သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-05-07
ကိုရိုနာထိန်းချုပ်ကာကွယ်ရေးအတွက် ထိုင်းနိုင်ငံအတွင်း အရေးအပေါ် ကြေညာချက်တွေ ရုပ်သိမ်းမယ့် ဇွန်လဆန်းမှ တာ့ခ်ခရိုင်ထဲက နယ်စပ်ဂိတ်ကို ဖွင့်လှစ်မယ်လို့ ထိုင်းအစိုးရက မေ ၆ရက် မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-05-07
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နှာခေါင်းစည်းမတပ်သူတွေကို တချို့မြို့ရွာတွေမှာ ဒဏ်ငွေရိုက်တာ အပြစ်ပေး တာတွေ လုပ်ဆောင်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက နှာခေါင်းစည်းကို တပ်ဖို့ ညွှန်ကြားထားပေမယ့် မတပ်တဲ့ သူတွေကို ပညာပေးတာတွေ လုပ်ဆောင်သင့်တယ်လို့ ထောက်ပြဝေဖန်ကြပေမယ့် ဒဏ်ငွေတပ်တာမျိုးပဲဖြစ်သင့် တယ်လို့ ပြောကြပါတယ်။
2020-05-06
ရခိုင်ပြည်နယ်တောင်ကုတ်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့ နေအိမ်တွေကို အမည်မသိ လူတစုက ရဲအယောင်ဆောင်ပြီး ဖမ်းဆီးဖို့ ကြိုးစား တာတွေရှိနေသလို မိသားစုဝင်တွေရဲ့ အသက်ကို ခြိမ်းခြောက်တာတွေလည်းရှိနေတယ်လို့ ဒေသခံ ပါတီတာဝန်ရှိ သူတွေနဲ့ ကာယကံရှင်တွေက RFA ကို ပြောပါတယ်။
2020-05-06
တရုတ်နိုင်ငံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ငါးဆယ် ကျော်ကို တရုတ်အာဏာပိုင်တွေ က မေလ၆ရက်နေ့ ဒီကနေ့ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ မူဆယ်နန်းတော်နယ်စပ်ဂိတ်က မြန်မာ လဝက တာဝန်ရှိသူထံကို လွှဲပြောင်းပေးခဲ့ပါတယ်။
2020-05-06
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးဒဏ်ကြောင့် ကမ္ဘာတဝှမ်း အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသလို၊ စီးပွားရေး၊ လူမှုရေး ထိခိုက်နစ်နာမှုတွေလည်း ကြီးမားခဲ့ပါတယ်။
2020-05-06
ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနဲ့ အမည်ပျက်စာရင်းသွင်းဖို့ စီစဉ်နေ တာဟာ၊ တရားမဝင် မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ အဓိက ပတ်သက်နေတယ် လို့ ယူဆကြောင်း ရန်ကုန်တိုင်း ပြည်သူ့ ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးတင့်လွင်က ပြောကြားလိုက်ပါတယ်။
2020-05-06
မြန်မာနိုင်ငံမှာ မေလ ၆ ရက် မနက်ပိုင်းအထိ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၁၆၁ ယောက်ရှိတဲ့အထဲက ရောဂါပိုးကင်းစင်သူဟာ ၄၉ ယောက် ရှိလာပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါဟာရောဂါပိုး ကူးစက်ခံရသူအထဲက ၃၀ ရာခိုင်နှုန်း ပြန်သက်သာလာတာဖြစ်ပါတယ်။
2020-05-06
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တဲ့အနေနဲ့ ပြောင်းလဲလိုက်တဲ့ ဘဏ်ဖွင့်ချိန်နဲ့ ဝန်ဆောင်မှုပုံစံတို့ကြောင့် ဘဏ်ကိုအသုံးပြုရချိန် များပြားတဲ့ လကုန်ပိုင်းရက်တွေမှာ လူစုလူဝေးကိုဖြစ်စေတယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။
2020-05-06
မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှာ ရောဂါကူးစက်ခံနေရတဲ့ ခရီးသွားရာဇဝင်လည်းမရှိ၊ အတည်ပြုလူနာနဲ့ ထိတွေ့တာလည်းမရှိဘဲနဲ့ ကူးစက်ခံရသူတွေရှိနေပါပြီ။
2020-05-06
ထိုင်းနိုင်ငံကနေ ပြန်လာမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို မြဝတီနယ်စပ်ဂိတ် တစ်ခုတည်းကနေပဲ ပြန်လည်လက်ခံတာမဟုတ်ဘဲ အခြားနယ်စပ်ဂိတ်တွေကိုပါ ဖွင့်ပြီး လက်ခံပေးဖို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီနေသူတွေက လိုလားနေကြပါတယ်။
2020-05-05
စစ်ကိုင်းတိုင်းကလေးမြို့မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာတွေနဲ့ ထိတွေခဲ့သူတွေ နေထိုင်ခဲ့တဲ့ ရပ်ကွက် (၂) ခုကို Lockdown ချထားလိုက်ပါတယ်။ ဒါကြောင့် အပိတ်ခံရတဲ့ ရပ်ကွက်ထဲမှာ နေထိုင်တဲ့ လက်လုပ်လက်စား မိသားစုဝင်တွေဟာ စားဝတ်နေရေး အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။
2020-05-05
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မေလ ၃ ရက် တနင်္ဂနွေနေ့က တပ်မတော် ခြေလျင်တပ်ရင်း ဝန်ထမ်းရိပ်သာမှာ နေထိုင်တဲ့ ကျောင်းဆရာမ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်တွေဆေးရုံကို ပို့သကုသနေရပါတယ်။
2020-05-05
ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကာကွယ်ရေးအတွက် ထိုင်းနိုင်ငံကနေ ပြန်ဝင်လာမယ့် မြန်မာအလုပ်သမားတွေဟာ တရားဝင် ဝင်ရောက်လာတာဖြစ်ဖြစ်၊ တရားမဝင်ပဲ ဖြစ်ဖြစ် အားလုံးကို အကုန်လက်ခံပြီး အပြစ်ပေးမှာ မဟုတ်တဲ့အကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2020-05-05
အစိုးရကို အကြည်အညိုပျက်စေတဲ့ ပြောဆိုပြုမူတာတွေ မလုပ်ဖို့ လွိုင်ကော်မြို့မှာ ဒေသန္တရအမိန့်ထုတ်ပြန်ထားတဲ့အပေါ် ဒေသခံနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။
2020-05-05
နေပြည်တော်တိုင်းစစ်ဌာနချုပ်က တပ်မတော်သားတစ်ဦး၊ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာနဲ့ ပတ်သက်ပြီး အများပြည်သူသိရှိနိုင်ဖို့ သတင်းအချက်အလက်တွေ ကို အမှန်အတိုင်း ထုတ်ပြန်ပေးမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောပါတယ်။