သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-18
ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ကျန်းမာရေး ထိခိုက်လာသူတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆေးကုသဖို့ ဆောင်ရွက်ပေးနေတယ်လို့ သတင်းရရှိပါတယ်။
2011-05-18
ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ပြန်လွတ်လာတဲ့ အကျဉ်းသားပေါင်း ၁၄၆၀၀ ထဲမှာ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၅၀ မပြည့်ဘူးလို့ သိရပါတယ်။
2011-05-18
အမေရိကန်နိုင်ငံ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ယွန်းဟာ ဒီကနေ့ မေလ ၁၈ ရက် ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ရှိလာပါတယ်။
2011-05-18
ဗြိတိန်နိုင်ငံ ဘရိုက်တန်မြို့က အနုပညာပွဲတော်မှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး စကားရည်လုပွဲတခုကို Burma Campaign UK က မေလ ၁၇ ရက် မနေ့က စီစဉ် ကျင်းပခဲ့ပါတယ်။
2011-05-18
မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို အစိုးရက ထောင်ဒဏ် သက်တမ်း လျှော့ပေါ့ပေးရုံ တင်မက ၊ ချွင်းချက်မရှိ အမြန် ပြန်လွှတ်ပေးဖို့ လိုကြောင်း A.I ခေါ် အပြည်ပြည် ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က မေလ(၁၇) ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
2011-05-18
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Yun ဟာ မြန်မာနိုင်ငံက အစိုးရ အဆင့်မြင့် အရာရှိတွေ အပြင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ခရီး စတင် ထွက်ခွာမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner က သတင်းထောက်တွေကို မနေ့က ပြောပါတယ်။
2011-05-17
နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော လပွတ္တာမြို့နယ် သင်္ဃန်းကြီးရွာကို ပင်လယ်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံချက်နဲ့ အဓမ္မ ရွှေ့ပြောင်း ခိုင်းနေပါတယ်။
2011-05-17
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားက သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို သူ့အနေနဲ့ စိတ်ပျက်မိတယ်လို့ ပြောပါတယ်။
2011-05-17
ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်အပေါ် အတိုက်အခံ အဖွဲ့အစည်း အသီးသီးက မေလ ၁၇ ရက် ဒီကနေ့ ရှုတ်ချလိုက်သလို နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် လှုပ်ရှား တိုက်ပွဲဝင်ကြဖို့ မြန်မာပြည်သူတွေကို ပန်ကြားလိုက်ပါတယ်။
2011-05-17
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ချမှတ်ထားတာကို နောက်ထပ် တနှစ် သက်တမ်း တိုးမြှင့်လိုက်ကြောင်း အမေရိကန်သမတ အိုဘားမားက မေလ ၁၆ ရက် မနေ့က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
2011-05-17
ဦးသိန်းစိန် အစိုးရ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်အရ လွတ်မြောက်လာသူ အကျဉ်းသား တသောင်းခွဲလောက် ရှိတယ်လို့ ပြောဆိုနေပေမဲ့ ဒီအမိန့်ကြောင့် လွတ်ရက်စေ့ပြီး လွတ်လာမဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ အောက်ပဲ ရှိနိုင်တယ်လို့ သုံးသပ်သူတွေက ပြောဆိုနေပါတယ်။
2011-05-17
ဦးသိန်းစိန်အစိုးရ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဟာ နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော်ကို လွှတ်ပေးဖို့ ပြည်တွင်း ပြည်ပက အစဉ်တစိုက် တောင်းဆိုနေတာကို လုံး၀ ဥပေက္ခာပြုတဲ့ လုပ်ရပ် အဖြစ် အထင်အရှား သက်သေပြလိုက်တာ ဖြစ်တယ်လို့ မြန်မာ့အရေး ကြိုးပမ်းနေတဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေက အလျင်အမြန် ပြစ်တင် ရှုတ်ချလိုက်ကြပါတယ်။
2011-05-16
ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလက စပြီး မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ကျောင်းတွေ တရားဝင် ခွင့်ပြုဖို့ အာဏာပိုင်တွေက စဉ်းစားနေကြောင်း၊ ပုဂ္ဂလိက ပညာရေးဆိုင်ရာ ဥပဒေတွေလည်း ထွက်ပေါ်လာတော့မှာ ဖြစ်ကြောင်း ဆိုတဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပေမဲ့ အခုထိ ဥပဒေအဖြစ် ထွက်မလာသေးပဲ ညွှန်ကြားချက်တွေပဲ ထွက်ပေါ်ခဲ့ပါတယ်။
2011-05-16
ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသော မြို့နယ်မှာရှိတဲ့ ရွာပေါင်း ၁၀၀ ကျော်က လူဦးရေ ၉၀၀၀ နီးပါး စားနပ် ရိက္ခာ အကျပ်အတည်း ကြုံတွေ့နေရပါတယ်။
2011-05-16
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားအားလုံးကို ရရှိထားပြီးသား လျှော့ရက်များအပြင် တနှစ် သက်သာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမတက ဒီကနေ့ မေလ ၁၆ ရက်မှာ အမိန့်စာ ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်ကို ဒီကနေ့ ညနေ ၆ နာရီ မြဝတီ ရုပ်မြင်သံကြားမှာ ကြေညာသွားတာ ဖြစ်ပါတယ်၊