သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-23
မြန်မာအစိုးရကို ဆန့်ကျင်တော်လှန်တဲ့လှုပ်ရှားမှုတွေကို ထိုင်းနယ်မြေပေါ်မှာ ခွင့်ပြုမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Nikorndej Balankura က ဧပြီလ ၂၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2024-04-23
ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အရပ်သားရှစ်ဦး သတ်ဖြတ်ခံခဲ့ရသလို လူခြောက်ထောင်ခန့်လည်း ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-23
နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက်မှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။
2024-04-23
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းရွာကနေ ဧပြီလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဘာသာရေးဆရာသုံးဦး အပါအဝင် အရပ်သားငါးဦး ဧပြီလ ၂၂ ရက်နေ့ ညပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-23
အကြမ်းဖက်မှုတွေရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းနေပေမယ့် နိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ဖြစ်နေပြီး၊ အရပ်သား ထိခိုက်သေဆုံးမှု နေ့စဉ်တိုးလာပါတယ်။
2024-04-23
နေပြည်တော်က အေလာလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်တိုက်ခိုက်ခံရပြီးနောက် လေတပ်အနီးမှာရှိတဲ့ ရွာနှစ်ရွာက ဒေသခံခုနစ်ဦး ဖမ်းဆီးခံထားရတယ်လို့ နေပြည်တော်မြို့ခံတွေက ဧပြီလ ၂၃ ရက်နေ့မှာ ပြောပါတယ်။
2024-04-23
ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ဗုံးတွေ ပေါက်ကွဲတာကြောင့် ဧပြီလအတွင်းမှာတင် ကိုးဦး သေဆုံးပြီး အယောက် နှစ်ဆယ်ဒဏ်ရာရခဲ့ပါတယ်။
2024-04-23
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မြို့နယ်တွေမှာ မတ် ၁၆ ရက်ကစပြီး ၁၈ နှစ်ကနေ ၃၅ အတွင်း လူငယ်အားလုံးနီးပါးကို စစ်မှုထမ်းဖို့ စစ်ကောင်စီ လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတွေက စာရင်းကောက်ယူနေတယ်လို့ ပြောပါတယ်။
2024-04-23
ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာမှာရှိတဲ့ PNLO ဒုဥက္ကဋ္ဌ -၂ ဗိုလ်မှူး ကျော်ထင်ရဲ့ မိသားစုနေအိမ်အပါအဝင် ကျေးရွာအတွင်းက နေအိမ်ခုနစ်လုံး ဧပြီလ ၂၀ ရက်နေ့မှာ ဖျက်ဆီးခံတယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။
2024-04-23
မြ၀တီမြို့မှာ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိုင်းနိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ အသင့်ရှိနေတယ်လို့ ထိုင်းသတင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
2024-04-23
တရုတ် - မြန်မာနယ်စပ် မူဆယ်မြို့အတွင်း ပြန်ပေးဆွဲ၊ ဓားပြတိုက်မှုတွေမှာ ပါဝင်သူတွေကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
2024-04-23
ကလေးမြို့နယ်မြောက်ပိုင်းက ကျေးရွာငါးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် နှစ်ပတ်အတွင်း နေအိမ်ခုနစ်ရာကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
2024-04-23
မိုးမောက်မှာ ဧပြီ ၂၂ ရက်နေ့က စစ်တပ် လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ကလေးတစ်ဦးအပါအဝင် သုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရခဲ့ပါတယ်။
2024-04-22
ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာ ဧပြီလ ၂၃ ရက် ဒီနေ့နဲ့ဆိုရင် ရက်ပေါင်းနှစ်ဆယ်အထိ ရှိလာပါတယ်။
2024-04-22
ကုန်းသာရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံခြောက်ဦး သေဆုံးခဲ့ပါတယ်။