သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-03
တရုတ်နိုင်ငံ ရှန်းတုန်းပြည်နယ် ဝေ့ဟိုင်မြို့က စက်ရုံတွေမှာအလုပ်လုပ်နေတဲ့ အိမ်ပြန်ချင်တဲ့ မြန်မာတွေကို စက်ရုံကပြန်ခွင့်မပေးလို့ အခက်အခဲဖြစ်နေပါတယ်။ အဲဒီစက်ရုံတွေမှာ မြန်မာနိုင်ငံသားနှစ်ထောင်ကျော်ရှိပြီး အောင်လံမြို့နယ်က အယောက် ၁၅၀ ကျော် ပါဝင်ပါတယ်။
2020-03-03
တိုင်းပြည်လုံခြုံရေးကိုကာကွယ်ဖို့ တပ်မတော်က ဦးဆောင်ရမယ်ဆိုတဲ့ပုဒ်မကို ပယ်ဖျက်လိုက်ရင် ဆိုးကျိုးတွေ ကြုံရနိုင်တယ်လို့ တပ်မတော်သားကိုယ်စားလှယ်တွေ က ပြောလိုက်ပါတယ်။
2020-03-03
ရခိုင်မှာ အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ရက္ခိုင့်တပ်တော် (AA) အပေါ် တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်တွေကြောင့် အရပ်သားတွေ သေကြေထိခိုက်တာတွေ ပိုများလာနေတာကို တွေ့ရတယ်လို့ ထောက်ပြပြောဆိုမှုတွေ ရှိလာနေပါတယ်။
2020-03-03
ကိုရိုနာ ဗိုင်းရပ်စ် သံယရှိတဲ့ အနီးကပ်စောင့်ကြည့်လူနာ ငါးယောက်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတာ မရှိဘူးလို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ဒီနေ့ မတ် ၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။
2020-03-03
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက မြို့နယ် လေးခုမှာ ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ " ဝ " ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP က ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ပါတယ်။
2020-03-03
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်က တိုင်းပြည်အာဏာသိမ်းလိုက် ပြီးနောက် ပျောက်ဆုံးသွားခဲ့တဲ့ သီပေါစော်ဘွာ စဝ်ကြာဆိုင်အတွက် အမှန်တရားပေါ်ပေါက်ရေး တောင်းဆိုတဲ့ အခမ်းအနားတစ်ခုကို သီပေါမြို့မှာ ဒီကနေ့ ကျင်းပပါတယ်။
2020-03-02
NCA အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေဟာ လာမယ့်၂၁ ရာစုပင်လုံညီလာခံမှာ တင်ပြမယ့် ကိစ္စတွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
2020-03-02
စိုက်ပျိုးရေးကို အဓိက စီးပွားရေးအနေနဲ့ အားထားနေရတဲ့ မြန်မာနိုင်ငံမှာ လယ်ယာမြေသိမ်းဆည်းမှု ပြဿနာတွေ၊ လယ်သမားတွေ ဖမ်းဆီးတရားစွဲ အကျဉ်းချခံနေရတာတွေ၊ လွတ်လပ်စွာ စိုက်ပျိုးခွင့်နဲ့ ကြိတ်ခွဲ၊ သိုလှောင်၊ သယ်ယူ၊ ရောင်းချခွင့် အပြည့်အဝ မရှိသေးတာတွေဟာ နိုင်ငံရေးပြဿနာလိုပဲ မဖြေရှင်းနိုင်သေးတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။
2020-03-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို ပြောရေးဆိုခွင့် မပေးတော့ဘဲ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကပဲ ပါတီကိုယ်စားပြုဖြေဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် (CEC) အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
2020-03-02
Covid-19 လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ ပါဝင်တဲ့ Silver Spirit အပျော်စီးသင်္ဘောကို မြန်မာပိုင်နက်ထဲ ဝင်ခွင့်မပြုဖို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ပါတယ်။
2020-03-02
တပ်မတော်နဲ့ AA တို့ဖြစ်ခဲ့တဲ့ မြောက်ဦးမြို့နယ် မြောင်းဘွေရွာအနီး တိုက်ပွဲအပြီးမှာ အရပ်သား ၁၁ ယောက် သေဆုံးပြီး၊ အယောက် ၂၀ ဝန်းကျင်လည်း ပျောက်ဆုံးနေပါတယ်။
2020-03-02
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှာ လက်နက်ကြီးတွေကြောင့် နေအိမ် ၂၄ လုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
2020-03-02
အာဏာခွဲဝေမှုရှိတဲ့ ဖက်ဒရယ်စနစ်မျိုး အပါအဝင် ပြည်နယ်တွေမှာ အခြေခံဖွဲ့စည်း အုပ်ချုပ်ပုံ ရေးဆွဲပိုင်ခွင့်နဲ့ အုပ်ချုပ်ခွင့် စနစ်တွေပါဝင်တဲ့ ဖက်ဒရယ်အခြေခံမူ ဘုံသဘောတူညီချက် စာတမ်းတစ်စောင်ကို တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး ခေါင်းဆောင်တွေက ဖေဖော်ဝါရီ ၂၉ ရက်နေ့က လက်ခံသဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2020-03-02
တရုတ်နိုင်ငံ၊ စန်းတုံးပြည်နယ်၊ ဝေ့ဟိုင်မြို့၊ ပေ့ရွမ်ကုမ္ပဏီရဲ့ ပင်လယ်စာထုတ်လုပ်တဲ့ စက်ရုံမှာ ရောက်ရှိလုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက အလုပ်သမားတစ်ဦး ချောင်းဆိုးဖျားနာနေတဲ့အတွက် အလုပ်ရှင်က ဆေးရုံပို့လိုက်ပြီး တဲ့နောက် ပျောက်ဆုံးသွားခဲ့ပါတယ်။
2020-03-01
ကိုရိုနာစတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေ နေရပ်ပြန်ဖို့ ကြိုးစားရင်း ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။