သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-22
ရန်ကုန်တိုင်းအတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေဖြစ်တဲ့ အထည်ချုပ်၊ ဖိနပ်နဲ့ ခြေအိတ်စက်ရုံတွေ အပါအဝင် စက်ရုံ ၁၄ ရုံ ပိတ်သိမ်းသွားခဲ့တယ်ဆိုတာ မှန်ကန်မူမရှိဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က ထုတ်ပြန်လိုက်ပါတယ်။
2018-07-22
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း မဘသ ကို အမည်ပြောင်းလဲ ဖွဲ့စည်းထားတဲ့ ဗုဒ္ဓဓမ္မ ပရ ဟိတ အဖွဲ့ဟာ တရားမဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
2018-07-22
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ လတွေကနေ စတင်ပြီး အခြေခံစားသုံးကုန် ဈေးနှုန်းတွေ တရိပ်ရိပ် တက်လာနေပါတယ်။
2018-07-22
အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်မှာ NCA အပစ်ရပ်လက်မှတ်ရေးထိုးပြီး ပါဝင်လာဖို့ အတွက် အလွတ်သဘောတွေ့ဆုံမှုတွေ မကြာခဏ လုပ်ဆောင်သွားဖို့ အစိုးရက မူချမှတ်ထားပါတယ်။
2018-07-21
ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR ၊ UNDP တို့နဲ့ အစိုးရတို့ နားလည်မှုစာချွန်လွှာ MoU အရ အကောင်အထည်ဖော်ရေးအတွက် ဒီကနေ့ ကနဦးမြေပြင်ကွင်းဆင်း ဆောင်ရွက်မှုလုပ်ငန်းကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ စတင်လုပ်ဆောင်နေပါတယ်။
2018-07-21
ဘင်္ဂလားပင်လယ်အော်တွင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့မှာ မုန်တိုင်းငယ်အဖြစ် ပြောင်းလဲခဲ့ပြီး အိန္ဒိယနိုင်ငံ ကမ်းခြေထဲကို ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပါတယ်။
2018-07-21
တနင်္သာရီတိုင်းကို ဆီအိုးကြီးဖြစ်စေရမယ်ဆိုတဲ့ စစ်အစိုးရလက်ထက်က ကြွေးကြော်တဲ့ စီမံကိန်းအရ နဂိုရှိပြီးသားတောတွေကို ခုတ်ထွင်ရှင်းလင်းကြပါတယ်။ ဒီလို အကြောင်းပြချက်နဲ့ ကမ္ဘာ့မိုးသစ်တော တဟက်တာကို သစ်တောဘဝကနေ ဆီအုန်းတမျိုး တည်းစိုက်တဲ့ စိုက်ခင်းဘဝ ပြောင်းလိုက် တိုင်း လေထုထဲ ကာဗွန် ၁၇၄ တန်ရောက်သွား တယ်လို့ သုတေသီတွေက ပြောပါတယ်။
2018-07-21
မြန်မာနိုင်ငံကနေ ထိုင်ဝမ်ကို ခရီးသွားဧည့်သည် များများစားစားလာရောက်ဖို့ ဆွဲဆောင်တဲ့အနေနဲ့ ပထမဆုံးသော ပင်လယ်ရပ်ခြားခရီးသွားလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကို ထိုင်ဝမ်ခရီးသွား လုပ်ငန်းဗျူရိုက ရန်ကုန်မြို့မှာ ဒီလ ၁၈ ရက်က ကျင်းပပါတယ်။
2018-07-21
မြန်မာနိုင်ငံမှာ ဓါတ်ငွေ့သုံးဓါတ်အားပေးစက်ရုံငယ်လေးတွေ တည်ဆောက်ဖို့ ဒေသတွင်း လုပ်ငန်းရှင်တွေနဲ့ ထိုင်း လျှပ်စစ်အာဏာပိုင်အဖွဲ့က လုံးဝပိုင်တဲ့ Egat International Co. က ဆွေးနွေးနေတယ်လို့ မနေ့ကထုတ် Bangkok Post သတင်းစာက ဖော်ပြလိုက်ပါတယ်။
2018-07-21
မြန်မာနိုင်ငံဟာ United Nations Convention on the Rights of the Child ကုလသမဂ္ဂ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကို ချိုးဖေါက်ခဲ့တယ်လို့ နိုင်ငံတကာ ဥပဒေကျွမ်းကျင်သူတွေက တွေ့ရှိရကြောင်း စနေနေ့ နောက်ဆုံးရ သတင်းတွေ မှာ ဖေါ်ပြထားပါတယ်။
2018-07-21
ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းငယ်ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ နောက်ထပ်နှစ် ရက်လောက်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်း ထုတ်ပြန်ပါတယ်။
2018-07-21
ရခိုင်ပြည်နယ် အမ်းမြို့မှာ ဒီနေ့ပြုလုပ်တဲ့ ဒေသခံတောင်သူတွေရဲ့ မြေယာနဲ့သယံဇာတဆွေးနွေးပွဲ ကို ရဲကလာရောက်ဟန့်တားတဲ့အတွက် ဆွေးနွေးပွဲဖျက်သိမ်းလိုက်ရပါတယ်။
2018-07-21
တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ရှမ်းပြည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့က ခေါင်းဆောင်တွေကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က တာဝန်ရှိသူတွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သီးခြားစီတွေ့ဆုံပြီး တိုက်ပွဲလျော့ချရေး ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။
2018-07-21
အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR ၊ UNDP တို့နဲ့ နားလည်မှုစာချွန်လွှာ MoU အရ အကောင်အထည်ဖော်ဆောင်ရေးအတွက် ကနဦးမြေပြင်ကွင်းဆင်းဆောင်ရွက်မှုလုပ်ငန်းကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာ ဒီကနေ့ စတင်လုပ်ဆောင်နေပါတယ်။
2018-07-21
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖေါ်ရေး ကော်မတီရဲ့ အကြံပေး အဖွဲ့မှာ ပါဝင်ဆောင်ရွက်နေတဲ့ ထိုင်းနိုင်ငံ သံအမတ်ကြီးဟောင်း Kobsak Chutikul ကော့ဘ်ဆက် ချိုတီကူးလ် က အဲဒီ အဖွဲ့ကနေ သူနုတ်ထွက်လိုက်ပြီလို့ ထုတ်ဖေါ်ပြောဆိုကြောင်း မနေ့က ရရှိတဲ့ ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။