သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-10
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အိုးဘိုထောင်ကျေးရွာအုပ်စုမှာ တိုင်းဒေသကြီး လွှတ်တော်အဆောက်ဦးနဲ့ မြို့သစ် တည်ဆောက်ဖို့အတွက် သိမ်းယူထားတဲ့မြေနေရာမှာ ဒီနေ့မနက်ပိုင်းက ဒေသခံအာဏာပိုင်တွေရောက်လာပြီး အုတ်တံတိုင်းခတ်ရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ တာကြောင့် ဒေသခံရွာသားတစ်ဦး ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
2013-08-10
ရခိုင်ပြည်နယ် စစ်တွေမြို့ အနောက်ဘက် ဘောဒူဘ ဒုက္ခသည်စခန်း မှာ ရဲဝန်ထမ်းတွေနဲ့ ဒုက္ခသည်တွေအကြား မနေ့က ညနေ ၆ နာရီကျော်အချိန်မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် မွတ်စလင် ၄ ဦး သေနတ်ဒဏ်ရာရရှိတဲ့အထဲက ၁ ဦး သေဆုံးသွားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကို ပြောပါတယ်။
2013-08-10
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအဖွဲ့ကို မတရားအသင်းကနေ ပယ်ဖျက်ရေးအတွက် ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒီနေ့ မြန်မာငြိမ်း ချမ်းရေးစင်တာမှာကျင်းပတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကရရှိတဲ့ သဘောတူညီမှု အချက် ၁၂ ချက်မှာ ထည့်သွင်းလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2013-08-10
ဒီမိုကရေစီအရေးတော်ပုံ ငွေရတု အထူးအစီအစဉ်မှာ ၁၉၈၈ စက်တင်လာလ ၁၇ ရက်နေ့က ကုန်သွယ်ရေးဝန်ကြီးဌာန ရုံးချုပ်အရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့တဲ့ ရဟန်းပျိုအဖွဲ့ခေါင်းဆောင် အရှင်ဂန္ဓာသာရ အခုလက်ရှိလူအမည် ဦးအောင်ဟိန်းရဲ့ အတွေ့အကြုံတွေကို ဒီကနေ့ နားဆင်ရမှာ ဖြစ်ပါတယ်။ အာအက်ဖ်အေ အဖွဲ့သား ဦးတင်အောင်ခိုင်က တင်ပြပါလိမ့်မယ်။
2013-08-09
မြန်မာနိုင်ငံက ရွှေ့ပြောင်းလာ သူတွေကို ငါးဖမ်းလှေတွေမှာ ရောင်းစားတဲ့ လူမှောင်ခို ဂိုဏ်းခေါင်းဆောင်လို့ မသင်္ကာရသူတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက သောကြာနေ့ က ပြောကြားလိုက်ပါတယ်။
2013-08-09
ရခိုင်ပြည်နယ် သံတွဲမြို့မှာ တပ်ကသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့ ရှစ်လေးလုံးငွေရတုနေ့ အထိမ်းအမှတ်အနေနဲ့ မနေ့က တစ်ကိုယ်တော် လမ်းလျှောက်ဆန္ဒထုတ်တဲ့အတွက် ဖမ်းဆီးခံထားရသူ ကိုစိုးဝေကို အာဏာပိုင်တွေက စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ၁၈နဲ့ တရားစွဲဆိုခဲ့ပြီး ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
2013-08-09
လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေပွဲတွေ တဆက်တည်းဖြစ်ပေါ်လာရေးတွေကို အစိုးရကဆောင်ရွက် သွားဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဌ ကိုသံခဲက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-08-09
ထိုင်းနိုင်ငံတောင်ပိုင်း စတန်းခရိုင် လငူးမြို့နယ် ကာဘန်ရွာအနီးက ငါးဖမ်းလှေတွေမှာ လူပွဲစားတွေကတဆင့် ရောင်းစားခံ ထားရတဲ့ အသက် ၂ဝ အောက် ၃ ဦးအပါအဝင် မြန်မာနိုင်ငံ သား ၇ ယောက်ကို မနေ့က ထိုင်းနိုင်ငံအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့နဲ့ ထိုင်းရေတပ်တို့ ပူးပေါင်း ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
2013-08-09
ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဘောဒူဘ ဒုက္ခသည်စခန်းအနီးမှာ ဒီကနေ့ မနက်ပိုင်းက လုံခြုံရေး ဝန်ထမ်းတွေနဲ့ မွတ်စလင် ဒုက္ခသည်တွေအကြား ပဋိပက္ခဖြစ်ပွားခဲ့ရာမှာ လုံခြုံရေးဝန်ထမ်းတွေက သေနတ်နဲ့ ပစ်ခတ်မှုကြောင့် မွတ်စလင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
2013-08-09
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းပါဝင်တဲ့ မြေယာလျော်ကြေးငွေတွေကို လာမယ့်စက်တင်ဘာလ ၃ဝ ရက်နေ့ နောက်ဆုံးထားပြီး ထုတ်ရမယ်လို့ နိုင်ငံပိုင်သတင်းမီဒီယာတွေက မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2013-08-09
ကုန်ဈေးနှုန်းကျဆင်းရေး လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ဟာ အင်းစိန်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတာ ၄ ရက်ရှိပြီလို့ သိရပါတယ်။
2013-08-09
ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်း သြဂုတ်လ ၉ ရက်နေ့က စစ်ကိုင်းမြို့အမှတ် ၁ ရဲစခန်းရှေ့မှာ ရာဂဏန်းနဲ့ ချီရှိတဲ့ ကျောင်းသားပြည်သူတွေ ပစ်သတ်ခံခဲ့မှုနဲ့ ပတ်သက် ပြီး အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့ လူဦးရေ ၁ဝဝ လောက် စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။
2013-08-09
၈၈ အရေးတော်ပုံ ငွေရတုအထိမ်းအမှတ်အဖြစ် မနေ့က ရန်ကုန်မြို့ ဟံသာဝတီအဝိုင်းကနေ မြို့တော်ခန်းမအထိ ချီတက်လမ်းလျှောက်ခဲ့ကြ သူတွေထဲက နှစ်ဦးကို အာဏာပိုင်တွေက စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပါတယ်။
2013-08-09
ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအထူးအစီအစဉ်မှာ ၁၉၈၈ စက်တင်လာလ ၁၈ ရက်နေ့က စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒဏ်ရာရနေတဲ့ မဝင်းမော်ဦးကို သွားရောက်သယ်ဆောင်ခဲ့တဲ့ ဒေါက်တာ ဝင်းဇော်ရဲ့ အတွေ့အကြုံတွေကို ဒီကနေ့နားဆင်ရမှာ ဖြစ်ပါတယ်။ RFA အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။
2013-08-08
မြန်မာနိုင်ငံ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ Mya North ခေါ် အနောက်ဘက် မြသဘာဝဓါတ်ငွေ့လုပ်ကွက် ကနေ ဓာတ်ငွေ့တွေ စတင်ထုတ်ယူနေပြီလို့ တောင်ကိုရီး ယား ဒေဝူးကော်ပိုရေးရှင်းက ပြောပါတယ်။