သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-14
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ဖားကန့်မြို့နယ်မှာ အခုတလော အစိုးရတပ်နဲ့ ကေအိုင်အို တပ်တွေအကြား စစ်ရေးတင်းမာမှုတွေ များလာတာတွေကြောင့် ဒေသခံ လယ်သမားတွေ လယ်ယာလုပ်ငန်းမလုပ်နိုင်ကြဘူးလို့ သိရပါတယ်။
2016-08-14
ကျန်းမာရေးဝန်ထမ်းတွေကို မသက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေမှာ နေရာပြောင်းရွှေ့ တာဝန်ပေးတာတွေ မလုပ်ဖို့နဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အခွင့်အလမ်း အပြည့်အဝရရှိဖို့တို့ကို ပြည် သူ့ကျန်းမာရေးဝန်ထမ်း ၁ဝဝ ကျော်က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2016-08-14
ပြည်နယ်နဲ့ တိုင်းဒေသကြီး ၈ ခုမှာ ရေဘေးကြောင့် လူ ၈ ဦး သေဆုံး ပြီး ရေဘေးဒုက္ခသည် ၄ သိန်းကျော် ရှိခဲ့ပေမယ့် အရေးပေါ် အခြေအနေကြေညာရမယ့် ဥပဒေအချက်အလက်တွေနဲ့ မကိုက်ညီတဲ့အတွက် အရေးပေါ်အခြေအနေ မကြေညာ တာဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေ ရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောလိုက်ပါတယ်။
2016-08-14
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ မနက်ဖြန်ကျင်းပ မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို တက်ရောက် မှာဖြစ်ပြီး ကျန်းမာရေး အခြေအနေ ကောင်းမွန်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိသားစုဆရာဝန်ဖြစ်တဲ့ ဒေါက်တာ တင်မျိုးဝင်း က ပြောပါတယ်။
2016-08-14
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ချော်တွင်း ကုန်း မီးပွိုင့်ထောင့်က လူမှုဝန်ထမ်းကယ် ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပိုင်မြေပေါ် မှာ ဆောက်လုပ်ထားတဲ့ ဆိုင်ခန်း ၂၀ ကို ဒီနေ့မနက်က စည်ပင် နဲ့ ရဲဝန်ထမ်း ၂၀၀ လောက်နဲ့ ဖယ်ရှားလိုက်ပါတယ်။
2016-08-14
အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဖော်ဆောင်တဲ့ အရေး ကိစ္စတွေကို အားပေးကူညီသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောပါတယ်။
2016-08-14
ရှမ်းပြည်နယ် တောင်ကြီးမြို့က နှစ်ရှည် ထင်းရှူးပင်တွေရှိတဲ့ မြေနေရာမှာ ပြည်နယ်လွှတ်တော် အဆောက်အအုံအသစ် ဆောက်လုပ်မယ့်ကိစ္စ ကို ဒေသခံတွေက ကန့်ကွက်နေတဲ့အတွက် အဲဒီမြေနေ ရာမှာ ဆောက်လုပ်မယ့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ကြောင်း ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံး ဆိုင်က ပြောပါတယ်။
2016-08-14
လယ်ယာစိုက်ခင်းတွေနဲ့ ဆက်စပ်နေ တဲ့ တောတောင်တွေအနီးမှာ မိုင်းတွေ မထောင်ဖို့ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ ဒေသခံတောင်သူ တစ်ထောင်ကျော်က ဒီကနေ့ဆန္ဒပြ တောင်းဆိုလိုက်ပါတယ်။
2016-08-13
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပဖို့အတွက် နိုင် ငံရေးဆွေးနွေးပွဲ မူဘောင်ကို ပြန်လည်သုံးသပ်တဲ့ အစည်းဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ဒီနေ့ ၃ ရက်မြောက်နေ့အဖြစ် ဆက်လက်ကျင်းပခဲ့ပါတယ်။
2016-08-13
စစ်ကိုင်းတိုင်းလွှတ်တော်ရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်တွေဟာ ဆားလင်း ကြီးမြို့နယ်က မိုးကြိုးဆာလဖျူလ်ရစ်အက်ဆစ် စက်ရုံကို မနေ့က သွားရောက်စစ်ဆေးပြီး လာမယ့် စက်တင်ဘာလမှာ လွှတ်တော်ဥက္ကဌထံ အစီရင်ခံ စာ တင်သွင်းမှာဖြစ်ပါတယ်။
2016-08-13
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် နဲ့ နန်းယွန်းမြို့နယ်မှာ ဝက်သက်ရောဂါအပါအဝင် ရောဂါ ၅မျိုး ဖြစ်ပွားနေပြီး သွားလာရခက်ခဲတဲ့အတွက် ဆရာဝန်တွေ မရောက်နိုင်ပဲ ရောဂါထိန်းချုပ်လို့ မရဘဲ ဖြစ်နေတယ်လို့ အဲ့ဒီဒေသကို ကူညီဆောင်ရွက်နေတဲ့ နာဂအမျိုးသားရေးရာကောင်စီ ပြန်ကြားရေးတာဝန်ခံ ကိုကဲယုန်းက ပြောပါတယ်။
2016-08-13
ဒီနေ့ ကျရောက်တဲ့ ၄၉ နှစ်မြောက် ဆန်ပြဿနာအရေး အခင်းဝမ်း နည်းအောက်မေ့ဖွယ် အခမ်းအနားတွေကို ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ မောင်တော နဲ့ တခြားမြို့နယ် တွေမှာ ကျင်းပခဲ့ပါတယ်။
2016-08-13
၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ပင်လုံညီလာခံ ကျင်းပပြီးစီးသွားတဲ့နောက် ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပသွားမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။
2016-08-13
ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်က ဒေသခံတွေရဲ့ နစ်နာမှုတွေ ကို လျော်ကြေးပေးဖို့အတွက် ရခိုင်ပြည်နယ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ ကွင်းဆင်းစိစစ်ရေးအဖွဲ့ဟာ ဒီနေ့ကစပြီး စိစစ်မှုတွေ ဆောင်ရွက်နေပါတယ်။
2016-08-13
မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်းတွေ မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ် သမားတွေကို ပြန်လည်ခေါ်ယူဖို့အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက လေယာဉ်စရိတ် ထောက်ပံ့ပေး သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြော ပါတယ်။