သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-14
မြန်မာနိုင်ငံ တရားစီရင်ရေးမှာ တရားစီရင်ကြားနာမှုစံနှုန်းတွေကို လိုက်နာဆောင်ရွက်မှု အားနည်းတာကြောင့် နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ရှေ့နေအဖွဲ့အစည်း (၁၁) ဖွဲ့က ဒီဇင်ဘာ ၆ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
2020-12-13
ရန်ကုန်မြို့တော်ဝန်အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီး နှစ်ဦး Covid 19 ကူးစက်ခံရပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးကို ရှစ်ရက်ကြာ ယာယီပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။
2020-12-13
ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ရေး စည်းကမ်းတင်းကျပ်တဲ့အနေနဲ့ နေအိမ်အပြင်ထွက်ကတ်အသစ်တွေကို ပြန်ထုတ်ပေးနေပြီး စစ်ဆေးရေးဂိတ် ဖွင့်လှစ်စစ်ဆေးတာတွေ ဆောင်ရွက်နေပါတယ်။
2020-12-12
မြန်မာနိုင်ငံမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာ ကိုဗစ်ပိုးဟာ ကူးစက်မှု ၂၀ ရာနှုန်း ပိုပြီးမြန်နေတယ်လို့ ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်၊ ဆေးပညာဌာန ပါမောက္ခ ဒေါက်တာ ပရာဆစ် ဝါတာနာပါ က ပြောပါတယ်။
2020-12-12
ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရာမှာ အားအနည်းဆုံးနေရာက ရန်ကုန်ဖြစ်ပြီး ရန်ကုန်တိုင်းကို မထိန်းချုပ်နိုင်တာဟာ နိုင်ငံအတွက် စိန်ခေါ်မှုဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားလိုက်ပါတယ်။
2020-12-12
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကုလားကုတ်ကျွန်းမှာ တပ်မတော်က အကောင်အထည်ဖော်မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေကို ပွင့်လင်းမြင်သာစွာချပြဖို့နဲ့ သဘောတူညီချက်ရယူဖို့ ဒေသခံတွေက လိုလားနေပါတယ်။
2020-12-12
ဒီတစ်ပတ်မှာ "လူ့အခွင့်အရေးနဲ့ ပြင်ဖို့လိုနေတဲ့ ဥပဒေများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2020-12-11
မြန်မာနိုင်ငံ တာချီလိတ်မြို့မှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံသား ၁၀၄ ဦးကို ဥပဒေအရ အရေးယူပြီးနောက် နယ်စပ်ချစ်ကြည်ရေး တံတားပေါ် ကနေ တရားဝင်လွှဲပြောင်းခဲ့ပါတယ်။ ဒီအထဲမှာ ကိုဗစ်ရောဂါကူးစက်သူ အတည်ပြုလူနာသစ် ၅ ဦးပါဝင်ပါတယ်။
2020-12-11
မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ဗိုင်းရပ်စ် ကူးစက်သူတွေကို ဒီရောဂါရရှိပြီးနောက် ပျောက်ကင်းသွားသူတွေထံက ထုတ်ယူခဲ့တဲ့ Antibody ပဋိပစ္စည်းပါဝင်တဲ့ သွေးရည်ကြည် ထည့်သွင်းပေးတဲ့နည်းနဲ့ ကုသရာမှာ တခြား ကမ္ဘာ့နိုင်ငံတွေနည်းတူ အောင်မြင်နေတယ်လို့ သိရပါတယ်။
2020-12-11
ကလေးတစ်ယောက် လူလားမြောက်ဖို့ဆိုရင် မိခင်ဖြစ်သူရဲ့ ပြုစုစောင့်ရှောက်ထိန်းကျောင်းမှုက အများကြီး အရေးပါပါတယ်။ ကယားပြည်နယ် ဖားဆောင်းမြို့နယ်မှာတော့ ၃၂ နှစ်အရွယ် ကရင်တိုင်းရင်းသူတစ်ဦး မကြာသေးခင်က ဆုံးပါးသွားရာမှာ တစ်နှစ်ကျော်အရွယ် အမြွာမောင်နှမနဲ့ သူတို့ရဲ့ အကိုနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။
2020-12-11
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ အများအပြားရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဟာ တခြားဒေသတွေထက် ဆက်ကြေးတောင်းတဲ့ဒဏ်ကို ပိုပြီး ခံနေရပါတယ်။ ဒီအခြေအနေကို ရှမ်းပြည်မြောက်ပိုင်းနဲ့ ကပ်လျက်က မန္တလေးတိုင်း မိုးကုတ်မြို့မှာပါ ရင်ဆိုင်နေရပါတယ်။ စီးပွားရေးအဆင်မပြေတဲ့ ကပ်ဘေးကာလမှာ ဆက်ကြေးတောင်းခံတာတွေ လျှော့ပေါ့ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။
2020-12-11
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတဲ့ဒေသတွေမှာ စားသောက်ဆိုင်အတွင်း ဆိုင်ထိုင်စားသုံးတာကို ပိတ်ပင်ထားတာ လေးလကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။
2020-12-11
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာ ဆရာမတွေနဲ့အတူ တရားရုံးတွေ ပိတ်ထားပေမယ့် ဗိုင်းရပ်စ်ကူးစက်ပြီး သေဆုံးတဲ့ ပုဂ္ဂလိက ဥပဒေ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတွေလည်း ပါဝင်ပါတယ်။
2020-12-11
ကိုရိုနာဗိုင်းရပ် စတင်တွေ့ရှိတဲ့အချိန်မှာ စက်ရုံအလုပ်ရုံတစ်ချို့ ပိတ်သိမ်းခံရပြီး အလုပ်သမားတွေ အလုပ်ဖြုတ်ခံနေရတာတွေရှိပါတယ်။ ဒါပေမဲ့ မန္တလေးမြို့က အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမား တချို့ဟာ စက်ရုံပိတ်သိမ်းရလို့ မဟုတ်ဘဲ သမဂ္ဂလှုပ်ရှားမှုတွေကြောင့် ဖြစ်နေရပါတယ်။
2020-12-11
တပ်မတော်အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းအမှတ်အသားတွေကို ကူးယူခွင့်တောင်းခံခြင်းဟာ နိုင်ငံသားတစ်ဦးရဲ့ ဥပဒေနဲ့အညီ ဆန္ဒမဲပေးပိုင်ခွင့်အခွင့်အရေးနဲ့ ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ တောင်းခံတာဖြစ်လို့ ဥပဒေအရ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုမှုဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ချက်အပေါ် တပ်မတော်က တုံ့ပြန်လိုက်ပါတယ်