သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-20
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက အောက်တိုဘာလ ဒုတိယအပတ်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာတွေအတွင်းလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ၊ ဒေသခံတွေကိုဖမ်းဆီးတာနဲ့ နေအိမ်မီးရှို့မှုတွေကြောင့် ရွာခံရှစ်ထောင်ကျော် နေရပ်စွန့်ခွာနေရတယ်လို့ KNU က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
2022-10-20
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အရပ်သားအစိုးရ တက်လာချိန်မှာ ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်တပ်ကိုမေးခွန်းထုတ်ခဲ့ပေမယ့် စစ်တပ်ဘက်ကတော့ ပွင့်လင်းမြင်သာမှုလုံးဝ မရှိခဲ့ဘူးလို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
2022-10-20
ရက္ခိုင့်တပ်တော် (AA) ဟာ ဒေသတွင်းတရားဥပဒေစိုးမိုးမှုအတွက် ကိုယ်ပိုင်တရားစီရင်ခွင့် ပြဌာန်းစီရင်နေတယ်လို့ ဖော်ပြထားပါတယ်။
2022-10-20
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီက ရေကြောင်းလိုင်းတွေကို ပိတ်ထားသလို ကုန်းလမ်းမှာလည်း အရင်ကထက် အစစ်အဆေးတွေပိုပြီး တင်းတင်းကျပ်ကျပ်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
2022-10-20
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ အောက်တိုဘာလ ၁၈ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်က လေကြောင်းက နေတိုက်ခိုက်ခဲ့တာကြောင့် အောင်းကုန်း၊ နန့်သာ၊ အင်ပင် စတဲ့ကျေးရွာတွေက ဒေသခံ ၃၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-20
အောက်တိုဘာ ၁၉ ရက်က အင်းစိန်ထောင် ပေါက်ကွဲမှုဖြစ်ပြီး လူ ရှစ်ဦး သေဆုံးခဲ့တဲ့နောက် အင်းစိန်၊ ပြည်၊ သာယာဝတီ၊ အိုးဘို၊ တောင်ငူ၊ သရက်၊ ပဲခူး စတဲ့ အကျဉ်းထောင် ခုနစ်ခုမှာ ထောင်ဝင်စာတွေ့ခွင့်နဲ့ ပစ္စည်းပေးခွင့်ကို အာဏာပိုင်တွေက ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ ရှေ့နေတွေက ပြောပါတယ်။
2022-10-20
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝက်မှိုင်းကျေးရွာထဲကို အောက်တိုဘာလ ၁၉ ရက် မနေ့က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျေးရွာသားနှစ်ဦး ဒဏ်ရာ ရသွားခဲ့ပါတယ်။
2022-10-20
ပြီးခဲ့တဲ့ သြဂုတ်လကစလို့ အောက်တိုဘာ ၁၁ နေ့အထိ အသစ်တိုးလာတဲ့ စစ်ဘေးဒုက္ခသည် ၁၆,၀၀၀ ကျော် အထိရှိနေပြီး ယခင်နဲ့ လက်ရှိ ဒုက္ခသည်စုစုပေါင်း ကိုးသောင်းကျော်ရှိလာနေတာလို့ ဆိုပါတယ်။
2022-10-20
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ မုံရွာအကျဉ်းထောင်တွင်း တရားရုံးကနေ အောက်တိုဘာ ၂၀ ရက် ဒီနေ့ရုံးချိန်းမှာ ပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ် လေးနှစ်ထပ်မံချမှတ်ခံရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-10-20
အာဏာရှင်ဆန့်ကျင်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်ချေမှုန်းမှုတွေကြောင့် အောက်တိုဘာ ၁ ရက်ကနေ ၁၄ ရက်အထိ သီတင်း နှစ်ပတ်အတွင်း လူ ၃၄ ဦး သေဆုံးပြီး နေအိမ် ၆၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။
2022-10-20
တရားဝင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ လူမှုကွန်ရက်ကနေ နိုင်ငံခြားငွေ အရောင်းအဝယ်သူတွေကို စပြီးအရေးယူနေပြီလို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
2022-10-20
တိုက်ပွဲပေါင်း ၇၇၀၀ ကျော်ထဲမှာ ကရင်ပြည်နယ်မှာ တိုက်ပွဲပေါင်း ၄၃၀၀ ကျော်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး နိုင်ငံအနှံ့တိုက်ပွဲတွေရဲ့ ၅၆ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2022-10-20
အောက်တိုဘာ ၁၉ ရက် မနေ့ညနေ ၃ နာရီလောက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းကပြန်လာတဲ့ အသက်ခြောက်နှစ်နဲ့ ခုနစ်နှစ်အရွယ် ယောက်ျားလေးနှစ်ဦးသေဆုံးခဲ့ပြီး အသက်ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-10-20
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက်နေ့ကစလို့ ဒေသခံ ၁၂၀ ဝန်းကျင် ထိန်းသိမ်းစစ်ဆေးနေပြီး ဒီနေ့အထိ ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2022-10-20
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ အောက်တို့ဘာလ ၁၉ ရက် မနေ့က ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ရှစ်ဦးရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာလ ၂၀ ရက် ဒီနေ့မှာ ထုတ်ခွင့်ရခဲ့တယ်လို့ သေဆုံးသူမိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။