သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-07-18
ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံကို ကုန်သွယ်မှု ဦးစားပေးအဆင့်အဖြစ် သောကြာနေ့ က ပြန်လည်သတ်မှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးအခြေအနေ၊ အလုပ်သမားရေးရာနဲ့ တခြားလူမှုဆိုင်ရာနယ်ပယ်တွေမှာ တိုးတက်မှုတွေ ရရှိအောင် အားထုတ်ကြိုးပမ်းခဲ့တဲ့အတွက် အခုလို ပြန်လည်သတ်မှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
2013-07-18
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ် ၊ ပြင်ပုံကျေးရွာအုပ်စု၊ ညောင်ချောင်းလေးကျေးရွာက တောင်သူ ၉ ဦးကို သိမ်းယူထားတဲ့ ဥယျဉ်ခြံမြေတွေမှာ ကျူးကျော် ထွန်ယက်တဲ့ ပုဒ်မနဲ့ မြောင်းမြမြို့နယ် တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
2013-07-18
လာမယ့် ၂၀၁၅ ခုနှစ်မှာ သမ္မတဖြစ်ဖို့ အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ယှဉ်ပြိုင်ရဲကြောင်း အဲဒီလိုဖြစ်ဖို့ဆိုရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းအနေနဲ့လည်း တတ်နိုင်သမျှ ပါဝင်ကူညီစေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2013-07-18
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အစိုးရရဲ့ သန်းခေါင်စာရင်း ကောက်ခံမှုကို ကူညီဖို့အတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA ဟာ အစိုးရတာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ နည်းပညာ အစည်းအဝေး ဒီနေ့ ကျင်းပပါတယ်။
2013-07-18
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စတွေနဲ့ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်ပြန်ပို့ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး UNFC ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက ခေါင်းဆောင်တွေကို ဒီကနေ့ ဗြိတိန်နိုင်ငံက ပညာရှင်တချို့နဲ့ UNHCR က တာဝန်ရှိသူတွေ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
2013-07-17
အာဇာနည်နေ့မှာ ဥသြဆွဲရင် အဆင်မပြေမှုတွေ ပေါ်ပေါက်နိုင်တဲ့အတွက် အဲဒီလိုပြုလုပ်ဖို့ အစီအစဉ်မရှိဖူးလို့ ပြန်ကြားရေး ဒုဝန်ကြီးက လွှတ်တော် မှာ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး NLD ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ဥသြဆွဲချိန်မှာ ကားသွားကားလာတွေ ရုတ်တရက် ရပ်ဆိုင်းက်ရင် အနှောင့်အယှက်ဖြစ်နိုင်တာ မှန်ပေမယ့် ပြည်သူလူထုက ခေတ္တရပ်တန့်ပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရကြောင်း ပြသ တာကတော့ အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ မထင်ကြောင်း၊ ဗြိတိန်နိုင်ငံမှာဆိုရင်လည်း ကမ္ဘာစစ်မှာ ကျဆုံးခဲ့သူတွေကို အောက်မေ့ခြင်းနေ့မှာ အချက်ပေးပြီး အလေးပြုကြတဲ့ အစဉ်အလာရှိကြောင်း RFA ကို ပြောဆို လိုက်ပါတယ်။
2013-07-17
ပြင်သစ်နိုင်ငံကို ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း (Francois Hollande) တို့ မနေ့က ၄၅ မိနစ်ကြာတွေ့ဆုံခဲ့ကြပါတယ်။
2013-07-17
ရန်ကုန်မြို့မှာကျင်းပဖို့ ပြင်ဆင်နေတဲ့ ၈ လေးလုံးဒီမိုကရေစီ အရေးတော် ပုံ ငွေရတုအခမ်းအနားကို အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ ဖိတ်ကြားမယ်လို့ သိရပါတယ်။
2013-07-17
မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အာဏာနဲ့ အုပ်ချုပ်လာခဲ့တာကြောင့် ရုတ်တရက် အပြောင်းအလဲလုပ်ရတဲ့အခါမှာ အခက်အခဲ ရှိကြောင်း စိတ်ရှည်သည်းခံကြဖို့ လိုအပ်ကြောင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ပြောကြားလိုက် ပါတယ်။
2013-07-17
ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးတွေ ဘာသာခြားနဲ့အိမ်ထောင်ပြုတာကို ထိန်းချုပ်ဖို့အတွက် မျိုးစောင့်ဥပဒေပြဌာန်းရေး ကို ထောက်ခံကြောင်းလက်မှတ်တွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စုဆောင်းကောက်ခံနေရာမှာ ဒီကနေ့ သြဂုတ်လ ၁၇ ရက်နေ့အထိ လက်မှတ်ပေါင်း ၂ သန်းကျော် ရရှိနေပြီလို့ ဦးဆောင်လှုပ်ရှားနေတဲ့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။
2013-07-17
ပထမဆုံးအကြိမ် ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တွေ ပူးပေါင်းကျင်းပမယ့် မြန်မာ့ ငြိမ်းချမ်းရေး ပွဲတော်ကို ဇူလိုင်လ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တို့ မှာ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။
2013-07-17
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဘောဒူဘ ဒုက္ခသည်စခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက ဒုက္ခသည်တန်းလျား ဆောက်လုပ်မှုအရည် အသွေး စိစစ်ရေးအဖွဲ့ဝင်တွေနဲ့ မွတ်စလင်ဒုက္ခသည်တွေ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး လူ ၃ ဦး ဒဏ်ရာရရှိ သွားတယ်လို့ RFA ကစုံစမ်းသိရှိရပါတယ်။
2013-07-17
ဥရောပကို ခရီးထွက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ ပြင်သစ်သမ္မတ ဖရန်ဆွာအိုလောန်းဒ် ( Francois Hollande) နဲ့ တွေ့ဆုံဖို့ ဒီနေ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို ရောက်သွားပြီလို့ သိရပါတယ်။
2013-07-17
မွန်ပြည်သစ်ပါတီ NMSP က တပ်ဖွဲ့ တချို့နဲ့ အစိုးရတပ်ဖွဲ့တချို့ဟာ မနေ့ညက တနင်္သာရီတိုင်း မြိတ်ခရိုင်ထဲမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ မွန်ပြည်သစ်ပါတီရဲ့တပ်မှူး တမော့ချမ်းက RFA ကို ပြော ပါတယ်။
2013-07-16
ပဲခူးတိုင်းဒေသကြီး၊ ဥဿမြို့သစ် ရပ်ကွက်ကြီး ၈ နဲ့ ၉ တို့မှာရှိကြတဲ့ လယ်မြေဧကပေါင်း တစ်သောင်းကျော်ကို စက်မှုဇုန်၊ မြို့ပြ ၊ ပဲခူးတက္ကသိုလ် တိုးချဲ့ဖို့နဲ့ ဟံသာဝတီ လေဆိပ်စီမံကိန်းဆိုပြီး အာဏာပိုင်တွေက သိမ်းယူခဲ့တဲ့ကိစ္စတွေကို ဖြေရှင်းပေးမှု မရှိသေးတဲ့အတွက် ဒီကနေ့မှာ လယ်ဆုံးရှုံးခဲ့တဲ့ လယ်သမားတွေက ပဲခူးမြို့ပေါ်မှာ ဆန္ဒပြကြပါတယ်။