သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-01-26
အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေးကို စဉ်းစားနိုင်ဖို့ မြန်မာ အစိုးရဖက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စေ့စပ်ဆွေးနွေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အသိအမှတ်ပြုဖို့ လိုကြောင်း အမေရိကန်အစိုးရ အကြီးတန်း အရာရှိ Joseph Yun က ပြောလိုက်ပါတယ်။
2011-01-26
နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (ဒီဗွီဘီ) ကို ထောက်ပံ့နေတဲ့ ရန်ပုံငွေ ၁၅ ရာခိုင်နှုန်း အမေရိကန်ဒေါ်လာ ၅ သိန်းနီးပါး ဖြတ်တောက် ခံရတာကြောင့် လက်ရှိအစီအစဉ် တချို့ ရပ်ဆိုင်းဖို့ ရှိတယ်လို့ ဒီဗွီဘီ အမှုဆောင်ညွန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ဇန်နဝါရီ ၂၅ ရက် မနေ့က RFA ကို ပြောပါတယ်။
2011-01-25
နိုင်ငံရေးမှုနဲ့ ဖမ်းထားသူတွေကို စစ်အစိုးရက စစ်ဆေး မေးမြန်းချိန်မှာ မူးယစ်ဆေးဝါး လျှို့ဝှက် တိုက်ပြီး ဖွင့်ဟ ဝန်ခံခိုင်းသလို၊ အဲဒီဝန်ခံချက်ကို တရားရုံးတင် အမိန့်ချတယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ ပတ်သက်ပြီး ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က ဝင်ရောက်စစ်ဆေးဖို့ AHRC အာရ ှလူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
2011-01-25
စစ်အစိုးရက ရှမ်းပြည်နယ်တွင်းမှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသစ်ကို ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီး နောက်ပိုင်း ဒေသခံတွေရဲ့ လယ်ယာခြံမြေတွေ အသိမ်းဆည်း ခံနေရတာကြောင့် ဒေသခံတွေ ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေး လာနေကြတယ်လို့ သိရပါတယ် ။
2011-01-25
ပုဂ္ဂလိက ကုမ္ပဏီတခုနဲ့ အာဏာပိုင်တို့ ပေါင်းပြီး သိမ်းယူထားတဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်က အမက (၂၆) မူလတန်းကျောင်း မြေနေရာ ပြန်ရရေးကိစ္စကို NLD ဗဟို ဥပဒေ အထောက်အကူပြု အဖွဲ့က ယူနီဆက်ဖ်ခေါ် အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ဆီကို တင်ပြလိုက်တယ်လို့ သိရပါတယ်။
2011-01-25
စစ်အစိုးရရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေဟာ ပြည်တွင်းစစ် ဖြစ်နေတဲ့ လက်ရှိ မြန်မာနိုင်ငံ အခြေအနေအရ ပြဌာန်းဖို့ မသင့်သေးတဲ့ ဥပဒေတရပ် ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လူငယ်) က ဇန်နဝါရီ ၂၄ ရက် မနေ့က ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။
2011-01-25
ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လည်ပိုင်းက သြစတြေးလျား သံအရာရှိတဦး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ လာရောက် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။
2011-01-25
ရန်ကုန်- ပျဉ်းမနား နေပြည်တော် အမြန်လမ်းမကြီးမှာ ဇန်နဝါရီလ ၂၂ ရက် စနေနေ့ည က ကားမှောက်မှု တခုဖြစ်ပွားခဲ့ရာမှာ အတွက် ဂျပန်လူမျိုး တဦးနဲ့ မြန်မာအရာရှိတဦး သေဆုံးသွားကြောင်း ဂျပန်တိုင်းမ်စ် သတင်းစာက ဖော်ပြပါတယ်။
2011-01-25
လက်ရှိ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ပြောင်းလဲလာဖို့ ဆိုရင် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရတွေအနေနဲ့ အာဏာရှင် အစိုးရတွေကို ထိရောက်တဲ့ ဖိအားတွေ ပေးကြဖို့ လိုအပ်တယ်လို့ ဇန်နဝါရီ ၂၄ ရက် မနေ့က ထုတ်ပြန်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (HRW) ရဲ့ ၂၀၁၁ ခုနှစ် အစီရင်ခံစာက တိုက်တွန်းလိုက်ပါတယ်။
2011-01-25
တကျွန်းပြန် နိုင်ငံရေး အကျဉ်းသားဟောင်း ပဒိုမန်းငြိမ်းမောင်ရဲ့ ကိုကိုးကျွန်းအတွေ့အကြုံတွေနဲ့ သူရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို တွေ့ဆုံ မေးမြန်းထားပါတယ်။
2011-01-24
ချင်းပြည်နယ် ကန်ပက်လက် ဒေသမှာ မနှစ်က ကြွက်ကျခဲ့တာကြောင့် သီးနှံတွေ ပျက်စီးပြီး ရိက္ခာ ရှားပါးမူတွေ ဖြစ်ပေါ်ခဲ့တာကြောင့် NLD ပါတီက ဦးစီးပြီး ဆန်ဝေဖို့ စီစဉ်ခဲ့ရာမှာ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဆန်ဝေရေး အဖွဲ့တွေ ကန်ပက်လက်ကို ရောက်ရှိခဲ့ပါတယ်။
2011-01-24
မြန်မာနိုင်ငံတွင်းကို ထိုင်းနိုင်ငံက တဆင့် ဝင်ရောက် သတင်း ယူခဲ့ပြီး ထိုင်းနိုင်ငံ ပြန်ရောက်စဉ် ဖမ်းဆီးခံခဲ့ရတဲ့ အလွတ် သတင်းထောက်၂ ဦးကို ထိုင်းအစိုးရက ဒီကနေ့ ပြန်လွတ် ပေးလိုက်ပါတယ်။
2011-01-24
ဗန်ကောက်မြို့အနောက်ဘက် ကီလိုမီတာ ၁၀၀ အကွာမှာရှိတဲ့ ရတ်ချ်ဘူရီ မြို့နယ် ဘန့်ခရာ V&K နာနတ်သီးစက်ရုံက မြန်မာ အလုပ်သမား တစ်ထောင်ခန့် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ထိုင်းအလုပ်သမား အချို့ရဲ့ အနိုင်ကျင့်ခံရမှုတွေကြောင့် အလုပ်မဆင်းပဲ ဆန္ဒပြနေကြကြောင်း အလုပ်သမားတစ်ဦးက ပြောပါတယ်။
2011-01-24
ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့ ဘိုကလေးမြို့နယ်က မောင်မြတ်မင်းသက်ကို သက်ဆိုင်ရာ စစ်တပ် တာဝန်ရှိသူတွေက မိဘထံ ပြန်လည် လွဲပြောင်း ပေးအပ်လိုက်တဲ့ အတွက် မနေ့က မိဘနဲ့အတူ အိမ်ကို ပြန်လည် ရောက်ရှိလာကြောင်း သတင်းရရှိပါတယ်။
2011-01-24
ဒီကနေ့မနက်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေ အဖွဲ့က ပါတီ တရားဝင် ရပ်တည်ခွင့်ဆိုင်ရာ ကိစ္စအတွက် ဗဟို တရားရုံးချုပ်မှာ လျှောက်လဲချက် တင်သွင်းကြောင်း သတင်းရရှိပါတယ်။