သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-17
မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေရရှိမှု လျော့နည်းလာနေတာနဲ့အတူ ပြည်ပနိုင်ငံတွေနဲ့ ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာအစား တရုတ်ယွမ်ငွေကို သုံးစွဲဖို့သဘောတူ လိုက်ပါတယ်။
2021-12-17
ကရင်ပြည်နယ် မြဝတီခရိုင်က ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ လေးကေ့ကော်မြို့သစ်ထဲကို ဒီဇင်ဘာ ၁၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်ရောက် စီးနင်းရာကနေ စတင်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကနေ ဒီဇင်ဘာ ၁၇ ရက်ညအထိ တိုက်ပွဲတွေ ရပ်စဲခြင်းမရှိသေးတာကြောင့် စစ်ဘေးဒုက္ခသည်တွေ တိုးလာနိုင်တယ်လို့ အကူအညီပေးနေသူတွေနဲ့ ဒုက္ခသည်တွေက ပြောပါတယ်။
2021-12-17
မြန်မာစစ်တပ်ဟာ မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေနဲ့ ဆေးဝါးတွေကို အရပ်သား ပြည်သူတွေဆီ အရောက်ပေးပို့လို့မရအောင် ပိတ်ဆို့ဟန့်တားနေတယ်လို့ ဗြိတိန် အခြေစိုက် AI- Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ဒီနေ့ ပြောကြားလိုက် ပါတယ်။
2021-12-17
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မွန်လွဲ ၂ နာရီခွဲ ဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်ပစ် ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-17
လာမယ့် ၂၀၂၂ ဇန်နဝါရီလ ၇ ရက်နေ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံကို လာရောက်တဲ့အခါ မကြာသေးခင်ကမှ အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်း အတူလိုက်ပါလာပြီး မြန်မာနဲ့ အာဆီယံအကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ပြန်ရလာလိမ့်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၁၆ ရက် မနေ့က ပြောကြားလိုက်ပါတယ်။
2021-12-17
ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ် မြောက်ဘက် နှစ်မိုင်ခန့်အကွာ မယ့်ထော်သလေးနဲ့ ပဟိကလော်မှာ ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းအထိ စစ်ကောင်စီ တပ်တွေနဲ့ KNU လက်အောက်ခံ KNLA၊ NUG လက်အောက်ခံ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဆက်ဖြစ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-17
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့က အင်းစိန်အကျဉ်း ထောင်တွင်းမှာ အကျဉ်းသူ၊ အကျဉ်းသား ၉၀ နီးပါးလောက်ပါဝင်တဲ့ အသံတိတ် သပိတ်ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ဖြိုခွင်းခဲ့ကြတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောဆိုထား ကြပါတယ်။
2021-12-17
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က အထူးတရားရုံး မှာ ထောင်ဝတ်စုံနဲ့ ဒီနေ့ ရုံးထုတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2021-12-17
ပြီးခဲ့တဲ့ မေလကတည်းက စတင်ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေး ဒုက္ခသည် ခုနစ်သောင်းနီးပါးဟာ လက်ရှိမှာ အစားအစာနဲ့ ဆေးဝါး မလုံလောက်တဲ့အပြင် ဆောင်းရာသီ အအေးဒဏ်ကိုပါ ခံစားနေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2021-12-17
ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ Bago Weekly ဂျာနယ်က သတင်းထောက် ကိုငြိမ်းချမ်းဝေကို စစ်ပုန်ကန်လာအောင် ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ဒီဇင်ဘာလ ၁၆ ရက် မနေ့က ထောင်သုံးနှစ် အမိန့်ချလိုက်တယ် လို့ မိသားစုဝင် RFA ကို ဒီနေ့ပြောပါတယ်။
2021-12-17
ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်ခွဲအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကိုးကန့် တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
2021-12-17
ဂျာမနီနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကို ယူရိုငွေ သုံးသန်း ထပ်တိုးထောက်ပံ့လိုက် တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ဒီဇင်ဘာလ ၁၆ ရက် မနေ့က သတင်း ထုတ်ပြန်ပါတယ်။
2021-12-17
ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်အနီး မယ့်ထော်သလေးရွာမှာ ဒီဇင်ဘာ ၁၆ ရက် မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးကို လက်နက်ခဲ ယမ်းတွေနဲ့အတူ အရှင်ဖမ်းဆီးမိထားတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ PVTV သတင်း ဋ္ဌာနက ဒီနေ့မနက်က ဖော်ပြပါတယ်။
2021-12-17
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု တက်ရောက် ချီးမြှင့်ပေးခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဗိုလ်ကလေးတင့်အောင်ဟာ ဒီဇင်ဘာလ ၁၆ ရက် မနေ့ညပိုင်းမှာ ကွယ်လွန်သွားပါတယ်။
2021-12-16
၂၀၁၃ မှာ ကုလသမဂ္ဂက ကမ္ဘာ့နိုင်ငံ ၁၅၆ ခုကို စစ်တမ်းကောက်ခဲ့စဉ်က မြန်မာ နိုင်ငံက ၁၂၁ နိုင်ငံမြောက် ကမ္ဘာ့အပျော်ရွှင်ဆုံး နိုင်ငံဖြစ်ခဲ့ရာက ၂၀၂၁ မှာ ၁၂၆ ကိုရောက်သွားပါတယ်။