သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-04-02
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းမှု လုပ်ငန်းစဉ်တွေမှာ အကူအညီပေးနိုင်မယ့် အခြေအနေတွေကို လေ့လာဖို့အတွက် အမေရိကန် သမ္မတဟောင်း Jimmy Carter ဟာ ဒီကနေ့ နေပြည်တော် ကို ရောက်ရှိလာခဲ့ပါတယ်။
2013-04-02
တနင်္သာရီတိုင်းအတွင်း အကြောင်း အမျိုးမျိုးနဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေအရေးနဲ့ ပတ်သက်ပြီး ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီလ ၁ ရက် မနေ့က စတင်စစ်ဆေးခဲ့ပါတယ်။
2013-04-02
၂၀၀၇ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သူ ကိုရဲမင်းဦး ပျောက်ဆုံးမှုဟာ သာမန်ပျောက်ဆုံးမှုမဟုတ်ပဲ ဥပဒေမဲ့ မတရားဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)က ဒီနေ့ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2013-04-02
လက်ရှိလွှတ်တော်ကို တင်ပြထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းဟာ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖေါ်ခွင့်ကို အပြည့်အဝ အကာအကွယ်ပေးထားတဲ့ ဥပဒေဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က RFA ကို ဒီကနေ့မှာ ပြောဆိုလိုက် ပါတယ်။
2013-04-02
ဂျပန်နိုင်ငံကို ရောက်ရှိနေကြတဲ့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေဟာ ဒီကနေ့ ညနေပိုင်းက ဂျပန်ဝန်ကြီးချုပ် Shinzo Abe အပါအဝင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida တို့နဲ့ တွေ့ဆုံ ခဲ့ကြပါတယ်။
2013-04-02
ရန်ကုန်မြို့ ၄၈ လမ်းမှာရှိတဲ့ အစ္စလာမ် ဘာသာရေး စာသင်ကျောင်း မီးလောင်ကျွမ်းမှုဟာ တစ်စုံတစ်ယောက ်မီးရှို့တာမဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဒီနေ့ဧပြီလ ၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
2013-04-02
ဒီကနေ့ မနက် အစောပိုင်း ၃ နာရီလောက် က ရန်ကုန်မြို့ ၄၈ လမ်းက ဗလီကျောင်း အတွင်း မီးလောင်မူဖြစ်ပွားခဲ့ရာမှာ ဗလီကျောင်းမှာနေထိုင်တဲ့ စာသင်သား ၁၃ ဦး သေဆုံး သွားကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက အတည်ပြုပြောဆိုပါတယ်။
2013-04-02
ကမ္ဘာ့အထီးကျန်အဖြစ်ဆုံး နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အင်တာနက်ပွင့်လင်းမှု တိုးတက်လာတာနဲ့အညီ စိုးရိမ်စရာ အချက်တွေရှိနေကြောင်း Google ကုမ္ပဏီ ဥက္ကဌ မစ္စတာ Eric Schmidt က မနေ့က ပြောလိုက်ပါတယ်။
2013-04-01
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာစက်မှုဇုန် (၁)၊ ကနောင် မင်းသားကြီးလမ်းမှာရှိတဲ့ တော်ဝင်မြန်မာ ဇာပန်းထိုးစက်ရုံရှေ့မှာ စက်ရုံ ၇ ခုက အလုပ်သမား ၂၅၀ လောက်ဟာ သူတို့အခွင့်အရေးတွေ အပြည့်အ၀ ရရှိရေးအတွက် ဒီနေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2013-04-01
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်း အတွင်း အကြမ်းဖက်မှုနဲ့ မီးရှို့ဖျက်ဆီး တဲ့ ဖြစ်ရပ်တွေကို အသေးစိတ် စုံစမ်းဖော် ထုတ်ပြီး ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးဖို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီးက ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ။
2013-04-01
မိတ္တီလာမြို့ အဓိကရုဏ်းကြောင့် အခက် အခဲ ကြုံတွေနေရတဲ့ ဒုက္ခသည်တွေကို စိတ်ပိုင်းဆိုင်ရာ အားပေးဖို့အတွက် ဒီနေ့ဧပြီလ ၁ ရက်နေ့မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တချို့နဲ့ အနုပညာ ရှင်တွေပူးပေါင်းပြီး ဒုက္ခသည်စခန်းတွေကို ရောက်နေပါ တယ်။
2013-04-01
တောင်သူတွေရဲ့ ကြွေးမြီပြဿနာ ကို ဖြေရှင်းပေးနိုင်ဖို့အတွက် အစိုးရဘက် က အတိုးနှုန်း သက်သက်သာသာ နဲ့ နှစ်ရှည်ချေးပေးနိုင်ဖို့ ဥပဒေပြဌာန်း ဆောင်ရွက်သွားမယ့် အပြင် တခြားအကာအကွယ်ပေးနိုင်မယ့် ဥပဒေ ပြဌာန်းနိုင်ဖို့ အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
2013-04-01
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ နီးပါး ပုဂ္ဂလိက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ပိတ်ပင်ခံထားရာကနေ ဒီနေ့ဧပြီလ ၁ ရက်နေ့ကစပြီး နေ့စဉ် သတင်းစာ ၄ စောင်ကို စတင်ထုတ်ဝေကြပြီဖြစ်ပါတယ်။