သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-21
ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးပြီး လူမြင်ကွင်းမှာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ နိုင်ငံတကာက မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် အရေးယူဖို့ လိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
2022-10-21
စစ်ကောင်စီက သတင်းအမှား ဖြန့်ဝေနေတာတွေ အဆုံးသတ်နိုင်ဖို့အတွက် ရန်ကုန်အခြေစိုက် ကုလသတင်းအချက်အလက်စင်တာ (UNIC) က ကြီးကြပ်ပေးဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုပါတယ်။
2022-10-21
ရန်ကုန်တိုင်း ရွှေလုပ်ငန်းများရှင်အသင်းက အကယ်ဒမီ မီလင်းရွှေဈေးနှုန်းကို အောက်တိုဘာ ၂၁ ရက် ဒီနေ့ မနက်ပိုင်းကစပြီး တစ်ကျပ်သားကို ကျပ် ၂,၄၇၅,၀၀၀ ဝန်းကျင်နဲ့ဈေးစဖွင့်ခဲ့ပြီး မနေ့က ဈေးနှုန်းနဲ့နှိုင်းယှဉ်ရင် ကျပ် ငါးသိန်းကျော်အထိ မြင့်တက်လာပါတယ်။
2022-10-21
သားဖြစ်သူ ထောင်အကြိမ်ကြိမ် ကျနေချိန်တစ်လျှောက်လုံး ဝေးလံတဲ့ထောင်တွေကို အပို့ခံရရင်တောင် မိခင် ဒေါ်ကြီးမြင့်က တစ်ခါမှ မညည်းညူဘဲ ထောင်ဝင်စာ လိုက်ပို့လေ့ ရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2022-10-21
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ အောက်တိုဘာ ၂၁ ရက် ဒီနေ့ မနက် ၈ နာရီလောက်ကစလို့ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ KNLA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေရာ ဒီနေ့ ညနေ ၄ နာရီထိ အရပ်သား သေဆုံးသူ သုံးဦးအထိ ရှိလာနေပြီ လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-21
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ၈,၀၀၀ ကျော်နေရပ်စွန့် ခွာထွက်ပြေးနေရပါတယ်။
2022-10-21
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာက စက်တင်ဘာလ ၁၆ ရက် လေကြောင်းတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အဆိုးရွားဆုံး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပါတယ်။
2022-10-21
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၁၀ ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ ထားဝယ်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၁၀ နှစ်ကနေ အနှစ် ၂၀ စီအထိ ထပ်တိုးအမိန့်ချခဲ့ပါတယ်။
2022-10-21
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ရွာတော်ရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၉ ရက်နေ့ ဝင်ရောက်စီးနင်းမှုမှာ နေအိမ် ၁၂၀ လောက်မီးရှို့ ဖျက်ဆီးခံရပြီး အရပ်သားသုံးဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-21
ဗန်းမောက်မြို့နယ် ကြောင်လည်ရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်ထားတဲ့ ဆေးရုံကို အောက်တိုဘာ ၂၁ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-21
ကော့ကရိတ်မြို့မှာ အောက်တိုဘာ ၂၁ ရက် ဒီနေ့ မနက် ၈ နာရီလောက်ကစလို့ စစ်ကောင်စီတပ်နဲ့ KNLA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပါတယ်။ လက်နက်ကြီးကျည် ထိမှန်တာကြောင့် အရပ်သား နှစ်ဦးလည်း သေဆုံးသွားပါတယ်။
2022-10-21
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်မာချိုဟာ နေရာမှာတင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေထဲမှာ အသက် ၁၄ နှစ်အောက် ကလေးသူငယ် ငါးဦးအပါအဝင် နောက်ထပ် ထိခိုက်ဒဏ်ရာရ သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
2022-10-20
သတင်းမှားတွေ၊ ဝါဒဖြန့်တာတွေကို အစိုးရတွေကရော၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကပါ မကြာခဏ အသုံးချနေတာဟာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ထိခိုက်လေ့ရှိပြီး ပဋိပက္ခ တာရှည်လေ့ရှိတယ်လို့ သတိပေးထားပါတယ်။
2022-10-20
အဓိကကတော့ CDM ထဲမှာ စစ်သား CDM တွေလည်း အများကြီးရှိတယ်။ အခုထွက်လာတဲ့ အချိန်မှာလည်း လက်နက်ချ အလင်းဝင်လာတဲ့ စစ်သားတွေ များတယ်။ များတဲ့အတွက်ကြောင့် ဒီလို တာဝန်ကို အရပ်သားတွေအနေနဲ့ စီစဉ်တဲ့ အပိုင်းမှာပဲဖြစ်ဖြစ် အများကြီး အခက်အခဲ ရှိနိုင်တယ်ပေါ့နော်။
2022-10-20
နေရပ်ကထွက်ပြေးလာပြီး ပြည်ပနိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းထားတဲ့ ဒုက္ခသည် မြန်မာနိုင်ငံသားတွေကို ခိုလှုံခွင့်မပေးဘဲ နေရပ်ပြန်လွှတ်တာဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ဒုက္ခတွင်းထဲ ပြန်ပို့လိုက်တာ ဖြစ်တယ်လို့ UNHCR ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။