သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-18
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းရွေးချယ်မှုအပေါ် မကျေနပ်တာကြောင့် ဆန္ဒပြတာ၊ အောင်နိုင်ရေး မလုပ် တာတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ချောင်းဆုံ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ၂၁ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
2017-07-18
ကချင်လွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်နယ်မြေ လိုင်ဇာမှာ လက်ရှိနိုင် ငံရေး၊ စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကေအိုင်အို က တာဝန်ရှိသူတွေနဲ့ ကချင်တိုင်းရင်းသား ၅၀၀ ကျော်တို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-07-18
ရှမ်းပြည်နယ်က စာသင်ကျောင်းတွေ အားလုံး မနက်ဖြန် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်း အနားမှာ ချီတက်အလေးပြုကြဖို့ ပြည်နယ်အစိုးရအဖွဲ့က ညွန်ကြားစာထုတ်ပြန်ထားပါတယ်။
2017-07-18
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မနက်ဖြန် ကျရောက်မယ့် အာဇာနည်နေ့အတွင်း အကြမ်းဖက်ဖောက်ခွဲတဲ့ဖြစ်ရပ်တွေ မဖြစ်ပေါ်စေဖို့အတွက် မနေ့ကစတင်ပြီး လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်နေတယ် လို့ သိရပါတယ်။
2017-07-18
ဘင်္ဂလားပင်လယ်အော်အတွင်း မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မနက်ဖြန်မှာ အိန္ဒိယနိုင်ငံကို ဖြတ်ကျော် ဝင်ရောက်မှာဖြစ်တာကြောင့် အဝါရောင်အဆင့် သတ်မှတ် ထားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
2017-07-18
မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုခံထားရတဲ့ သတင်းသမား ၃ ဦးနဲ့ ယာဉ်မောင်း ၃ ဦးအမှုကို လာမယ့် ဇူလိုင်လ ၂၈ ရက်နေ့မှာ သီပေါမြို့နယ်တရားရုံးမှာ စတင်စစ်ဆေး မှာဖြစ်ပါတယ်။
2017-07-18
လူဦးရေ ထူတပ်တဲ့ ရန်ကုန်တိုင်းထဲမှာ လျှပ်စစ်မီးပုံမှန်မရတဲ့ ပြဿနာ မိုးတွင်းကာလ ရေကြီးရေလျှံတာအပြင် လုံခြုံမှုတွေပါ ကင်းမဲ့သလို ဖြစ်လာနေတာမို့ တနေ့ထက် တနေ့ စိတ်ဖိစီးမှုတွေ ပိုများလာနေတယ်လို့ မြို့ခံတွေကပြောကြပါတယ်။
2017-07-18
တစ်စုံတရာ ပြောင်းလဲတိုးတက်မှု မရှိသေးတဲ့ မြန်မာနိုင်ငံတဝှမ်းက တောင်သူတွေရဲ့ ဘဝအခြေအနေတွေကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က စုစည်းတင်ပြထားပါတယ်။
2017-07-18
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ UNFC နဲ့ အစိုးရငြိမ်းချမ်းရေး ကော် မရှင်က ဦးလှမောင်ရွှေခေါင်းဆောင်တဲ့ ကိုယ်စား လှယ်အဖွဲ့တို့ဟာ အစိုးရနဲ့ တရားဝင် မတွေ့ဆုံခင် လာမယ့်ဇူလိုင်လ ၂ဝ ရက်နေ့ ချင်းမိုင်မြို့မှာ အလွတ်သဘောတွေ့ဆုံဖို့ရှိနေပါတယ်။
2017-07-18
ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဘားအံမြို့မှာ မနေ့က တွေ့ဆုံခဲ့ပြီး ကရင်ပြည်နယ်မှာ ရှေ့ဆက်ဆောင်ရွက်မယ့်ကိစ္စတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။
2017-07-18
တစ်ပြည်လုံးမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇ လ တာကာလအတွင်း ၁၁၇ဝဝ ကျော်ရှိပြီး သေဆုံးသူ ၆၆ ဦးရှိနေတဲ့အတွက် မနှစ်ကထက် ဖြစ်ပွားမှုနှုန်း ပိုများနေပါတယ်။
2017-07-18
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ Protocol အရ ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲ ရှိတယ်ဆိုပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောခဲ့ တာဟာ ဥပဒေအရ မမှားပေမယ့်၊ အချိန်အခါအရ မပြောသင့်တဲ့အချိန် ဖြစ်နေတဲ့အတွက် ပါတီက ညွှန် ကြားချက်ထုတ်ပြန်ပြီး သတိပေးလိုက်တာလို့ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။
2017-07-18
မန္တလေးမြို့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ မြေသိမ်းခံလယ်သမား ကိုယ်စားလှယ်တွေကို မန္တလေးတိုင်း လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်း ခံရမှု ပြန်လည်စိစစ်ရေးကော်မတီမှာ ထည့်သွင်း ဖွဲ့စည်းပေးဖို့ တိုင်းအစိုးရအဖွဲ့နဲ့ လယ်သမားကိုယ်စားလှယ်တွေ ဇူလိုင်လ ၁၇ ရက်နေ့က ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီမှု ရခဲ့ပါတယ်။
2017-07-18
ရန်ကုန်တိုင်းအတွင်းက တက္ကသိုလ်ဝင်တန်းအောင်တဲ့ ကျောင်းသူကျောင်းသားတွေ အနေနဲ့ တက္ကသိုလ်ဆက်တက်မယ် ဆိုရင် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနဲ့၊ သန်လျင် မှော်ဘီ အစရှိတဲ့ တက္ကသိုလ်တွေကို သွားရောက်ကြ ရပါတယ်။
2017-07-17
မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေး ဆက်ဆံမှု လုံးဝမရှိဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ဒီနေ့ပြောကြားလိုက်ပါတယ်။