သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-14
လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲထည့်နိုင်ဖို့၊ စင်္ကာပူနိုင် ငံရောက် မြန်မာနိုင်ငံသားတွေ မြန်မာ သံရုံးမှာ ပုံစံ (၁၅)ကို ဖြည့်စွက်ပြီး တင်ခဲ့ပေမဲ့၊ ပြန် လည်ရောက်ရှိလာတဲ့ မဲစာရင်းမှာ အမည်မပါသူတွေ အများအပြား ရှိနေတယ်လို့ စင်္ကာပူရောက် မဲဆန္ဒရှင်တွေ က ပြောပါတယ်။
2015-10-13
လာမယ့်ရွေးကောက်ပွဲကို ရက်ရွှေ့ ဆိုင်းတော့မှာမဟုတ်ဘဲ မူလစီစဉ် ထားတဲ့အတိုင်း နိုဝင်ဘာ ၈ ရက်နေ့မှာပဲ ကျင်းပ မှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2015-10-13
တပ်မတော်ဝတ်စုံတွေ အရောင်ပြောင်း လဲခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓာတ်ပုံနဲ့ သရော်ထားတဲ့စာကို အင်တာနက် ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် မအူပင်မြို့ခံ မချောစန္ဒီထွန်း ဆိုသူ NLD အဖွဲ့ဝင်တစ်ဦးကို အီလက်ထရောနစ်အက် ဥပဒေနဲ့ မနေ့က ဖမ်းဆီးလိုက်ပြီး မအူပင်မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ် ခဲ့ပါတယ်။
2015-10-13
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆွယ် စည်းရုံးတဲ့အခါ NDF အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကို ပုတ်ခတ်ပြောဆိုမှုတွေရှိနေတာကြောင့်ဆိုပြီး အရေး ယူ ဆောင်ရွက်ပေးဖို့ NDF ပါတီက ဘီးလင်းမြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ မနေ့က တိုင်ကြား လိုက်ပါတယ်။
2015-10-13
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေမြို့ နယ်အတွင်း မဲဆွယ်စည်းရုံးရေး သွားရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ကိုယ်စားလှယ်လောင်း ၃ ဦးနဲ့ ပါတီဝင် ၄ ဦး စုစုပေါင်း ၇ ဦးကို တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ ၁ နယ်မြေ ကန်းဖန့်ရွာမှာ မနေ့ည ၈ နာရီမှာ လက်နက်ကိုင်လူတစ်စုက ရိုက်နှက်ခဲ့ပြီး ပစ္စည်းတွေကို ဖျက်ဆီးခဲ့ပါတယ်။
2015-10-13
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း အပါအဝင် ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူ ဦးရေ ၇ဝ ကို စွဲဆိုထားတဲ့အမှုတွေကို ပယ်ဖျက်ပေးဖို့ အတွက် ကျောင်းသားတွေရဲ့ ရှေ့နေက တင်ပြထားတာနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းတရားရုံးက လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ အမိန့်ချဆုံးဖြတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
2015-10-13
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဦးသိန်းစိန်အစိုးရတို့ အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာပြုလုပ်မယ့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌ နော်စီဖိုးရာစိန်က သူ့အနေနဲ့ တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီးဦးအောင်မင်းဆီ ကို အောက်တိုဘာလ ၁၂ ရက်နေ့က စာရေးသားအကြောင်း ကြားလိုက်ပါတယ်။
2015-10-13
ကယားပြည်နယ် ဖာဆောင်းမြို့နယ် က မော်ချီးသတ္တုတွင်းဒေသမှာ မိုးကြီးပြီး မြေပြိုကျမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၇ ဦးရှိကြောင်း အစိုးရပိုင်သတင်းမီဒီယာတွေက ဖော်ပြ ပါတယ်။
2015-10-13
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထား တဲ့ ရွေးကောက်ပွဲရက်ကို မရွှေ့ဆိုင်းတော့ဘဲ မူလသတ်မှတ်ရက်အတိုင်း ကျင်းပသွားမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
2015-10-13
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ကနေ နိုင်ငံရေးပါတီ ၁၈ ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
2015-10-13
ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးဒေသ မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ဝ ရက်နေ့ကစပြီး တစ်ရက်ကျော်လောက် မိုးများခဲ့ရာကနေ မော်ချီးဒေ သက လေးအိမ်တန်းရွာနဲ့ ဇီးပင်ကွင်းရွာတွေမှာ မနေ့က ညနေပိုင်းက မြေပြိုကျခဲ့ပါတယ်။
2015-10-13
သေဆုံးမှုတွေအထိရှိခဲ့တဲ့ ကယားပြည်နယ် ဖားဆောင်းမြို့နယ်ထဲက မော်ချီးဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုရဲ့ နောက်ဆုံးအခြေအနေတွေနဲ့အတူ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးချွန်ဟာရဲကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
2015-10-13
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦးကို ထိုင်းနိုင်ငံ Koh Samui ခရိုင်တရားရုံးမှာ ပြီးခဲ့တဲ့နှစ်ရက်က ဆက်တိုက်စစ်ဆေးခဲ့ပြီး လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှာဖြစ်ကြောင်း ခရိုင်တရားသူကြီးက ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
2015-10-13
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁ဝ ရက်၊ စနေနေ့က ရန်ကုန်တိုင်း မှော်ဘီနဲ့ တိုက်ကြီးမြို့နယ် မှာ မဲဆွယ် စည်းရုံးဟောပြောခဲ့ပါတယ်။
2015-10-13
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ ပြုလုပ် ခဲ့ရာမှာ NLD နာယကဦးတင်ဦး ၊ ၈၈ မျိုးဆက်အဖွဲ့က ဦးမင်းကိုနိုင်နဲ့၊ ဦးကိုကိုကြီးတို့ ဟောပြောခဲ့ကြပါတယ်။