွဲနဲ့ သိမ်သစ်ဖွင့်ပွဲကို ကို မေရီလန်းပြည်နယ်က မင်္ဂလာရာမကျောင်းမှာ မနေ့က ကျင်းပခဲ့ပါတယ်။
2012-04-15
မြန်မာနိုင်ငံအပေါ်နော်ဝေးနိုင်ငံက ချမှတ်အရေးယူထားတဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ နော်ဝေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Stoere ယိုးနတ်စ် ဂါး စတူရာက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။
2012-04-15
၈၈ မျိုးဆက် ကျောင်းသားများရဲ့ သြင်္ကန်သံချပ်အဖွဲ့က ဒီကနေ့ သြင်္ကန်အကြတ်နေ့မှာလည်း အနည်းဆုံး (၄) နေရာမှာ လိုက်လံဖျော်ဖြေခဲ့တယ်လို့ သတင်းရရှိပါတယ်။
2012-04-15
ကချင်ပြည်နယ် မြစ်ကြီးနားအထွက် သံလမ်းမှာ မနေ့က ဗုံးကွဲခဲ့လို့ သံလမ်း အနည်းငယ် ပျက်စီးသွားတယ်လို့ သိရပါတယ်။
2012-04-15
အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည် ပြန်လည်ထူထောင်ရေး ကြိုးပမ်းနေတဲ့ အခုလိုကာလမျိုးမှာ ဘာသာရေးအရ အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေကို ရှောင်ရှားကြဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနှစ်သစ်ကူး ကာလမှာ ပြည်သူလူထုကို မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။
2012-04-15
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်း သုံးစွဲဖို့ကိစ္စ အချိန်မီ အဆင်ပြေသွားလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း ဦးတင်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။
2012-04-14
အခု တစ်ပတ် အာအက်ဖ်အေ ဦးခင်မောင်ညိန်း စီစဉ်ထုတ်လွှင့်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက မြန်မာအစိုးရနဲ့ သွားရောက်ဆွေးနွေးပြီး အပစ်ရပ်စဲရေး သဘောတူညီချက်တွေ ချုပ်ဆိုခဲ့ကြပေမယ့် စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေး မရှိသေးဘူးလို့ ဝေဖန်သံ မျိုးစုံ ထွက်ပေါ်နေတဲ့ အကြောင်းတွေကို အခြေခံပြီး တိုင်းရင်းသားအဖွဲ့တွေက ခေါင်းဆောင်တချို့နဲ့ ဆွေးနွေးထားပါတယ်။
2012-04-14
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ရေပိုင်နက် အငြင်းပွားမှုအပေါ် ကုလသမဂ္ဂ ရေပိုင်နက်ဆိုင်ရာ တရားရုံးက စီရင်ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် လူသုံးများတဲ့ ဘင်္ဂလားဒေ့ရှ် အင်တာနက် စာမျက်နှာတွေ အတော်များများကို “ဟက်ကာ” ( hacker ) လို့ ခေါ်တဲ့ အင်တာနက် ဖောက်ထွင်း ဝင်ရောက်မွှေနှောက်သူတွေက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
2012-04-14
မနေ့က ကျင်းပခဲ့တဲ့ လန်ဒန်မြို့က ၁၁ ကြိမ်မြောက် မြန်မာ့ရိုးရာ အတာသြင်္ကန်ပွဲမှာ မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ပါတယ်။