သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-23
ရခိုင်ပြည်နယ်မှာ ခရုကနေတစ်ဆင့် ကူးစက်ပြီး လူ့ခန္ဓာကိုယ်မှာ သန်ပြားကောင်တွယ် တဲ့ရောဂါ ဖြစ်ပွားနေသူ လူနာ ၃၀၀ ကျော် တွေ့ရှိထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
2018-07-23
ရှမ်းပြည်နယ် ကျေးသီးမြို့နယ် ဟိုပုံကျေးရွာအုပ်စု နမ့်အုပ်ရွာအနီးမှာ ဒီကနေ့မနက်ပိုင်းက အစိုးရ တပ်မတော်နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံ ၁ဝဝ လောက် ကျေးသီးမြို့ပေါ်ကို ထွက်ပြေးနေကြပါတယ်။
2018-07-23
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို အစိမ်းရောင်ဆေးနဲ့ ပက်ပြီး ဖျက်ဆီးသွားသူကို စုံစမ်းနေဆဲဖြစ်တယ်လို့ ပြည်နယ် ရဲတပ်ဖွဲ့ရုံး ဒုတိယ ရဲမှူးကြီး က ပြောပါတယ်။
2018-07-23
တိုင်းနဲ့ပြည်နယ် လေးခုမှာ တစ်ပတ်အတွင်း ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ တစ်သောင်းခွဲ နီးပါး ရွှေ့ပြောင်းနေရပြီး လူတစ်ဦး သေဆုံးခဲ့ပါတယ်။
2018-07-23
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားရင်ဆိုင်နေရတဲ့ ရိုက်တာ သတင်းထောက် ကိုကျော်စိုးဦးကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီနေ့ စတင်စစ်ဆေးပါတယ်။
2018-07-23
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးနဲ့ ဝန်းရံသူ ၃ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က အမှုဖွင့်အရေးယူဖို့ညွန်ကြားတာကြောင့် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေပုဒ်မ ၇ နဲ့ တရားစွဲဆိုတာဖြစ်တယ်လို့ တရားလိုက ဒီနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
2018-07-23
ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး နေပြည်တော်အထိ ချီတက်ဆန္ဒပြဖို့ ကြိုးပမ်းခဲ့တဲ့ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာနဲ့ သရက်ကိုင်းကျေးရွာ က ဒေသခံ ၅၀ ကျော်ဟာ မန္တလေး-မတ္တရာ ကားလမ်းပေါ်က ကြာနီကန် ရဲကင်းအနီးမှာ တားမြစ်ခံလိုက်ရပါတယ်။
2018-07-23
ရန်ကုန်တိုင်းအတွင်းက စက်ရုံ ၁၄ ရုံ ပိတ်သိမ်း လိုက်တာရကြောင့် အလုပ်သမား ၃၇၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်သွားတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က စီစစ်တွေ့ရှိချက်တွေကို ထုတ်ပြန်ထားပါတယ်။
2018-07-23
ကရင်ပြည်နယ် မြဝတီမြို့မှာ သောင်ရင်းမြစ်ရေကြီးရေလျှံနေလို့ မြဝတီမြို့က ဒေသခံ လူဦးရေ နှစ်ထောင်ခန့်ဟာ ရေဘေးဒုက္ခကြုံနေကြရပြီး ကယ်ဆယ်ရေးစခန်း ၈ ခုလောက် ဖွင့်ထားရပါတယ်။
2018-07-23
မွန်ပြည်နယ်မှာ သတင်းထောက်ကိုပါကြီး အသတ်ခံရတဲ့ အမှုကြီးလိုက်တဲ့အခါပဲဖြစ်ဖြစ်၊ သဘာဝဘေးအန္တရာယ် သတင်းလိုက်တဲ့အခါဖြစ်ဖြစ် ကြုံတွေ့ရတာတွေကို လောလော ဆယ်မှာ The Speaker News Journal အတွက် သတင်းထောက်လုပ်နေတဲ့ မော်လမြိုင် အခြေစိုက် ဦးနေမင်းကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2018-07-23
ထိုင်းနိုင်ငံက ဟိုတယ်တခုမှာ ခရီးသွားဧည့်သည်တဦး မေ့ကျန်ခဲ့တဲ့ ငွေအမြောက်အမြားကို ပြန်လည်ပေးအပ်ခဲ့တဲ့ မြန်မာ အမျိုးသမီးဝန်ထမ်းတဦးကို ဂုဏ်ပြုလက်မှတ် ချီးမြှင့်လိုက်ပါတယ်။
2018-07-23
ရခိုင်ပြည်နယ်ပြဿနာဖြေရှင်းရေးအတွက် မြန်မာနိုင်ငံအစိုးရက ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာ အကြံပေးအဖွဲ့ကနေ မကြာခင်က နုတ်ထွက်သွားခဲ့တဲ့ အတွင်းရေးမှူးဟောင်းရဲ့ အဖွဲ့အပေါ် ဝေဖန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ ဥက္ကဌ က တုံ့ပြန်ငြင်းဆိုလိုက်ပါတယ်။
2018-07-22
မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ်အတွင်းမှာ တည်ဆောက်နေတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေ စက်ရုံအနီးက အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက်လမ်း နယ်နိမိတ်အတွင်းမှာ ကျူးကျော် ခြံခတ်ထားတယ်ဆိုပြီး သရက်ကိုင်းကျေးရွာက အမျိုးသမီးတစ်ဦးကို ဒီနေ့ ဖမ်းဆီးသွားတဲ့အတွက် ပုသိမ်ကြီးမြို့နယ် ရဲစခန်းရှေ့မှာ ဒေသခံတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
2018-07-22
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ညောင်ပင်ဆိပ်ရွာမှာရှိတဲ့ ခနောက်စိမ်း သတ္တုသန့်စင်စက်ရုံက စွန့်ပစ်အညစ်အကြေးတွေနဲ့ မီးခိုးငွေ့တွေကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်ကြရသလို စပါးပင်တွေလည်း ပျက်စီးကုန်တယ်ဆိုပြီး ဒေသခံ ၃၀၀ နီးပါးလောက် ဒီကနေ့ ကန့်ကွက် ဆန္ဒပြကြပါတယ်။
2018-07-22
ကရင်ပြည်နယ် မြဝတီမြို့မှာ သောင်ရင်းမြစ် ရေကြီးရေလျှံနေတာကြောင့် မြဝတီမြို့ က ဒေသခံလူဦးရေ နှစ်ထောင်ခန့်ဟာ ရေဘေးဒုက္ခနဲ့ ကြုံနေကြရပါတယ်။