သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-10
ကိုရိုနာဗိုင်းရပ်စ်တွေ့ရတဲ့ ပိုးမွှားစားလင်းနို့ အမျိုးအစားဟာ ရန်ကုန်မှာလည်းရှိပါတယ်။
2020-03-10
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ရဲ့ တိုက်ပွဲအတွင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ပွီဝုန်းရွာထဲကို လက်နက်ကြီးကျလို့ မတ် ၉ ရက်နေ့မှာ အရပ်သား နှစ်ယောက် သေဆုံးပြီး လေးယောက် ဒဏ်ရာရခဲ့ပါတယ်။
2020-03-09
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ မှန်ကန်ထိရောက် အောင် ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ နီးနီးကပ်ကပ် ညှိနှိုင်း လုပ်ဆောင်ဖို့ လိုအပ်ကြောင်း မနေ့ကကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ ဆွေးနွေးခဲ့ကြပါတယ်။
2020-03-09
လုပ်ငန်းခွင်မှာ ဘေးကင်းလုံခြုံဖို့နဲ့ တန်းတူအခွင့်အရေးရဖို့ ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီး အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။ မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တလျှောက် လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။
2020-03-09
ဒေသတခုမှာ သုံးလလောက်နေပြီးရုံနဲ့ အဲဒီဒေသမှာ မဲပေးခွင့်ရှိအောင် ပြင်ဆင်ထားတဲ့ ပုဒ်မ ၁၀(က) ကိုအလိုမရှိတဲ့အကြောင်း မြစ်ကြီးနားမြို့မှာ ကချင်အမျိုးသား ကွန်ဂရက်က ဒီနေ့ ဆန္ဒပြခဲ့တာပါ။
2020-03-09
စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ စာစစ်ဌာန ၂၀ ပိတ်ထားလို့ မြို့ပေါ်တက်ပြီး စာမေးပွဲဖြေဆိုရမယ့် ဆယ်တန်းကျောင်းသား၊ ကျောင်းသူတွေ အဆင်ပြေပါ့မလားဆိုတာ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားတွေက စိုးရိမ်နေကြပါတယ်။
2020-03-09
စစ်တွေကို ပုဏ္ဏားကျွန်းမြို့ကနေ ဆိုင်ကယ်နဲ့လာတဲ့ ပညာရေးဝန်ထမ်းတစ်ဦးကို မနေ့တုန်းက တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နောက်ကနေ လှမ်းပစ်ခတ်လို့ ဒဏ်ရာရရှိသွားပါတယ်။
2020-03-09
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ အမေးအဖြေလုပ်ခဲ့တဲ့ ရိုက်တာသတင်းဌာနနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကို တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားပါတယ်။
2020-03-08
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံမြောက်ပိုင်းက လူ ၁၆ သန်းကို အသွားအလာ ကန့်သတ်လိုက်ချိန်မှာ ရောဂါစဖြစ်ပွားတဲ့ တရုတ်နိုင်ငံရဲ့အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဘုရားပွဲတော်တွေကျင်းပတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2020-03-08
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုန်ကြမ်းပြတ်လပ်တယ်ဆိုပြီး ပိတ်လိုက်တဲ့ အထည်ချုပ် စက်ရုံတွေမှာ အမှန်တကယ်ကုန်ကြမ်း ပြတ်လပ်တာ ဟုတ်၊ မဟုတ် စောင့်ကြည်ဖို့ အလုပ်သမားအဖွဲ့ ၁၂ ဖွဲ့ပူးပေါင်းပြီး ကုန်ကြမ်းပြတ်လပ်မှု စောင့်ကြည့်ရေးအဖွဲ့ကို ဒီနေ့ မတ် ၈ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။
2020-03-08
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ သတင်းသမားနှစ်ယောက်ကို ၂၄ နာရီကျော်ကြာ ဖမ်းဆီးခဲ့ပြီး ရိုက်နှက်ခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ BGF အဖွဲ့ဝင် ငါးယောက်ကို အရေးယူထားတယ်လို့ ကရင်နယ်ခြားစောင့်တပ် BGF တာဝန်ရှိသူက ဒီနေ့ ပြောပါတယ်။
2020-03-08
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ အရပ်သားတွေ ဦးတည်တိုက်ခိုက်ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စစ်တွေမြို့မှာ မနေ့က မတ် ၇ ရက်နေ့က သံဃာတော်တွေ၊ ဒေသခံတွေက နိုင်ငံတော် အကြီးအကဲတွေနဲ့ ကုလသမဂ္ဂအဖွဲ့တွေထံ တင်ပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
2020-03-07
မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးက ၂၅ နှစ် အရွယ် အမျိုးသားဆရာဝန်တစ်ဦး နေမကောင်းဖြစ်ပြီး ကိုယ်အပူချိန် မြင့်တာလာတာကြောင့် ဒီနေ့မနက် ၂ နာရီမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတွေကို သီးသန့်ထားရှိရာ ကန်တော်နဒီဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။
2020-03-07
တပ်မတော်ပစ်ခတ်တဲ့ လက်နက်ကြီးကျလို့ ဘူးသီးတောင်မြို့နယ် ကင်းတောင် မွတ်စလင်ကျေးရွာက အရပ်သား အမျိုးသမီးနှစ်ဦး သေဆုံးတယ်လို့ လူမှုကွန်ယက်မှာ စာတင်ခဲ့တဲ့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကို တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်လိုက်ပါတယ်။
2020-03-07
ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် “သံလွင်မြစ်ကြောင်း စောင့်ကြည့်ရေးကွန်ရက်” က စောသာဘိုးကို ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်လိုက်ပါတယ်။