သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-05
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာက ဆန်စက်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ အသက် ၅၀ ခန့်အရွယ် ဦးရဲကျော်ထွန်းဟာ AA အဖွဲ့အတွက် ရိက္ခာ သိုလှောင် ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သြဂုတ်လ ၃၁ ရက်နေ့က တပ်မတော်က ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။
2020-09-04
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်ဖြစ်ပွားသူဦးရေ တိုးပွားလာနေပြီး ၇ ဦးမြောက် လူနာတစ်ဦး ဒီရောဂါနဲ့ မနေ့က ကွယ်လွန်သွားပါတယ်။
2020-09-04
ရခိုင့်တပ်တော် AA အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေးကို ပြောနေပြီး၊ လက်တွေ့မှာတော့ ဗုံးထောင်ဖောက်ခွဲနေတာကြောင့် အပြောနဲ့အလုပ် မညီဘူးလို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက စက်တင်ဘာလ ၄ ရက်နေ့ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း တုန့်ပြန်လိုက်ပါတယ်။
2020-09-04
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘုရားပေါင်းနဲ့ တောင်ပေါက်ကျေးရွာတွေကို မနေ့ညနေက တပ်မတော်က ဝင်ရောက်ပစ်ခတ်ပြီး မီးရှို့ခဲ့လို့ အိမ်ခြေ ၁၇ဝ လောက် မီးလောင်ကျွမ်းပြီး အရပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ၊ ဒေသခံတွေ၊ ရပ်မိရပ်ဖတွေက ပြောပါတယ်။ တပ်မတော်ကတော့ ဒါဟာ စွပ်စွဲချက်သာဖြစ်ပြီး ဒီလိုဖြစ်စဉ်မရှိကြောင်း တုံ့ပြန်ပါတယ်။
2020-09-04
အရေးယူခံရသူတွေထဲမှာ နှာခေါင်းစည်းမတပ်တာ၊ လူစုလူဝေးလုပ်တာ၊ ကန့်သတ်စောင့်ကြည့်ရေး စခန်းတွေမှာ ထိန်းသိမ်းတာ လက်မခံတာ၊ ထွက်ပြေးတာ၊ ပြည်ပကနေ ပြန်ဝင်လာပြီး အသိမပေးသူတွေ၊ ကျန်းမာရေး စစ်ဆေးတာကို လက်မခံသူတွေ၊ သတင်းမှား ဖြန့်ဝေသူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
2020-09-04
ရက္ခိုင့်တပ်တော် AA ဟာ စနစ်တကျဖွဲ့ထားတဲ့ တပ်ဖွဲ့မဟုတ်ဘဲ အကြမ်းဖက်အဖွဲ့သာ ဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
2020-09-04
ရခိုင်ပြည်နယ်မြောက်ပိုင်း ဂူတာပြင်ကျေးရွာက မွတ်စလင်တွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး၊ စစ်ခုံရုံးရဲ့ စီရင်မှုတွေ ကို အတိအကျ ထုတ်မပြောနိုင်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။
2020-09-04
ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ ကိုအောင်မျိုးဝင်းကို ရက္ခိုင့်တပ်တော် AA ကို ငွေကြေးထောက်ပံ့မှုနဲ့ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၅ နှစ် မနေ့ကပဲ ချမှတ်လိုက်ပါတယ်။
2020-09-04
ရခိုင်နဲ့ ချင်းပြည်နယ် တိုက်ပွဲဒေသမှာ အင်တာနက်ပိတ်ပင်မှု ကန့်ကွက်လှုပ်ရှားခဲ့တဲ့ အသံအဖွဲ့က မောင်ဆောင်းခကို ငြိမ်းစုစီ ဥပဒေ ၁၉ နဲ့ ကျောက်တံတားမြို့နယ် တရားရုံးက ဒီကနေ့ ငွေဒဏ် ကျပ် ၃ သောင်း ချမှတ်လိုက်ပါတယ်။
2020-09-04
ဦးအယ်လ်ဖောင်းရှိုကို ဝန်ကြီးချုပ်ရာထူးကနေ ရပ်စဲလိုက်တဲ့ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်အပေါ် ကြိုဆိုကြသူတွေရှိပေမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဝေဖန်ထားပါတယ်။ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာလို့ တုံ့ပြန်လိုက်ပါတယ်။
2020-09-04
လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးချင်လို့ မဲရုံကိုရောက်လာတဲ့ မသန်စွမ်းတွေကို တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာတွေ အားလုံးက ဝိုင်းဝန်းကူညီပေးဖို့ မသန်စွမ်းသူများအရေး ဆောင်ရွက်နေသူတွေက တောင်းဆို လိုက်ပါတယ်။
2020-09-03
စက်တင်ဘာလ ၄ ရက်နေ့မနက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၂၂ ဦး နဲ့ သေဆုံးသူ တစ်ဦး ထပ်တိုးလာပါတယ်။
2020-09-03
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို က သူ့ကို ငွေကြေးအလွဲသုံးစားမှုနဲ့ ကယားပြည်နယ်လွှတ်တော်က ဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာဟာ တရားလိုက တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် တရားမျှတမှု မရှိပါဘူးလို့ RFA ကို ပြောပါတယ်။
2020-09-03
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို ငွေကြေးအလွဲသုံးစားမှု စွပ်စွဲချက်တွေနဲ့ ပြည်နယ်လွှတ်တော်က ဖြုတ်ချဖို့ ဆုံးဖြတ်ခဲ့တာဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတခုသာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီနေ့ညပိုင်းမှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
2020-09-03
စက်တင်ဘာလ ၃ ရက်နေ့ မနက် အစိုးရရဲ့ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ လူနာသစ် ( ၆၃ ) ယောက် ထပ်မံတွေ့ရှိလာပြီး ရောဂါပိုး ကူးစက်ခံရတဲ့ အတည်ပြုလူနာစုစုပေါင်းဟာ ၁၀၅၈ ဦးအထိရှိသွားပါပြီ။