သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-03-21
ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ အနေနဲ့ ဝပြည်ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေမှာ ဖြစ်သလို၊ စစ်အစိုးရကို သေနတ်တလက် ကျည်တတောင့် မြေတလက်မမှ မပေးအပ်နိုင်ကြောင်း မတ်လ ၂၀ ရက် မနေ့က ပြီးဆုံးသွားတဲ့ UWSP နှစ်ချုပ် အစည်းအဝေးမှာ ဥက္ကဋ္ဌ ပေါက်ယူချမ်းက ပြောဆိုသွားတယ်လို့ စုံစမ်းသိရှိရပါတယ်။
2011-03-21
ထိုင်းမြန်မာနယ်စပ်မှာ နေထိုင်တဲ့ စစ်ပြေးဒုက္ခသည် အမည်ခံတွေထဲက အများစုဟာ သူတို့ဆန္ဒ အလျောက် တဖက်နိုင်ငံမှာ နေထိုင်သူတွေသာ ဖြစ်ကြောင်း အစိုးရ ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက လွှတ်တော်မှာ ပြောကြားလိုက်တယ်လို့ သိရပါတယ်။
2011-03-21
လစ်ဗျားနိုင်ငံမှာ အာဏာရှင် သမတ ဗိုလ်မှူးကြီး ကဒါဖီရဲ့ ဖိနှိပ် သတ်ဖြတ်မှုအောက်က ပြည်သူတွေရဲ့ ဘဝကို ကယ်တင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သမိုင်းဝင် ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ပြီး နိုင်ငံတကာက စစ်ရေးအရ အခုလို ဝင်ရောက် အရေးယူ ဆောင်ရွက်နိုင်မှုဟာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ မြန်မာနိုင်ငံ အပါအဝင် တခြား အာဏာရှင် နိုင်ငံတွေအတွက်လည်း ဆိတ်ကွယ်ရာ မရှိတော့ဘူးဆိုတာ သတိပေးလိုက်တာပဲလို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
2011-03-21
မတ်လ ၁၁ ရက်နေ့က စပြီး လှုပ်ခတ်ခဲ့တဲ့ ဂျပန်ငလျင်ဘေးရဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် NLD (လွတ်မြောက် နယ်မြေ-ဗဟို) နဲ့ နိုင်ငံတကာမှာ ရှိတဲ့ NLD (လွတ်မြောက်နယ်မြေ) ဌာနခွဲတွေ စုပေါင်းပြီး အာဏာရ ဂျပန်ဒီမိုကရက်ပါတီ (DPJ) ကို အမေရိကန် ဒေါ်လာ ၈,၃၀၀ ကျော်နဲ့ညီမျှတဲ့ ဂျပန်ယန်းငွေ ၁၀ သိန်း လှူဒါန်းသွားမယ်လို့ သိရပါတယ်။
2011-03-20
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ဂီရိမုန်တိုင်းကြောင့် ထိခိုက်ပျက်စီး သွားတဲ့ ကျီးခေါင်းတောင်စေတီရဲ့ ထီးတော်ကို ဖခင်ဖြစ်သူ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီး ဒေါ်ခင်ကြည်ကို ရည်စူးပြီး ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့မှာ လှူဒါန်းလိုက်ပါတယ်။
2011-03-20
မြန်မာဒုက္ခသည်တွေအရေး ဆောင်ရွက်ပေးနေတဲ့ ဖင်လန်နိုင်ငံက မမေမျိုးသွင်နဲ့ ကိုသားဆွေ ဇနီးမောင်နှံ နှစ်ဦးကို ဒေသဆိုင်ရာ ကြက်ခြေနီ အသင်းက ပထမဦးဆုံးအကြိမ် နိုင်ငံခြားသား လူမှုထူးချွန်ဆုကို ဒီကနေ့ ချီးမြှင့်လိုက်ပါတယ်။
2011-03-20
FaceBook လူမှုကွန်ရက်က တဆင့် Just Do It ဆိုတဲ့ အာဏာရှင် ဆန့်ကျင် ရေး လှုပ်ရှားမှုကို စတင်ခဲ့တဲ့ တလတာ ကာလအတွင်း အဖွဲ့ဝင် နှစ်ထောင်နီးပါး ရှိသွားပြီလို့ ကွန်ရက်အဖွဲ့ဝင်တွေက ပြောပါတယ်။
2011-03-20
မြန်မာနိုင်ငံမှာ အကျဉ်းကျခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို မေ့မထားကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Amnesty Internationl ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့မှာ ပါဝင်လှုပ်ရှားသူတွေကို တယ်လီဖုန်းကတဆင့် တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2011-03-20
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ် တင်ဆက်တဲ့ တနင်္ဂနွေ စကားဝိုင်း အစီအစဉ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှည် မစ္စတာတောမတ်စ် ကင်တားနားက အစီရင်ခံစာ တင်သွင်းခဲ့တဲ့ ကိစ္စကို အခြေခံပြီး ဆွေးနွေးထားကြပါတယ်။
2011-03-20
ပြင်သစ်လေတပ်က တိုက်လေယာဉ် တွေဟာ လစ်ဗျားနိုင်ငံ ဘင်ဂါဇီမြို့ အနီးက သမ္မတ ကဒါဖီတပ်တွေရဲ့ ပစ်မှတ်တွေကို ဒီကနေ့ ဝင်ရောက် တိုက်ခိုက်လိုက်ပါတယ်။
2011-03-20
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ (Bay Area) ကို အခြေပြုတဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုတွေရဲ့ ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု အတွက် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းကြဖို့ ဆုရွေးချယ်ရေးကော်မတီက နှိုးဆော်လိုက်ပါတယ်။
2011-03-19
အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တခုခုမှာ မဟာဘွဲ့သင်တန်း တက်ရောက်နိုင်မယ့် Fulbright ပညာတော်သင်ဆု လျှောက်လွှာတွေကို ၂ဝ၁၁ ခုနှစ် ဇွန်လ ၃ ရက်နေ့ နောက်ဆုံးထား တင်သွင်းနိုင်ပြီလို့ ရန်ကုန် အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2011-03-19
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှုအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော်ကနေ ဖလောင်းချိတ် ခေါ် Cox's Bazar အထိ ခရီးရှည် ချီတက်ရာမှာ WLB အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ကလည်း ပူးပေါင်းပါဝင် ချီတက်ခဲ့ပါတယ်။
2011-03-19
ဂျပန်နိုင်ငံက အနုမြူ ဓာတ်အားပေး စက်ရုံတွေ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အနုမြူ ဓာတ်အားပေး စက်ရုံ တည်ဆောက်မယ်ဆိုရင် စနစ်တကျ ဆောင်ရွက်ဖို့ အရေးကြီးကြောင်း မြန်မာ ရူပဗေဒ ပညာရှင်တဦးက သတိပေးလိုက်ပါတယ်။
2011-03-19
မြန်မာစစ်အစိုးရ အာဏာပိုင်တွေ လူသားထုအပေါ်ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် စေလွှတ်ရေးကို ရိုမေးနီးယားနိုင်ငံအနေနဲ့ ထောက်ခံဖို့ လန်ဒန်အခြေစိုက် Burma Campaign- UK အဖွဲ့က ရိုမေးနီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားရောက်တွေ့ဆုံ တိုက်တွန်းခဲ့ကြောင်းသိရပါတယ်။