သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-05-05
စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးတေဇရဲ့ဇနီး ဒေါ်သီတာဇော်ဟာ ၂၀၁၁ ခုနှစ်အတွက် အီးယူ အဖွဲ့ရဲ့ ပိတ်ဆို့ ဒဏ်ခတ်စာရင်းမှာ ပါနေတဲ့ကြားက အီတလီနိုင်ငံကို မကြာသေးမီ်က သွားရောက်ခွင့် ရခဲ့တယ်လို့ သိရှိရပါတယ်။
2011-05-05
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတကာနဲ့ အတူ မြန်မာ အစိုးရကို တိုက်တွန်းပေးဖို့ လန်ဒန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) က ဗြိတိသျှအစိုးရကို မေလ ၅ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2011-05-04
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကျဆုံးခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ တိုင်းပြည်ကို LDC ခေါ် အဆင်းရဲဆုံးနိုင်ငံများ စာရင်းထဲ သွင်းတဲ့အပေါ် ပြည်သူတွေ မကျေနပ်တာလည်း ပါဝင်တယ်လို့ မဆလခေတ် စက်မှု (၁) ဝန်ကြီးဟောင်း ဦးတင့်ဆွေက ဝန်ခံပြောဆိုခဲ့ပါတယ်။
2011-05-04
လာမဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာက တာဝန်ယူလိုတယ်ဆိုတဲ့ မြန်မာအစိုးရသစ်ရဲ့ တင်ပြချက်ကို အလျင်စလို လက်ခံ အတည်ပြုပေးမှာ မဟုတ်ဘူးလို့ လက်ရှိ အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ နာတာလာ ဂဲဝါးက ပြောကြားလိုက်ပါတယ်။
2011-05-04
တပ်အတွက် ရိက္ခာထမ်းရင်း ညှဉ်းပန်း ခံရသလို လူသား မိုင်းရှင်း ကိရိယာ အဖြစ်လည်း အသုံးချခံကြရ ပါတယ်။
2011-05-04
ရန်ကုန်မြို့ ချတ်ထရီယမ်ဟိုတယ်မှာ မေလ ၃ ရက် မနေ့ညက ကျင်းပခဲ့တဲ့ ဥရောပနေ့ အထိမ်းအမှတ် ညစာစားပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့အတူ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတချို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။
2011-05-04
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ မေလ ၄ ရက် ဒီကနေ့ ကျင်းပတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။
2011-05-04
ကမ္ဘာပေါ်မှာ သတင်းလွတ်လပ်ခွင့် အထိန်းချုပ်ဆုံး အာဏာရှင်တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေထဲမှာ မြန်မာနိုင်ငံက သမတ ဦးသိန်းစိန်လည်း ပါဝင်တယ်လို့ ပြင်သစ်အခြေစိုက် RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ ၂၀၁၁ ခုနှစ် ထုတ်ပြန်ချက်က ဆိုပါတယ်။
2011-05-04
လူ့အခွင့်အရေး အမှတ်အသားတံဆိပ် Logo တခု ဖြစ်ပေါ်လာရေးအတွက် ဒီဇိုင်းပြိုင်ပွဲတခုကို ဂျာမနီနိုင်ငံက ဦးဆောင်ပြီး မေလ ၃ ရက် မနေ့က စတင်လိုက်ရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဆုအတွက် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်တယ်လို့ သိရပါတယ်။
2011-05-04
မြန်မာနိုင်ငံက စစ်ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့အတွက် ကုလသမဂ္ဂမှာ စုံစမ်းရေး ကော်မရှင်တရပ် အမြန်ဆုံး ဖွဲ့စည်းနိုင်ရေးကိစ္စကို အမေရိကန်အစုးိရအနေနဲ့ အရှိန်မြှင့် ကြိုးပမ်းဆောင်ရွက်ဖို့ အမေရိကန် ဥပဒေပြု လွှတ်တော် အမတ် ၃၀ ကျော်က သမတ အိုဘားမားထံ မေလ ၃ ရက် မနေ့က စာရေးသား တိုက်တွန်းလိုက်ကြပါတယ်။
2011-05-03
ကုမ္ပဏီတွေကြောင့် ဆုံးရှုံးခဲ့ရတဲ့ လယ်မြေတွေအတွက် သမ္မတ ဦးသိန်းစိန်ကို အကူအညီ တောင်းခံ
2011-05-03
ပဲခူးတိုင်း အနောက်ခြမ်း ဇီးကုန်းမြို့နယ်မှာ ကိုအေးလွင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက သူတို့ ပါတီက ထုတ်ဝေတဲ့ ဂျာနယ်တွေကို ရောင်းချရာမှာ ရင်ထိုးနဲ့ ပါတီ တံဆိပ်တွေဟာ NLD တံဆိပ်နဲ့ ဆင်တူ ယိုးမှားဖြစ်နေလို့ မြို့ခံတွေက အလုအယက် ဝယ်ယူကြတယ်လို့ သိရပါတယ်၊
2011-05-03
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ မေဒေးနေ့ ကြေညာချက်မှာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံးအဖွဲ့ချုပ် ကိစ္စနဲ့ပတ်သက်ပြီး ရေးသားထားတဲ့ စာသားမှာ အဓိပ္ပါယ်ကောက်ယူမှု လွဲချော်နိုင်တဲ့အတွက် ဒီကနေ့ ပြန်လည်ပြင်ဆင် ကြေညာ လိုက်ပါတယ်။
2011-05-03
အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ ညီလာခံ ကို ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပ ပြုလုပ်ရာ ထိုင်းအခြေစိုက် မြန်မာ့ရေးရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က နှုတ်ခွန်းဆက် သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
2011-05-03
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် အကင်းမဲ့ဆုံး ၁၀ နိုင်ငံထဲမှာ ဒုတိယမြောက် အဆိုးဆုံး ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် Freedom House အဖွဲ့က မနေ့က အစီရင်ခံစာသစ်တစောင် ထုတ်ပြန် လိုက်ပါတယ်။